Sunday, August 27, 2023

The first civilization of literature


စာပေ တခု၏ ပထမဆုံး ယဉ်ကျေးမှုဟာ
ဘာဖြစ်မလဲလို့ စဉ်းစားခဲ့ဖူးပါသလား။
စဉ်းစားခဲ့မိမယ်ဆိုရင်
( ၁ )စာပေ ဆိုတာ ဘာလဲ။
( ၂ )ယဉ်းကျေးမှု ဆိုတာ ဘာလဲ။
ဒီ မေခွန်း နှစ်ခုက သူ့အလိုလို မေးလာပါလိမ့်မယ်။‌နားလည်နိုင်စွမ်းရှိသ‌‌လောက်‌ 
ဖြေကြည့်ကြတာပေါ့။

( စာပေ )၏ ဆိုလိုရင်းဝေါဟာရ အဓိပ္ပာယ်ကို အနှစ်ချုပ်ကြည့်ရင်
ရေးသား မှတ်တမ်း တင်ခြင်း လို့ ရတယ်။
ဒါဟာ သူ့ရဲ့ character trait စရိုက် / အမူအကျင့် ဖြစ်တယ်။

( ယဉ်ကျေးမှု ) ဆိုတာ လိမ္မာ တာကိုခေါ်တယ်။လိမ္မာတယ်ဆိုတာ တက်ခြင်း၊သိခြင်းလို့ အဓိပ္ပာယ်ရတယ်။ဘယ်လောက်တက်လာသလဲ၊သိလာသလဲ ဆိုတဲ့ လူသားတို့၏ ဉာဏ်ရည် ဉာဏ်သွေးကို
ဖွင့်ဖြိုးတိုးတက်မှု ( development )နဲ့
တိုင်းတာ ကြည့်ရှုခံရခြင်း ဖြစ်တယ်။
၎င်းဖြစ်စဉ်ကို ယဉ်ကျေးမှု သို့မဟုတ် မှတ်ကျောက် လို့ခေါ်တယ်။

စာပေ ရဲ့ယဉ်ကျေးမှု ကိုတော့ အနုပညာ
လို့ခေါ်တဲ့ ( art )ထဲက communication 
ဆက်သွယ်ရေး အ‌ပေါ်မှာ စံပြုတိုင်းတာထားတယ်။

စာပေ နှင့် ယဉ်ကျေးမှု ၏ အနက်ကို သိထားပြီဆိုရင် အစကို ရှာကြည့်နိုင်မှာပါ။

ဘာတွေကို ရေးသား မှတ်တမ်းတင်တာလဲ။ စကားသံ‌တွေကို မှတ်တမ်းတင်ရေးသားတာ။စကားသံ တစ်ခု၏ အသေးဆုံး အမှုန်ဟာ ဗျည်းအသံ နဲ့ သရ အသံဖြစ်တယ်။

စကားသံ ၏ အခြေခံ အမှုန်များ ဖြစ်တဲ့ 
ဗျည်း နှင့် သရ အသံများကို စတင် မှတ်တမ်းတင် ရေးသားခြင်းသည်သာ
စာပေ တခု၏ ယဉ်ကျေးမှု အစ
The first civilization of literature ဖြစ်တယ်လို့ ယုံကြည်မိပါကြောင်း။

Tuesday, August 22, 2023

ပလိုင်းပေါက် နှင့် ဖား မကောက်စေချင်သည်

Vocal tract လို့ခေါ်တဲ့ ( နုတ် )မှထွက်ပေါ်လာသောစကားသံ တစ်ခုကို divied
လုပ်ကြည့်မယ်ဆိုရင် အခြေခံ အမှုန် နှစ်ခု ထွက်ပေါ်လာတယ်။

 Oral cavity လို့ ခေါ်တဲ့( ခံတွင်း)မှာ ဖြစ်ပေါ်တဲ့ အသံ နှင့် vocal box လို့ခေါ်တဲ့
(အသံအိုး)မှာ ဖြစ်ပေါ်တဲ့ အသံဆိုပြီး နှစ်မျိုး ပေါ်ထွက်လာပါတယ်။

ဒါဟာ လူသားတို့ရဲ့ အသံထုတ်လုပ်မှု
ဆိုင်ရာ ထုံးနည်းဥပဒေ တခု၏ ပုံသေနည်း ဖြစ်သလို အခြေခံ သဘောတရားလည်းဖြစ်တယ်။

လူသားတို့ရဲ့ အသံ နှင့် အခေါ်အဝေါ် များ၏ format ပုံစံ မည်မျှပင် ပြောင်းလဲ‌  ပါစေ fundamental principle လို့ ခေါ်တဲ့ အခြေခံ သဘောတရား ကတော့ အတူတူပဲ ဖြစ်ပါတယ်။

အဆုတ်မှ တက်လာတဲ့ လေ ဟာ oral cavity လို့ ခေါ်တဲ့ ခံတွင်းခန်း ထဲမှာ နုတ်ခမ်း၊သွား ၊လျှာ တို့၏ ပိတ်ဆို့တားဆီးခြင်း ခံရပြီးမှ အသံဖြစ်ပေါ်ရင် ခံတွင်း၌
ဖြစ်ပေါ်သော အသံလို့ သတ်မှတ်တယ်။
သူ့ကို consonant sound လို့ ခေါ်တယ်။
မြန်မာလိုဆိုရင် ဗျည်းအသံ ပေါ့။

အဆုတ်မှတက်လာတဲ့ လေဟာ အသံအိုးအတွင်းမှာရှိတဲ့ vocal cord လို့ခေါ်တဲ့
အသံကြိုးကို တိုးတိုက်ပြီး အသံဖြစ်ပေါ်
ရင် အသံအိုး၌ ဖြစ်ပေါ်သော အသံလို့ သတ်မှတ်တယ်။သူ့ကို vowel sound လို့ခေါ်တယ်။မြန်မာလိုဆိုရင် သရ အသံပေါ့။

ဗျည်း နှင့် သရ အသံဟာ initial velocity
တစ်ခုဖြစ်ပြီးတော့ ၊ ‌‌‌‌‌‌‌‌‌‌‌‌ဖွဲ့စည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စကားသံဟာ final velocity 
ဖြစ်တယ်လို့ သုံးသပ်ကြည့်မယ်ဆိုရင်
( Vf=Vi ) ဖြစ်မှာပေါ့။Vi=(ဗျည်း+သရ) 

Final velocity (Vf) တန်ဖိုးကို ရှာဖို့
ဗျည်း တန်ဖိုး ၊သရ တန်ဖိုး သိဖို့လိုတယ်။
ထိုတန်ဖိုး (၂)ခုကို မြှောက်ကြည့်နိုင်မှ
ယေဘူယျ စကားသံ မူကြမ်းရရှိမှာပါ။

ပေးထားချက်တန်ဖိုး မရှိတဲ့ မေခွန်းကို တွက်လို့ရနိုင်ပါ့မလား။

The SUM of 3 and 4 is 7. ပါတဲ့။


Sunday, August 20, 2023

ကျွန်တော်စဥ်းစားမိတဲ့ literature

 
သရက်ပင် တစ်ပင်ရှိမယ်ဆိုရင် ၊
တနေ့ အသီးတွေ သီးလာမယ်။
 မှည့်လာတဲ့ အသီးကို ခူးစားခဲ့မယ်ဆိုရင်၊
ချိုမြမှု အရသာကို ခံစားရမှာ‌ပေါ့။တကယ်တော့ ဒီအပင်ကို စိုက်ခဲ့ရတာ။

စိုက်ခဲ့တာက cause ဖြစ်ပြီး၊
ခူးစားလို့ ချိုမြမှု အရသာကို ပေးစွမ်းလိုက်တာက effect ဖြစ်တယ် ။

Effect တခုဖြစ်လာဖို့ အတွက် နေ့စဉ်နှင့်အမျှ grow ကြီးထွားလာခဲ့ရတယ်။အဲ့ဒီ
ကြီးထွားမှုဟာ သူ့အတွက်  ဖွင့်ဖြိုးတိုးတက်မှု development ဖြစ်စဉ်
တခုလည်း ဖြစ်တယ်။

ဖွင့်ဖြိုးတိုးတက်လာဖို့အတွက် သူ့ရဲ့ initial ကို အညှောက်ဖြင့် စတင်ခဲ့ရတယ်။တဖြည်းဖြည်း အရွယ်အစား ကြီးမားလာပြီး ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲတိုးတက်လာခဲ့ရတယ်။ 
Final မှာတော့ maturity ရင့်ကျက်မှုနဲ့အတူ ခမ်းနားထည်ဝါတဲ့
သစ်ပင်တပင် အဖြစ် ရပ်တည် လာခဲ့ရတယ်။အဲ့ဒီတော့မှ သူက effect တွေ ထုတ်ပေးနိုင်တာ။

rising ဆိုတဲ့ မြင့်တက်မှု ရှိတယ်။
ဒါဟာ increasing တိုးတက်မှုရဲ့ value တန်ဖိုးဖြစ်တယ်။
Culture တခု အနေဖြင့် cultivate လုပ်လို့ရတယ်။ 

