Friday, July 18, 2014

Facebook Policy အကြောင်း

Facebook အကောင့် ၀င်မရတဲ့ ပြဿနာ ခုတစ်လောမှာ Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈၀ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။ ၁။ Friend Request လက်တလော Facebook တွင် အထူးရှောင်ရှားရမည့်
လုပ်ဆောင်ချက်များ Friend Request လုပ်တိုင်း ဒီတစ်လော ပြန်မေးတဲ့ မေးခွန်းက သင့် သိလို့လား၊ သိတဲ့သူမှ Add ပါဆိုတာမျိုး ဖြစ်ပါတယ်။ တစ်ခါခါဆို Request Send လို့မရပဲ အထက်ပါကဲ့သို့ စာများသာ ပေါ်ပေါ်လာမှာ ဖြစ်ပါတယ်။ Request Send လို့ရလည်း တစ်ရက်ကို ၂ ယောက်၊ ၃ ယောက်ထပ် ပို မ Add သင့်ပါ။ အဲဒီထက် Add ပြီဆိုရင်တော့ Friend Request လုပ်ခြင်း ၂ ရက်ပိတ်ပါတယ် လို့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လည်း ပိတ်ပါတယ်။ တစ်ခါတစ်လေ ၅ ယောက်လောက် Add ပြီးရင် ပေါ်တတ်ပါ တယ်။ Safe အဖြစ်ဆုံး Add နည်းကတော့ ဘေးမှာ Suggest Friend အောက်က ပေးတဲ့ List ကနေ Add တာအကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်တိုင် Search Bar မှာ ရှာပြီး အခြားလူတစ်ယောက်ကို Add မယ်ဆိုရင် အထက်ပါ ပြဿနာကြုံတွေ့နိုင်ပါတယ်။ ၂။ Comment တစ်ခါခါ Comment ပေးလို့မရတာ ကြုံရတတ်ပါတယ်။ Comment ပေးလိုက်တိုင်း သင်ပေးတဲ့ Comment ဟာ Spam သို့မဟုတ် အခြား လူတစ်ဦးတစ်ယောက်ကို Personal အရတိုက်ခိုက်ခြင်း မဖြစ်စေရ ဆိုတဲ့ Warning မျိုးပေါ်တတ်ပါတယ်။ အချို့ က ပေါ်ယုံမကပဲ Comment ပါပေးလို့မရတော့ပါဘူး။ အဲဒီလိုအချိန်ကျရင် Comment မပေးသင့်တော့ပါ။ ယာယီမျှသာ block လုပ်ခြင်းဖြစ်ပြီး နောက်နေ့မှ အရင်လို ပြန်ဖြစ်ပါတယ်။ ၃။ Message Message ပို့တာ အင်မတန် သတိထားရပါမယ်။ လက်ရှိ ပြောင်းလဲနေတဲ့ Policy ကြောင့် Facebook က မတ်ဆေခ်ျ့  ပို့ခွင့် ယာယီ ပိတ်ပင်တတ်ပါတယ်။ အဲဒီအချိန်ကျ ဘယ်လောက်အရေးကြီးကြီး ယင်း Facebook အကောင့်ကနေ Message မပို့တော့ပဲ အခြား အကောင့်များဖြင့်သာ Message ပို့သင့်ပါတယ်။ ၄။ Link Blog နဲ့ Facebook ဆက်စပ်မှု ရှိပါတယ်။ ဆက်စပ်ပုံကတော့ Facebook မှာ Blog ကို သိပ် recommend မပေးပါဘူး။ Fan Page များ အထူးသတိထားရပါမယ်။ Post တင်တိုင်၊ Chat တိုင်း မိမိ Blog ကို ဝင်ကြည့်စေလိုတဲ့အခါ Link လေးတွေ ပေးတတ်ကြပါတယ်။ အဲဒီလိုပေးတဲ့အခါ Facebook က Check box ပေါ်လာပြီး လူလား၊ ကွန်ပျူတာလား သိအောင် စာတွေ Box ထဲမှာ ရိုက်ခိုင်းပါတယ်။ မှန်အောင်ရိုက်ပြီး အသုံးပြုမယ်ဆိုရင် အဆင်ပြေပေမယ့် သုံးလေးခါ မက မှားပြီဆိုရင် အကောင့် Lock ကျသွားပါမယ်။ -- အထက် ဖော်ပြပါ အချက်များအတိုင်း အဆင်ပြေပြေ အသုံးပြုသွားရင်ရပေမယ့် Friend Request ကို ၄၊ ၅ဦးထက်မနည်း ပေးမယ် ။Comment ဇွတ်ပေးမယ် ။Message မပို့ပါနဲ့လို့ တားထားတဲ့ ကြားက ဇွတ်ပို့မယ်။ Link တင်တိုင်း အက္ခရာ တွေကို မှန်အောင် မရိုက်ထည့်နိုင်ဘူး… စသည်ဖြင့် အားလုံး (သို့မဟုတ်) တစ်ခုခုကို ပြုလုပ်မိရင် အကောင့် ကြိမ်းသေ Lock ကျသွားမှာ ဖြစ်ပါတယ်။ Log in ပြန်ဝင်ခိုင်းပြီး Log in ဝင်ပြီးနောက် ထပ်ကျလာမှာကတော့ Check Point ဆိုပြီး ဖုန်းနံပါတ် တောင်းပါတယ်။ ဖုန်းနံပါတ် ဖြည့်ခိုင်းခြင်း ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းနံပတ်ကို ဖြည့်ပြီး သူက Code နံပါတ်ကို Message ပို့ပေးတယ်ဆိုပါတယ်။ ယင်းရတဲ့ Code နဲ့ အကွက်လေးထဲမှာ ပြန်ဖြည့်ရင် အကောင့်ပြန်ရတယ် လို့ဆိုပါတယ်။ အခြားနိုင်ငံများမှာ အဆင်ပြေပေမယ့် မြန်မာပြည်က ဖုန်းနံပါတ်များနဲ့ တော့ အဆင်ပြေတာ ရှားနေပါတယ်။ အချို့ ကျတော့ မိမိဖုန်းနံပါတ် ရိုက်ပြီး Message ပို့တယ်ပြောပါတယ်။ အချို့ ကျတော့ Voice call ကလစ်နှိပ်ပြီး ခေါ်မှာ ရတယ်လို့ဆိုပါတယ်။ လက်ရှိ တွေ့ကြုံရသူ တစ်ဦးကတော့ ယခုချိန်ထိ ပြန်မရသေးပါဘူး။ ဖုန်းနံပါတ်ကို ဟန်းဖုန်းဖြစ်ရင် 9ထပ်ဖြည့်ရိုက်ရပါတယ်။ သို့ပေမယ့် Message လည်းမရ၊ voice call လည်းမရသောကြောင့် အကောင့်ဟာ ယာယီပိတ်သွားတာလား၊ အပြီးပိတ်သွားတာလားကတော့ Facebook Admin များသာ သိရှိမှာ ဖြစ်ပါတယ်။ အကောင့် Lock ကျပြီး ပြန်ရဖို့ကြိုးစားရတာကနောက်မှ ကြိုတင် ဆင်ခြင်ထားတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လက်တလော ပြောင်းလဲနေတဲ့ Facebook Policy ကြားမှာ စာဖတ်သူတို့အကောင့် မပျက်ရန် တိုက်တွန်း ရေးသားမျှဝေ လိုက်ရပါတယ်။ ----

No comments: