Wednesday, July 30, 2014

သင့်မျက်လုံးကို ကာကွယ်ဖို ့လမ်းညွှန်

မျက်စိကျန်းမာရေးအတွက် မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ မြန်မာပြည်မှ...
Myawady Health's Facebook Wall / Myawady

မျက်စိကျန်းမာရေးအတွက်
မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ မြန်မာပြည်မှာ ရဟန်းသံဃာတွေရောပြည်သူတွေရော ကျမ္မာရေးနဲ့ ပက်သက်တာတွေ အတွေ့အကြုံတွေ နည်းနေသေးတယ်၊ ပညာပေးမယ့် ပရဟိတ အဖွဲ့တွေ မရှိလေတော့ ဘာမှ မသိကြတာ ပါပေမ ပေါ့။ ထားပါတော့ ကိုယ်လို အေ၀းကို ပညာသင် ထွက်လိုသူများ၊ အလုပ်လုပ် သွားလိုသူများ ရဟန်းတော်များပါ မကျန် သွေးစစ်ထားကြဖို့၊ Positive or Negative / Plus or Minus ? လောက်တော့ ကြိုတင် လေ့လာထားကြဖို့ လိုမယ်လို့ ထင်ပါတယ်၊ ဒါမှ ကိုယ့်မြန်မာကို သူများ 
အထင်မသေးမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ သွေးအမျိုးအစားကို ပြောပါ ဆိုတော့ ဦးဇင်းတပါးက သူ့ကိုယ်သူ ဘာသွေးမှန်းတောင် မသိဘူးတဲ့၊ နောက်မှ မထူးဘူး ဆိုပြီး အို “ O ” ဆိုပြီး ခပ်တည်တည်နဲ့ ဖြေပါလေရော၊ ကိုယ့်အချင်း ချင်းတော့ ပြုံးစိစိနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ငြိမ်နေရတယ်၊ နောက်တော့ သူများက ပလပ်စ် ဆိုတော့ ကိုယ်လဲ ပလပ်စ် လိုက်ရတာပေါ့လေ၊ ဒါကြောင့် ကျမ္မာရေး ဗဟုဿုတများ ဆိုရင် များများ သိလေ ၊ အကျိုးရှိလေ ပါ၊ စာရေးသူမှာတော့ မျက်စိ သက်သာဖို့ အတွက် ကြားဖူးနား၀ ရှိတာလေးတွေကို တတ်နိုင်သလောက် လုပ်ကြည့်မိတယ်၊ ဒါပေမယ့် စာမဖတ်ရရင် မနေနိုင်၊ ကွန်ပြူတာနဲ့လဲ ကင်းလို့ မရပြန်ဆိုတော့ မုန့်လုံး စက္ကူကပ်၊ ဂျာအေး သူ့အမေရိုက် ဆိုတာလို လုံးချာလိုက်နေတယ်လို့ ပြောရမလားပဲ၊ ဒါကြောင့် အင်တာနက်မှာ မျက်စိကျမ္မာရေးနဲ့ ပက်သက်ပြီး ဘာတွေ သိနိုင်မလဲ ရှာကြည့်တော့ တော်တော် စုံလင်နေတာကို တွေ့ရတယ်၊ ကိုယ့်လို ခံစားနေရတဲ့ သူများလည်း နည်းနည်းလေးမှ သက်သာပါစေတော့ လို့ ရည်ရွယ်ပြီး ဟိုကဒီကဖတ်မိတာတွေကို ပြန်လည်မျှေ၀လိုက်ပါတယ်။ အရင်ကလည်း မျက်စိကျမ္မာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဖူး တယ်၊ အခုပြန်လည်မျှေ၀ခြင်းပေါ့လေ၊ ကိုယ့်လိုနည်းလမ်းသိပြီးဖြစ်ပေမယ့်လည်း မေ့မေ့လျော့လျော့နေမိကြတဲ့ မျက်စိေ၀ဒနာ ရှင်များအတွက်ပါ ။ နေရာ မှန်ပါစေ သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာမှန်ထားတက်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။ အလင်းရောင် သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှ လာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အားသင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။ မျက်မှန် Anti-reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာ၀န်က သင့်အားကွန်ပျူတာ နှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lensesထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။ မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀ ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀ လောက်ေ၀းတဲ့အရာတခုခုကို ကြည့်ကြည့် ပေးပါ။ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကိုရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀လောက်လမ်းလျှောက်ခြင်းဖြင့်သွေးလည်ပတ် စေပါတယ်။ မျက်စဉ်း ခတ်ပေးပါ လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့်ကွန်ပျူတာနဲ့အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကိုသင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့်မျက််စိအား ခြောက်ကပ် နေစေပါတယ်။ ထိုသို့ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။ လက်ဖဝါးအုပ်ကာ အပူငွေ့ပေးခြင်း ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည် အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထိုလက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။ မျက်နှာသစ်ခြင်း အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။ လက်ဖက််ခြောက် အထုပ် ကပ်ပေးခြင်း သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲ ထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက် အထုပ်၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအား အေးမြ စေပါသည်။ မျက်စိ အားကောင်းစေသော အစားအစာများ ဗီတာမင် Vitamin A , C , E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥများ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။ လူတင်နှင့် ဇီဇန်သင်း လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။ လေ့လာမှုများစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်းဓာတ်တွေဟာ အသက်ကြီး ချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီး ခြင်းနဲ့ အတွင်းတိမ် ရောဂါတွေလို နာတာရှည်မျက်စိရောဂါတွေရဲ့အန္တရာယ်ကိုလျော့ကျ စေနိုင်ကြောင်း လေ့လာမှုများစွာက ဆိုထားပါတယ်။ ဗီတာမင် စီ ဗီတာမင်စီဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေထဲမှာ တွေ့ရတဲ့ အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုအရ ဗီတာမင် စီဟာ အတွင်းတိမ်ရောဂါ ဖြစ်နှုန်းကို လျော့ကျစေပြီး တခြားအာဟာရ ဓာတ်တွေနဲ့ရောစားပါက အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးခြင်းနဲ့ အမြင်အာရုံဆုံးရှုံးမှုတို့ဖြစ်နှုန်းကို နှေးကွေးစေပါတယ်။ ဗီတာမင် အီး ဗီတာမင်အီးရဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ကို အခွံမာသီး၊ အားဖြည့် ကွေကာနဲ့ ကန်စွန်းဥတွေထဲမှာ တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ကျန်းမာတဲ့ တစ်သျှူးတွေကို ချေဖျက်ပေးတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် မျက်စိဆဲလ် တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။ မရှိမဖြစ် ဖက်တီးအက်စစ် ကောင်းတဲ့အဆီဟာ လူတွေစားသုံးသင့်တဲ့အာဟာရထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။ အဆီဓာတ်ဟာ နာ့ဗ်ကြော စနစ်ရဲ့ စွမ်းဆောင်အားကို ကောင်း စေပြီး ခုခံအားစနစ်ကို အားကောင်းစေ ပါတယ်။ အိုမီဂါ သရီးဖက်တီးအက်စစ်ဟာ အမြင်အာရုံအားကောင်းစေပြီး မြင်လွှာရဲ့လုပ်ငန်းဆောင်တာကို ကောင်းစေပါတယ်။ အိုမီဂါသရီး ဖက်တီး အက်စစ် ရရှိအောင် ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ အခွံမာသီး စတာ တွေကို စားပေးရပါမယ်။ သွပ်ဓာတ် သွပ်ဓာတ်ဟာ မျက်စိအတွက်မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွပ်ဓာတ်ဟာ မျက်လုံးရဲ့ရောင်ခြယ်ဆဲလ်ဖြစ်တဲ့ မယ်လနင် ထုတ်လုပ်ဖို့ အလို့ငှာ ဗီတာမင်အေကို အသည်းကနေ မြင်လွှာဆီကို ပို့ဆောင်ပေးတဲ့ ကဏ္႑မှာ ပါဝင်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သွပ်ဓာတ်ပါဝင်တဲ့ အာဟာရ တွေဖြစ်တဲ့ ကမာကောင်၊ အသား၊ ပုဇွန်လို အခွံမာငါး၊ နွားနို့၊ မြေပဲ၊ ရွှေဖရုံစေ့၊ ချောကလက်နဲ့ ဂျုံ စတာတွေကို စားပေးသင့်ပါတယ်။ Posted by ပန်းကမ်ဘာ

မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ
မြန်မာပြည်မှာ ရဟန်းသံဃာတွေရောပြည်သူတွေရော ကျမ္မာရေးနဲ့ ပက်သက်တာတွေ အတွေ့အကြုံတွေ နည်းနေသေးတယ်၊ ပညာပေးမယ့် ပရဟိတ အဖွဲ့တွေ မရှိလေတော့ ဘာမှ မသိကြတာ ပါပေမ ပေါ့။ ထားပါတော့ ကိုယ်လို အေ၀းကို ပညာသင် ထွက်လိုသူများ၊ အလုပ်လုပ် သွားလိုသူများ ရဟန်းတော်များပါ မကျန် သွေးစစ်ထားကြဖို့၊ Positive or Negative / Plus or Minus ? လောက်တော့ ကြိုတင် လေ့လာထားကြဖို့ လိုမယ်လို့ ထင်ပါတယ်၊ ဒါမှ ကိုယ့်မြန်မာကို သူများ အထင်မသေးမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ သွေးအမျိုးအစားကို ပြောပါ ဆိုတော့ ဦးဇင်းတပါးက သူ့ကိုယ်သူ ဘာသွေးမှန်းတောင် မသိဘူးတဲ့၊ နောက်မှ မထူးဘူး ဆိုပြီး အို “ O ” ဆိုပြီး ခပ်တည်တည်နဲ့ ဖြေပါလေရော၊ ကိုယ့်အချင်း ချင်းတော့ ပြုံးစိစိနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ငြိမ်နေရတယ်၊ နောက်တော့ သူများက ပလပ်စ် ဆိုတော့ ကိုယ်လဲ ပလပ်စ် လိုက်ရတာပေါ့လေ၊
ဒါကြောင့် ကျမ္မာရေး ဗဟုဿုတများ ဆိုရင် များများ သိလေ ၊ အကျိုးရှိလေ ပါ၊ စာရေးသူမှာတော့ မျက်စိ သက်သာဖို့ အတွက် ကြားဖူးနား၀ ရှိတာလေးတွေကို တတ်နိုင်သလောက် လုပ်ကြည့်မိတယ်၊ ဒါပေမယ့် စာမဖတ်ရရင် မနေနိုင်၊ ကွန်ပြူတာနဲ့လဲ ကင်းလို့ မရပြန်ဆိုတော့ မုန့်လုံး စက္ကူကပ်၊ ဂျာအေး သူ့အမေရိုက် ဆိုတာလို လုံးချာလိုက်နေတယ်လို့ ပြောရမလားပဲ၊ ဒါကြောင့် အင်တာနက်မှာ မျက်စိကျမ္မာရေးနဲ့ ပက်သက်ပြီး ဘာတွေ သိနိုင်မလဲ ရှာကြည့်တော့ တော်တော် စုံလင်နေတာကို တွေ့ရတယ်၊ ကိုယ့်လို ခံစားနေရတဲ့ သူများလည်း နည်းနည်းလေးမှ သက်သာပါစေတော့ လို့ ရည်ရွယ်ပြီး ဟိုကဒီကဖတ်မိတာတွေကို ပြန်လည်မျှေ၀လိုက်ပါတယ်။ အရင်ကလည်း မျက်စိကျမ္မာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဖူး တယ်၊ အခုပြန်လည်မျှေ၀ခြင်းပေါ့လေ၊ ကိုယ့်လိုနည်းလမ်းသိပြီးဖြစ်ပေမယ့်လည်း မေ့မေ့လျော့လျော့နေမိကြတဲ့ မျက်စိေ၀ဒနာ ရှင်များအတွက်ပါ ။
နေရာ မှန်ပါစေ
သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာမှန်ထားတက်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။
အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှ လာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အားသင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။
မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာ၀န်က သင့်အားကွန်ပျူတာ နှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lensesထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။
မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀ လောက်ေ၀းတဲ့အရာတခုခုကို ကြည့်ကြည့် ပေးပါ။ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကိုရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀လောက်လမ်းလျှောက်ခြင်းဖြင့်သွေးလည်ပတ် စေပါတယ်။
မျက်စဉ်း ခတ်ပေးပါ
လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့်ကွန်ပျူတာနဲ့အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကိုသင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့်မျက််စိအား ခြောက်ကပ် နေစေပါတယ်။ ထိုသို့ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။
လက်ဖဝါးအုပ်ကာ အပူငွေ့ပေးခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည် အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း
၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထိုလက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။
အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
လက်ဖက််ခြောက် အထုပ် ကပ်ပေးခြင်း
သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲ ထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက် အထုပ်၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအား အေးမြ စေပါသည်။
မျက်စိ အားကောင်းစေသော အစားအစာများ
ဗီတာမင် Vitamin A , C , E ပါသော အစားအစာများ ပိုစားပါ။
သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥများ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။
လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။
လေ့လာမှုများစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်းဓာတ်တွေဟာ အသက်ကြီး ချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီး ခြင်းနဲ့ အတွင်းတိမ် ရောဂါတွေလို နာတာရှည်မျက်စိရောဂါတွေရဲ့အန္တရာယ်ကိုလျော့ကျ စေနိုင်ကြောင်း လေ့လာမှုများစွာက ဆိုထားပါတယ်။
ဗီတာမင် စီ
ဗီတာမင်စီဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေထဲမှာ တွေ့ရတဲ့ အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုအရ ဗီတာမင် စီဟာ အတွင်းတိမ်ရောဂါ ဖြစ်နှုန်းကို လျော့ကျစေပြီး တခြားအာဟာရ ဓာတ်တွေနဲ့ရောစားပါက အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးခြင်းနဲ့ အမြင်အာရုံဆုံးရှုံးမှုတို့ဖြစ်နှုန်းကို နှေးကွေးစေပါတယ်။
ဗီတာမင် အီး
ဗီတာမင်အီးရဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ကို အခွံမာသီး၊ အားဖြည့် ကွေကာနဲ့ ကန်စွန်းဥတွေထဲမှာ တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ကျန်းမာတဲ့ တစ်သျှူးတွေကို ချေဖျက်ပေးတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် မျက်စိဆဲလ် တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
မရှိမဖြစ် ဖက်တီးအက်စစ်
ကောင်းတဲ့အဆီဟာ လူတွေစားသုံးသင့်တဲ့အာဟာရထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။ အဆီဓာတ်ဟာ နာ့ဗ်ကြော စနစ်ရဲ့ စွမ်းဆောင်အားကို ကောင်း စေပြီး ခုခံအားစနစ်ကို အားကောင်းစေ ပါတယ်။ အိုမီဂါ သရီးဖက်တီးအက်စစ်ဟာ အမြင်အာရုံအားကောင်းစေပြီး မြင်လွှာရဲ့လုပ်ငန်းဆောင်တာကို ကောင်းစေပါတယ်။ အိုမီဂါသရီး ဖက်တီး အက်စစ် ရရှိအောင် ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ အခွံမာသီး စတာ တွေကို စားပေးရပါမယ်။
သွပ်ဓာတ်
သွပ်ဓာတ်ဟာ မျက်စိအတွက်မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွပ်ဓာတ်ဟာ မျက်လုံးရဲ့ရောင်ခြယ်ဆဲလ်ဖြစ်တဲ့ မယ်လနင် ထုတ်လုပ်ဖို့ အလို့ငှာ ဗီတာမင်အေကို အသည်းကနေ မြင်လွှာဆီကို ပို့ဆောင်ပေးတဲ့ ကဏ္႑မှာ ပါဝင်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သွပ်ဓာတ်ပါဝင်တဲ့ အာဟာရ တွေဖြစ်တဲ့ ကမာကောင်၊ အသား၊ ပုဇွန်လို အခွံမာငါး၊ နွားနို့၊ မြေပဲ၊ ရွှေဖရုံစေ့၊ ချောကလက်နဲ့ ဂျုံ စတာတွေကို စားပေးသင့်ပါတယ်

No comments: