လုပ်ကြည့်မယ်ဆိုရင် အခြေခံ အမှုန် နှစ်ခု ထွက်ပေါ်လာတယ်။
Oral cavity လို့ ခေါ်တဲ့( ခံတွင်း)မှာ ဖြစ်ပေါ်တဲ့ အသံ နှင့် vocal box လို့ခေါ်တဲ့
(အသံအိုး)မှာ ဖြစ်ပေါ်တဲ့ အသံဆိုပြီး နှစ်မျိုး ပေါ်ထွက်လာပါတယ်။
ဒါဟာ လူသားတို့ရဲ့ အသံထုတ်လုပ်မှု
ဆိုင်ရာ ထုံးနည်းဥပဒေ တခု၏ ပုံသေနည်း ဖြစ်သလို အခြေခံ သဘောတရားလည်းဖြစ်တယ်။
လူသားတို့ရဲ့ အသံ နှင့် အခေါ်အဝေါ် များ၏ format ပုံစံ မည်မျှပင် ပြောင်းလဲ ပါစေ fundamental principle လို့ ခေါ်တဲ့ အခြေခံ သဘောတရား ကတော့ အတူတူပဲ ဖြစ်ပါတယ်။
အဆုတ်မှ တက်လာတဲ့ လေ ဟာ oral cavity လို့ ခေါ်တဲ့ ခံတွင်းခန်း ထဲမှာ နုတ်ခမ်း၊သွား ၊လျှာ တို့၏ ပိတ်ဆို့တားဆီးခြင်း ခံရပြီးမှ အသံဖြစ်ပေါ်ရင် ခံတွင်း၌
ဖြစ်ပေါ်သော အသံလို့ သတ်မှတ်တယ်။
သူ့ကို consonant sound လို့ ခေါ်တယ်။
မြန်မာလိုဆိုရင် ဗျည်းအသံ ပေါ့။
အဆုတ်မှတက်လာတဲ့ လေဟာ အသံအိုးအတွင်းမှာရှိတဲ့ vocal cord လို့ခေါ်တဲ့
အသံကြိုးကို တိုးတိုက်ပြီး အသံဖြစ်ပေါ်
ရင် အသံအိုး၌ ဖြစ်ပေါ်သော အသံလို့ သတ်မှတ်တယ်။သူ့ကို vowel sound လို့ခေါ်တယ်။မြန်မာလိုဆိုရင် သရ အသံပေါ့။
ဗျည်း နှင့် သရ အသံဟာ initial velocity
တစ်ခုဖြစ်ပြီးတော့ ၊ ဖွဲ့စည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စကားသံဟာ final velocity
ဖြစ်တယ်လို့ သုံးသပ်ကြည့်မယ်ဆိုရင်
( Vf=Vi ) ဖြစ်မှာပေါ့။Vi=(ဗျည်း+သရ)
Final velocity (Vf) တန်ဖိုးကို ရှာဖို့
ဗျည်း တန်ဖိုး ၊သရ တန်ဖိုး သိဖို့လိုတယ်။
ထိုတန်ဖိုး (၂)ခုကို မြှောက်ကြည့်နိုင်မှ
ယေဘူယျ စကားသံ မူကြမ်းရရှိမှာပါ။
ပေးထားချက်တန်ဖိုး မရှိတဲ့ မေခွန်းကို တွက်လို့ရနိုင်ပါ့မလား။
The SUM of 3 and 4 is 7. ပါတဲ့။
No comments:
Post a Comment