ဒီသဘာတရားကို စာပေ နဲ့ နှိုင်းယှဉ်ကြည့်မိတယ်။

စာအုပ် တအုပ်ကို ဖတ်ကြည့်မယ်၊လေ့လာကြည့်မယ်ဆိုရင် ဗဟုသုတရအောင် ရေးသားထားခြင်းကို စာပေ လို့ခေါ်တယ်။ ဒါဟာ literature စကားလုံးရဲ့
အဓိပ္ပာယ်လို့ ပြောလို့ရတယ်။

စာပေရဲ့ trait က writing system ဖြစ်
တယ်။

သူ့ကို speech system လို့ခေါ်တဲ့
အပြောစနစ်ကနေ မွေးထုတ်ထားတာ။

အပြောစနစ်က ဆိုလိုရင်း အဓိပ္ပာယ်ရှိတဲ့
စကားသံအပါ်မှာ အခြေပြုတည်ဆောက်ထားတာ ဖြစ်တယ်။

စကားသံကို ခံတွင်းမှာ ဖြစ်ပေါ်တဲ့ အသံ
နဲ့ အသံအိုးမှာ ဖြစ်ပေါ်တဲ့ အသံ တို့ကို
ပေါင်းစပ်ပြီး တည်ဆောက်ထားတယ်။
မတူညီတဲ့ sound နှစ်ခုကို combination ပြုလုပ်ပြီး create လုပ်ထားတာ။
စကားသံရဲ့ composition လို့ခေါ်တယ်။

[ စကားသံ တခု၏ ထုံးနည်းဥပဒေ constitution တခုဖြစ်တယ်။သူ့ကို
fundamental principle အခြေခံမူ၊
သို့မဟုတ် framework မူဘောင် လို့ 
ခေါ်တယ်။ ]

Sound ဟာ voice အပေါ်မှာ အခြေပြု
ထားတာဖြစ်တယ်။voice မှာ vibration ရှိလို့ sound တွေ ဖြစ်ပေါ်လာရတာဖြစ်တယ်။

တကယ်လို့ voice တွေမှာ တုန်ခါမှု မရှိရင် ဘယ်လိုခေါ်မလဲ။ Unvoice လို့ခေါ်တယ်။
[ မြန်မာ unit တခုအ‌နေဖြင့် သုံးသပ်မယ်ဆိုရင် (အသတ်) လို့ ခေါ်နိုင်တယ်။စိတ်ကနေပြောလိုက်တဲ့ အတွေး၊အထင် တွေအားလုံးဟာ( အ )ကာရန်မဲ့နေတဲ့ unvoice တွေဖြစ်တယ်။]

စာပေ တခုရဲ့ initial ကို voice and unvoice နဲ့ စတင်ခဲ့ရတယ်။
Final မှာတော့ writing system အနေနဲ့
အဆုံးသတ်ထားတယ်။အရေးစနစ် ရင့်ကျက်လာပြီး ခမ်းနားထည်ဝါ လာတဲ့ အချိန်မှာ Literature ဆိုတဲ့ effect တခုကို ထုတ်ပေးနိုင်တာ။

ဒါကို 
Revolution လို့ ခေါ်ရမလား။
Evolution လို့ ခေါ်ရမလား။

Monday, August 7, 2023

မြန်မာ သရ သင်္ကေတများ

 အရေးအကြီးဆုံး သရ သင်္ကေတများ

===========================

ကျွန်တော်တို့ မြန်မာစာ အရေးစနစ်ဟာ

English pronunciation အသံထွက်ပုံကို

ဖော်ပြ ရေးသားပေးတဲ့ lPA အရေးစနစ်နဲ့ ပုံစံတူပါတယ်။


English စကားပြော အသံတွေထဲမှာ အသုံးပြုတဲ့ ဗျည်း ကာရန်ယူထားတဲ့

သရ အသံများ နှင့် Myanmar စကားပြော အသံတွေထဲမှာ အသုံးပြုတဲ့

ဗျည်း ကာရန်ယူထားတဲ့ သရ အသံများဟာ အတူတူနီးပါး‌ လောက်ရှိပါတယ်။


မြန်မာစာမှာ ဗျည်းတွေ အသံထွက်ဖို့

( -- ) အ သရ ကို ကာရန်ယူရသလို

အင်္ဂလိပ်စာမှာ ( a ) အ သရ ကို ကာရန်ယူထားပါသည်။

b + a = b ဘ အသံထွက် သလို

ဘ+ -- ( အ ) = ဘ အသံထွက်ပါသည်။


မြန်မာ သရ သင်္ကေတများမှာ -


( 1 )( -- ၊ ာ ၊ ာ့ ၊ ား )

       အ၊အာ၊အာ့၊အား


( 2 )( ိ ၊ီ ၊ီး )

         အိ ၊ အီ ၊ အီး

      ( --ည့် ၊ --ည် ၊ --ည်း )

       အည့်၊အည်၊အည်း


( 3 )( ု ၊ ူ ၊ ူ့ ၊ ူး )

        အု ၊ အူ၊ အူ့ ၊ အူး

(

 4 )( ‌ေ ၊ ‌ေ့ ၊ ‌ေး )

        အေ၊ အေ့၊ အေး


( 5 ) ( ဲ )

         အဲ ၊ 


( 6 )( ‌ော ၊ ‌ော် ၊ ‌ော့ )

        အော ၊ အော် ၊ အော့


( 7 )( ံ ၊ ံ့ )

        အံ ၊ အံ့

       ( --န် ၊ --န့် ၊ --န်း )

        အန် ၊ အန့် ၊ အန်း

       ( --မ် ၊ --မ့် ၊ --မ်း )

        အမ်၊ အမ့် ၊ အမ်း


( 8 )( ို ၊ ို့ ၊ ိုး )

           အို ၊ အို့ ၊ အိုး

       ( ိုယ် ၊ ိုယ့် )

        အိုယ်၊အိုယ့်


( 9 ) (--င် ၊ --င့် ၊ --င်း )

         အင် ၊ အင့် ၊ အင်း

        (--ဉ် ၊ --ဉ့် ၊ --ဉ်း )

        အဉ် ၊ အဉ့်၊ အဉ်း


(10)( ‌ောင် ၊ ‌ောင့် ၊ ‌ောင်း )

          အောင် ၊ အောင့် ၊ အောင်း


(11)( ိုင် ၊ ိုင့် ၊ ိုင်း )

          အိုင် ၊ အိုင့် ၊ အိုင်း


(12)( ိန့် ၊ ိန် ၊ ိန်း )

           အိန့် ၊ အိန် ၊ အိန်း 

        ( ိမ့် ၊ ိမ် ၊ ိမ်း) ပြင်မရပါ

         အိမ့် ၊ အိမ် ၊ အိမ်း

       ( ိတ် )

         အိတ်

       ( ိပ် )

          အိပ်


(13)( ုံ့ ၊ ုံ ၊ ုံး )

        အုံ့ ၊ အုံ ၊ အုံး

        ( ုန့် ၊ ုန် ၊ ုန်း )

         အုန့် ၊ အုန် ၊ အုန်း

                 ( ုမ်၊ ုမ်း ) ပြင်မရပါ

                 ၊ အုမ် ၊ အုမ်း

        ( ုတ် )

         အုတ်

        ( ုပ် )

          အုပ်

        ( ုက် )

          အုက်

         ( ုဒ် )

           အုဒ်


 (14) ( --က် )

          အက်

         ( --တ် )

         အတ်

         ( --ပ် )

          အပ်

(15)( ‌ောက် )

         အောက်

(16)( ိုက် )

         အိုက်

(18)( --စ် )

        အစ်

(19)( ွတ် )

         အွတ်

(20)( ွန့် ၊ ွန် ၊ ွန်း )

        အွန့် ၊ အွန် ၊ အွန်း

(21)(--ယ် ၊ --ယ့် ၊ ဲ့ )

        အယ် ၊ အယ့် ၊ အဲ့


ဆယ်တန်းအောင်လို့ ဘွဲ့ သာရခဲ့ပေမယ့်

မြန်မာစာမှာ သရ သင်္ကေတ (၇၉)ခု ရှိနေတာ မသိခဲ့ရိုး အမှန်ပါ။