Sunday, July 13, 2014

*** ပိဋကတ်သုံးပုံ ဆိုသည်မှာ အဘယ်နည်း? ***

ပိဋကတ်သုံးပုံ ဆိုသည်မှာ*****
ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော်(ဗုဒ္ဓဝစန)
များကို ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသားမှတ်တမ်း
တင်ခဲ့သော စာပေများကို ခေါ်ပါသည်။

တနည်းအားဖြင့် ဝိနည်း ပိဋကတ်| အဘိဓမ္မ ပိဋကတ် နှင့်
သုတ္တန္တ ပိဋကတ် ဟူသော သုံးမျိုးကို ခေါ်ဆိုပါသည်။



ဝိနည်း ပိဋကတ် မှာ ဝိနည်း( ၅ )ကျမ်း
အဘိဓမ္မ ပိဋကတ်မှာ အဘိဓမ္မ( ၇ )ကျမ်း
သုတ္တန္တ ပိဋကတ်မှာ ထိုမှကြွင်းသော ဗုဒ္ဓစကားတော်များကို
သုတ္တန္တ ပိဋကတ်၌ ထည့်သွင်းပါသည်။( ၃၇ )ကျမ်းရှိသည်။
စုစုပေါင်း( ၄၉ )ကျမ်းဖြစ်သည်။

ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာ အရေအတွက်အားဖြင့်
သုတ္တန္တ ပိဋကတ်တွင် ( ၂၁၀၀၀ )
ဝိနည်း ပိဋကတ်တွင် ( ၂၁၀၀၀ )
အဘိဓမ္မာ ပိဋကတ်တွင် ( ၄၂၀၀၀ )
စုစုပေါင်း ဓမ္မခန္ဓာပေါင်း ( ၈၄၀၀၀ )ရှိပါသည်။

ထို ဗုဒ္ဓဝစန တရားတော်များတွင် ရဟန်းယောက်ျား ရဟန်းမိန်းမ တို ့လိုက်နာရန် ဝိနည်း သိက္ခာပုဒ်များပါဝင်
သည့် ဟောကြားဆုံးမချက်ကို ( ဝိနယ) ဟုခေါ်ဆို၍
ကျန်ရှိသော ဗုဒ္ဓဝစန များကို ( ဓမ္မ ) ဟုခေါ်ဆိုပါသည်။
ဝိနယ မှကြွင်းသော ဗုဒ္ဓဝစန အားလုံးကို ဓမ္မဟုခေါ်ဆိုရ
သဖြင့် ယင်းဓမ္မတွင် အဘိဓမ္မာ တရားတော်များလည်း
အကြုံးဝင်လျက်ရှိပါသည်။
Copy by : Myanmar Tripitaka Application Logo

No comments: