Friday, July 18, 2014

မြတ်ဗုဒ္ဓ၏ စက်လက္ခဏာတော် ( ၁၀၈ )ကွက်

"မြတ်ဗုဒ္ဓ၏ ကြည်ညိုဖွယ်ရာ (၁၀၈)ကွက် စက်လက္ခဏာတော်" ဓမ္မ၀ီရ အရှင်တေဇနိယ / 300 days ago            ဗုဒ္ဓဘုရားရှင်တော်မြတ်၏ အတုမရှိထူးခြားမွန်မြတ်လှသည့် ခြေတော်ရာတို့ကို “စက္ကေနင်္ကိတ ပါဒလက္ခဏာတော်”ဟူ၍လည်းကောင်း၊”စက်တော်ရာ၊စက်လက္ခဏာတော်”ဟူ၍လည်းကောင်းခေါ်ဆိုကြပါသည်။ယင်းခြေတော်ရာသည် ဗုဒ္ဓြ့မတ်စွာ၏ခြေဖ၀ါးတော်အပြင်တို့တွင် အကန့်တစ်ထောင်၊ အ ကွပ်တံကူ(အနားရေး၊နခမ်းသတ်) ပုံတောင်ဗဟိုချက်မနှင့် (၁၀၈)ကွက် စက်လက္ခဏာတော်တို့နှင့် တင့်တယ်စွာပါရှိလေ၏။           ဗုဒ္ဓမြတ်စွာ၏ပါရမီတော်ကြောင့်ဖြစ်ပေါ်လာသော ထို(၁၀၈)ကွက်စက်လက္ခဏာ ခြေတော်ရာ တို့၏တန်ခိုးတော်ကြောင့်
ဗုဒ္ဓမြတ်စွာကြွချီတော်မူရာအရပ်ဒေသများမှ မြေသားတို့သည် နှိမ့်ခြင်း၊ မောက်ခြင်း၊ချိုင့်ဖြစ်ခြင်း၊မရှိတော့ပဲ မြေအပြင်သည် ဗုဒ္ဓမြတ်စွာကြွတော်မူရာလမ်းတလျှောက်တွင် သူ့အလိုအလျှောက် ညီညာပြန့်ပြူးကြလေ၏။ မြေသားနိမ့်သောအရပ်သည် မြေသားများမြင့် တက်လာပြီး၊ မြင့်မောက်သောအရပ်သည်လည်း မြေသားတို့သည် ညီညာချောမွေ့လာပြီး၊လမ်းတစ်လျှောက်ရှိ အမိုက်သရိုက်၊အညစ်အကြေးမှန်သမျှတို့သည် ဗုဒ္ဓမြတ်စွာမကြွမှီကပင် အဝေးသို့လွှင့်ပျောက် ကြကု န်၏။           ဗုဒ္ဓမြတ်စွာသည် ထိုသို့ကြွတော်မူသော်လည်း ဗုဒ္ဓမြတ်စွာ၏ခြေတော်အစုံမှ ခြေရာတော်လုံး ၀ထင်ကျန်မနေရစ်ခဲ့ပေ။ ကြွတော်မူရာနေရာတိုင်းတွင် ဗုဒ္ဓမြတ်စွာ၏ခြေတော်ရာများထင်ကျန်နေရစ် ပါက သတ္တ၀ါတို့သည် ထိုခြေတော်ရာတို့ကို ကျော်ခွခြင်း၊ နင်းလျှောက်ခြင်းစသည်တို့ပြုသည်အခါ အကု သိုလ်အပြစ်ဖြစ်မည်ကို သနားတော်မူသောကြောင့် ကြွတော်မူရာလမ်းတစ်လျှောက်တွင် ခြေတော်ရာ မထင်ကျန်ရစ်စေရန် တန်ခိုးတော်ဖြင့် အဓိဋ္ဌာန်းပြုကြွတော်မူသောကြောင့် ခြေရာတော်များ မထင် ကျန်ရစ်ခြင်းဖြစ်၏။ထို့အပြင် ဗုဒ္ဓမြတ်စွာသည် အလွန်နူးညံ့ခြင်းနှင့် အားကြီးတော်မူခြင်းကြောင်းလည်း ခြေတော်ရာမထင်ဖြစ်ဖြစ်၏။ “လူ၊နတ်၊နဂါး၊အစရှိသောသူတို့သည် ခြေတော်ရာကို ပူဇော်ကြည်ညိုလို သည့်အတွက် တောင်းပန်လျှောက်ထားသောအခါ” ကုသိုလ်အကျိုးရည်မျှော်ကိုး၍ (၁၀၈)ကွက်စက်လ က္ခဏာတော်နှင့် ပြည့်စုံတော်မူသည့် ခြေတော်ကိုချထားတော်မူလေ့ရှိ၏။           ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ခြေတော်ရာချထားတော်မူသဖြင့် ခြေတော်ရာ ထင်ကျန်တော်မူ ရစ်သည့် ပါဒခြေတော်ရာစေတီတော် (၉)ဆူရှိကြောင်းကို ဓမ္မကျမ်းဂန်တို့တွင် တွေ့ရှိရပါသည်။ ထိုပါဒ ခြေတော်ရာ(၉)ဆူတို့မှာ- (၁) ဒေါဏပုဏ္ဏာကြီး၏ အကျိုးအတွက် ချထားတော်မူခဲ့သော “ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့”တို့၏အကြားတွင် ချထားတော်မူခဲ့သည့် ပါဒစေတီတော်တစ်ဆူ” (၂) မာဂဏ္ဍီပုဏ္ဏားဇနီးမောင်နှံတို့၏ အကျိုးအတွက် ချထားတော်မူခဲ့သော “ကမ္မာသဒနိဂုမ်းရွာကြီးနှင့် တောအုပ်အကြား”တွင်ချထားတော်မူခဲ့သည့် ပါဒစေတီတော်တစ်ဆူ။ (၃) ကုက္ကဋမိတ္တမုဆိုးသားအဖတို့၏ အကျိုးအတွက် ချထားတော်မူခဲ့သော “ရာဇဂြိုဟ်မြို့တော်အနီးတော်အုပ်အတွင်း” မှာ ချထားတော်မူခဲ့သည့် ပါဒစေတီတော်တစ်ဆူ။ (၄) အဇိတရသေ့နှင့် နောက်ပါရသေ့အများအကျိုးအတွက် ချထားတော်မူခဲ့သော “သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်းတိုက်တော်အတွင်ရှိ ဗုဒ္ဓမြတ်စွာသီတင်းသုံးတော်မူရာဂန္ဓကုဋီကျောင်းတော်”အနီးတွင် ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ်ဆူ။ (၅) အရှင်သာရိပုတ္တရာအလောင်း၏ အကျိုးအတွက်ချထားတော်မူခဲ့သော “ဟိမ၀န္တာတောင်ဝှမ်းအတွင်း” ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ်ဆူ။ (၆) နမ္မဒါ နဂါးမင်းမှ ပူဇော်ကိုးကွယ်ကြည်ညိုရန်အတွက် တောင်ပန်လျှောက်ထားသဖြင့်”သုနာပရန္တတိုင်း၊ နမဒါမြစ်ကမ်းအနီး (ယခု-မြန်မာနိုင်ငံ၊မကွေးတိုင်း၊မင်းဘူး-စကုမြို့နယ်၊မန်းစက်တော်ရာ-ရွှေစက်ရာ”တွင် ထာဝရပူးဇော်နိုင်ရန်ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ်ဆူ။ (၇) သစ္စာဗန္ဓရဟန္တာမထေရ်မြတ်မှ တောင်းပန်လျှောက်ထားသဖြင့် “သစ္စာဗန္ဓတော်ပေါ် ကျောက်ဖြာထက်တွင်” ထာဝရပူဇော်နိုင်ရန်ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ်ဆူ။ (၈) သုမနနတ်မင်းမှ တောင်းပန်လျှောက်ထားသဖြင့် “သီဟိုဠ်ကွန်(ယ္ခု) သီရိလင်္ကာနိုင်ငံ၊သမန္တကူဋ သုမနတောင်တော်ပေါ်”တွင် ထာဝရပူဇော်နိုင်ရန် ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ်ဆူ ထိုပါဒခြေတော်ရာ (၈)ဆူတို့တွင် ရှေ့(၅)ဆူတို့သည် မြင်တော်မူလိုသည့် ဆိုင်ရာသူများဖူးမြင်ပြီး အကျိုးရရှိပြီးသောအခါတွင် အလိုအလျှောက်ပျောက်ကွယ်သွားပြီး၊ နောက်ဆုံး (၃)ဆူကိုသာ လူ၊နတ်ဗြဟ္မာသတ္တာတို့ အစဉ်အမြဲ ကုသိုလ်တော်ယူ ဖူမြော်ကြည်ညိုနိုင်ရန် ထာဝရထင်ကျန်ရစ်အောင် ချထားတော်မူခြင်းဖြစ်ပါသည်။           ဗုဒ္ဓမြတ်စွာ၏ အံ့သြကြည်ညိုဖွယ်ရာ (၁၀၈)ကွက်သော စက်လက္ခဏာတော်တို့ကို စာဖတ် ပရိဿတ်တို့အား ဗဟုသုတတိုးပွား ကုသိုလ်များစေရန်အတွက် အကျဉ်းမျှ ရေးသားပူဇော်ပါမည်။ ထိုစက်လက္ခဏာတော် (၁၀၈)ပါးတို့မှာ-           (၁) သတ္တိ             = လှံမပုံတော်         (၂) ဆီရိဝစ္ဆ          = ကျက်သရေတိုက်တော် (အိမ်မွန်တော်)ပုံ         (၃) နန္ဒိယာဝဋ္ဋ               = ဇာလပ်ပန်းသဏ္ဍာန်ကလာပ်တော်ပုံ (၄) သောဝတ္ထိက     = လည်ရေးသုံးဆင့်တော်ပုံ (၅) ၀ဋံသကာ                = ဦးဆောက်ပန်းတော်ပုံ (၆) ထမင်းပွဲပုံတော် (သို့) ယောင်္ကျားတဦးက အခြားတဦးကိုထမ်းသည့်ပုံတော် (ရ) ဘဒ္ဒပိဋ္ဌ           = ရွှေအင်းပျဉ် (သို့) ရွှေသလွန်တော်ပုံ (၈) အင်္ကုသ          = ရွှေချွန်းတောင်းပုံတော် (၉) ပါသာဒ          = ရွှေပြာသာဒ်ပုံတော် (၁၀) တောရဏ      = တံခါးတိုင်(သို့) တံတိုင်းပုံတော် (၁၁) သေတစ္ဆတ္တ    = ထီးဖြူတော်ပုံ (၁၂) ခဂ္ဂ             = သန်လျက်ပုံတော် (၁၃) တာရ၀ဏ္ဍ      = ထန်းရွက်ယပ်ဝန်းတော်ပုံ (၁၄) မယုရဟတ္ထ    = ဥဒေါင်းမြီးယပ်ပုံတော် (၁၅) ဥဏှိသ         = သင်းကျစ်တော်ပုံ (၁၆) ပတ္တမြားကျောက်မျက်ရတနာပုံတော် (၁၇) အရောင်တဖိတ်ဖိတ်လက်သော သပိတ်တော်ပုံ (၁၈) မြတ်လေးပန်းဆိုင်း (သို့)မုလေးပန်းဆိုင်းပုံတော် (၁၉) ကြာညို (ကြာပြာ) ပုံတော် (၂၀) ကြာနီးပုံတော် (၂၁) ကြာဖြူပုံတော် (၂၂) ပဒုမ္မာကြာပုံတော် (၂၃) ပုဏ္ဍရတ်ကြာ ပုံတော် (၂၄) ရေပြည့်အိုး ပုံတော် (၂၅) ရေပြည့်ဖလားပုံတော် (၂၆) မဟာသမုဒ္ဒရာပုံတော် (၂၇) စကြာဝဠာတော် ပုံတော် (၂၈) ဟိမ၀န္တာတောင် ပုံတော် (၂၉) မြင့်မိုရ်တောင် ပုံတော် (၃၀) နေ၀န်း ပုံတော် (၃၁) လ၀န်း ပုံတော် (၃၂) နက္ခတ်၊တာရာများ ပုံတော် (၃၃) ကျွန်းငယ်အရံ နှစ်ထောင်နှင့်တကွသော အရှေ့ကျွန်း ပုံတော် (၃၄) ကျွန်းငယ်အရံ နှစ်ထောင်နှင့်တကွသော အနောက်ကျွန်း ပုံတော် (၃၅) ကျွန်းငယ်အရံ နှစ်ထောင်နှင့်တကွသော မြောက်ကျွန်း ပုံတော် (၃၆) ကျွန်းငယ်အရံ နှစ်ထောင်နှင့်တကွသော ဇမ္ဗူဒိပ် (တောင်) ကျွန်း ပုံတော် (၃၇) အခြွေအရံပရိဿတ်၊ ရတနာခုနှစ်ပါးနှင့်ပြည့်စုံသော စကြ၀တေးမင်း ပုံတော် (၃၈) လက်ယာရစ် ခရုသင်းဖြူ ပုံတော် (၃၉) ရွှေငါးကြင်း အစုံ ပုံတော် (၄၀) စက်လက်နက် ပုံတော် (၄၁) ဆားငံသမုဒ္ဒရာ ပုံတော် (၄၂) ကြံရည်အဆင်းရှိသော သမုဒ္ဒရာ ပုံတော် (၄၃) သေရည်အဆင်းရှိသော သမုဒ္ဒရာ ပုံတော် (၄၄) အမှုခပ်သိမ်းပြီးစေသော သမုဒ္ဒရာပုံတော် (၄၅) နို့ဓမ်းအဆင်းရှိသော သမုဒ္ဒရာပုံတော် (၄၆) နို့ရည်အဆင်းရှိသော သမုဒ္ဒရာပုံတော် (၄၇) ရေချိုသမုဒ္ဒရာ ပုံတော် (၄၈) ယုဂန္ဓတောင် ပုံတော် (၄၉) ဤသဓတောင် ပုံတော် (၅၀) ကရ၀ိကတောင် ပုံတော် (၅၁) သုဒဿနတောင် ပုံတော် (၅၂) နေမိန္ဓတောင် ပုံတော် (၅၃) ၀ိနတကတောင် ပုံတော် (၅၄) အဿကဏ္ဏ တောင်ပုံတော် (၅၅) အနောတတ္တရေအိုင် ပုံတော် (၅၆) ကဏ္ဏမုဏ္ဍရေအိုင် ပုံတော် (၅၇) ရထကာရ ရေအိုင်ပုံတော် (၅၈) ဆန္ဒန္တရေအိုင် ပုံတော် (၅၉) ကုဏာလရေအိုင် ပုံတော် (၆၀) မဏ္ဍကိနီရေအိုင် ပုံတော် (၆၁) သီဟပ္ပပါတ ရေအိုင်ပုံတော်  (၆၂) ဂဠုန်ငှက်မင်း ပုံတော် (၆၃) မိကျောင်းမင်း ပုံတော် (၆၄) တံခွန်လျားပုံတော် (၆၅) တံခွန်ကုက္ကား ပုံတော် (၆၆) ရတနာသံလျင်း ပုံတော် (၆၇) ရွှေစာမရီသားမြီးယပ်တောင် ပုံတော် (၆၈) ကေလာသငွေတောင် ပုံတော် (၆၉) ခြင်္သေ့မင်း ပုံတော် (၇၀) ကျားမင်း ပုံတော် (၇၁) ၀လာဟကမြင်းမင်း ပုံတော် (၇၂) ဥပေါသထ ဆဒ္ဒန္တဆင်းမင်း ပုံတော် (၇၃) ဗာသုကီ နဂါးမင်းပုံတော် (၇၄) ရွှေဟင်္သာမင်း ပုံတော် (၇၅) ဥသဘနွားမင်း ပုံတော် (၇၆) ဧရာဝဏ်ဆင်းမင်း ပုံတော် (၇၇) ရွှေမကာရ်း ပုံတော် (၇၈) မုခ်ထွဋ်လေးခုရှိသော ရွှေလှေပုံတော် (၇၉) ဗြဟ္မာမင်း ပုံတော် (၈၀) နွားသားအမိ ပုံတော် (၈၁) ကိန္ဒရာ၊ ကိန္ဒရီ အဖိုအမ ပုံတော် (၈၂) ကရ၀ိတ်ငှက်မင်း ပုံတော် (၈၃) ဥဒေါင်းမင်း ပုံတော် (၈၄) ကြိုးကြာငှက်မင်း ပုံတော် (၈၅) စက္က၀ါက် ငှက်မင်းပုံတော် (၈၆) ဇီဝဇိုဝ်း ငှက်မင်းပုံတော် (၈၇) စတုမဟာရာဇ်နတ်ဘုံ ပုံတော် (၈၈) တာဝတိံသာနတ်ဘုံ ပုံတော် (၈၉) ယာမာနတ်ဘုံ ပုံတော် (၉၀) တုသိတာနတ်ဘုံ ပုံတော် (၉၁) နိမ္မာနရတီနတ်ဘုံ ပုံတော် (၉၂) ပရနိမ္မိတ၀သ၀တ္တီနတ်ဘုံ ပုံတော် (၉၃) ပါရိသဇ္ဇာ ဗြဟ္မာဘုံပုံတော် (၉၄) ပုရောဟိတ ဗြဟ္မာဘုံပုံတော် (၉၅) မဟာ ဗြဟ္မာဘုံပုံတော် (၉၆) ပရိတ္တာဘာ ဗြဟ္မာဘုံပုံတော် (၉၇) အပ္ပမာဏာဘာ ဗြဟ္မာဘုံပုံတော် (၉၈) အာဘဿရာ ဗြဟ္မာဘုံပုံတော် (၉၉) ပရိတ္တသုဘာ ဗြဟ္မာဘုံပုံတော် (၁၀၀) အပ္ပမာဏာသုဘာ ဗြဟ္မာဘုံပုံတော် (၁၀၁) သုဘကိဏှာ ဗြဟ္မာဘုံပုံတော် (၁၀၂) ဝေဟပ္ဖလာ ဗြဟ္မာဘုံပုံတော် (၁၀၃) အသညသတ္တာ ဗြဟ္မာဘုံပုံတော် (၁၀၄) အ၀ိဟာ ဗြဟ္မာဘုံပုံတော် (၁၀၅) အတပ္ပါ ဗြဟ္မာဘုံပုံတော် (၁၀၆) သုဒဿာ ဗြဟ္မာဘုံပုံတော် (၁၀၇) သုဒဿီ ဗြဟ္မာဘုံပုံတော် (၁၀၈) အကနိဋ္ဌာ ဗြဟ္မာဘုံပုံတော် အထက်ဖော်ပြပါ (၁၀၈)ကွက်သော ဗုဒ္ဓမြတ်စွာ၏ စက်လက္ခဏာတော်ခြေတော်ရာတို့သည် ရေတွက်ပြရုံ၊ အကျဉ်းချုပ်မျှသာဖြစ်၏။ စက်လက္ခဏာတော်တစ်ခုချင်းဆီ၌ ဆိုင်ရာအဓိပ္ပါယ်များရှိကြပါ သည်၊၄င်းအဓိပ္ပါယ်အကျယ်အားရေးသားဖော်ပြရလျှင် ကျမ်းတစ်ဆောင်ပေတဖွဲ့ရေးသားမှသာ ပြည့်စုံပါ လိပ်မည်။           ဗုဒ္ဓမြတ်စွာ၏ (၁၀၈)ကွက် စက်လက္ခဏာတော်တို့ကိုအာရုံယူပူဇော်ကြသူတို့အား  အခြံအရံ၊ မိတ်ကောင်းဆွေကောင်း၊ ဆွေမျိုးသားချင်းပေါများခြင်း၊ လောကခရီးများဖြစ်သည့် ကုန်းလမ်း၊ လေလမ်း၊ရေလမ်းတို့တွင် ဖြောင့်ဖြူသာယာအန္တရာယ်ကင်းခြင်း၊သံသရာခရီးတွင်လည်း အပါယ်မကျ၊ သုဂတိဘုံဘ၀များ၌သာ ကျင်လည်ရခြင်း၊ ရုပ်ရည်ရူပါအဆင်း တင့်တယ်လှပရှုချင်စဖွယ်ခြင်း၊ ခေါင်းေ ဆာင်ဦးမြတ်ဖြစ်ရခြင်း၊ နောက်ဆုံးဘ၀တွင် အာသဝေါကင်း နိဗ္ဗာန်ရောက်ရှိနိုင်ခြင်းစသည့် အကျိုးထူး တရားများ ရရှိနိုင်ပါသည်။           ဗုဒ္ဓမြတ်စွာ၏ စက်လက္ခဏာတော်မြတ်အား ရှိခိုးပူဇော်ခြင်းဖြင့် ကုသိုလ်အကျိုးထူးများနိုင်ကြေ စရန်အတွက် “ပုံတော်မှသည်-ဂုဏ်တော်ဆီသို့ ”အားရုံပြုပူဇော်ကြပြီး ပစ္စုပ္ပန်၊သံသရာ၊လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးထူးတရားများရရှိကြ၍ “မိမိ၏အကျိုး၊ အမျိုးဘာသာ၊သာ သနာတော် ၏အကျိုး၊သည်ပိုးဆောင်ရွက်နိုင်ကြသည့်၊ တန်ဖိုးမြင့်၊တန်ဘိုးရှိ၊လူတော်လူမွန်၊ဒကာ၊ ဒကာမ များဖြစ်ကြပါစေဟု ဆုတောင်မေတ္တာပြုလိုက်ရပါသည်။”           ဓမ္မ၀ီရ အရှင်တေဇနိယ ဗုဒ္ဓဂယာ၊ အိန္ဒိယ Visit website

No comments: