Sunday, August 27, 2023

The first civilization of literature


စာပေ တခု၏ ပထမဆုံး ယဉ်ကျေးမှုဟာ
ဘာဖြစ်မလဲလို့ စဉ်းစားခဲ့ဖူးပါသလား။
စဉ်းစားခဲ့မိမယ်ဆိုရင်
( ၁ )စာပေ ဆိုတာ ဘာလဲ။
( ၂ )ယဉ်းကျေးမှု ဆိုတာ ဘာလဲ။
ဒီ မေခွန်း နှစ်ခုက သူ့အလိုလို မေးလာပါလိမ့်မယ်။‌နားလည်နိုင်စွမ်းရှိသ‌‌လောက်‌ 
ဖြေကြည့်ကြတာပေါ့။

( စာပေ )၏ ဆိုလိုရင်းဝေါဟာရ အဓိပ္ပာယ်ကို အနှစ်ချုပ်ကြည့်ရင်
ရေးသား မှတ်တမ်း တင်ခြင်း လို့ ရတယ်။
ဒါဟာ သူ့ရဲ့ character trait စရိုက် / အမူအကျင့် ဖြစ်တယ်။

( ယဉ်ကျေးမှု ) ဆိုတာ လိမ္မာ တာကိုခေါ်တယ်။လိမ္မာတယ်ဆိုတာ တက်ခြင်း၊သိခြင်းလို့ အဓိပ္ပာယ်ရတယ်။ဘယ်လောက်တက်လာသလဲ၊သိလာသလဲ ဆိုတဲ့ လူသားတို့၏ ဉာဏ်ရည် ဉာဏ်သွေးကို
ဖွင့်ဖြိုးတိုးတက်မှု ( development )နဲ့
တိုင်းတာ ကြည့်ရှုခံရခြင်း ဖြစ်တယ်။
၎င်းဖြစ်စဉ်ကို ယဉ်ကျေးမှု သို့မဟုတ် မှတ်ကျောက် လို့ခေါ်တယ်။

စာပေ ရဲ့ယဉ်ကျေးမှု ကိုတော့ အနုပညာ
လို့ခေါ်တဲ့ ( art )ထဲက communication 
ဆက်သွယ်ရေး အ‌ပေါ်မှာ စံပြုတိုင်းတာထားတယ်။

စာပေ နှင့် ယဉ်ကျေးမှု ၏ အနက်ကို သိထားပြီဆိုရင် အစကို ရှာကြည့်နိုင်မှာပါ။

ဘာတွေကို ရေးသား မှတ်တမ်းတင်တာလဲ။ စကားသံ‌တွေကို မှတ်တမ်းတင်ရေးသားတာ။စကားသံ တစ်ခု၏ အသေးဆုံး အမှုန်ဟာ ဗျည်းအသံ နဲ့ သရ အသံဖြစ်တယ်။

စကားသံ ၏ အခြေခံ အမှုန်များ ဖြစ်တဲ့ 
ဗျည်း နှင့် သရ အသံများကို စတင် မှတ်တမ်းတင် ရေးသားခြင်းသည်သာ
စာပေ တခု၏ ယဉ်ကျေးမှု အစ
The first civilization of literature ဖြစ်တယ်လို့ ယုံကြည်မိပါကြောင်း။

No comments: