Tuesday, November 29, 2022

မြန်မာစာ အရေး စနစ်


 

ကျွန်တော်တို့ မြန်မာစာ အရေးအသားဟာ အက္ခရာ unit တစ်ခုလုံးနှင့် အကျုံးဝင်အောင် ဖွဲ့စည်း ရေးသားထားပါသည်။


မြန်မာစာ အရေးစနစ်ဟာ

letter+symbol ဖြစ်ပါသည်။

အင်္ဂလိပ်စာအရေးစနစ်နဲ့ မတူပါဘူး။

အင်္ဂလိပ်စာ အရေးစနစ်ဟာ

letter+letter ဖြစ်ပါသည်။


ယခု လက်ရှိ မြန်မာစား အရေးအသားများကို

ကြည့်ရှု့ခြင်းအားဖြင့် အလွယ်တကူ သိရှိနိုင်ပါသည်။


မြန်မာစာ အရေးစနစ်ဟာ

 letter စာလုံး နဲ့ symbol သင်္ကေတ

 တို့ကို အချိုးကျကျ ပေါင်းစပ်ထားသည့် compound စနစ် တစ်ခုဖြစ်ပါတယ်။


Compound ဆိုသည်မှာ မတူညီတဲ့ things အရာနှစ်ခု သို့မဟုတ် 

separate element နှစ်ခုကို combination ပေါင်းစပ်လိုက်ပြီး သို့မဟုတ် mixture ရောနှောလိုက်ပြီး ဖြစ်ပေါ်လာတဲ့ အရာကို compound လို့ ခေါ်ပါတယ်။

ဥပမာ- ထမင်း

ထမင်း ဟာ compound ဖြစ်ပါတယ်။

ထမင်း၏အခြေခံအကျဆုံး အမှုံဟာ

( ရေ+ဆန် ) ဖြစ်ပါတယ်။ထိုမတူညီတဲ့ အရာနှစ်ခုကို အပူပေးပြီးမှ ရရှိလာတာဖြစ်ပါတယ်။


မြန်မာစာ  အရေးအသားများကိုကြည့်မယ်ဆိုရင် အရင်ဆုံး မြင်ရတာက

ဗျည်း စာလုံးများသာ ဖြစ်ပါတယ်။

စကားပြော အသံများကို နားထောင်ကြည့်မည် ဆိုပါက အရင်ဆုံး ကြားရသော အသံသည် ဗျည်း အသံ ဖြစ်ပါသည်။


ထို့ကြောင့် အက္ခရာ unit နှစ်ခု ထဲမှ

1- letter of an alphabet အတွင်းမှာ

မြန်မာစာ အရေးအသားများအရ

အခြေခံအကျဆုံးအမှုံဟာ [ ဗျည်း ] သာဖြစ်ပါတယ်။

(က)- အစ (အ)-အဆုံး ဗျည်းစာလုံး [၃၃]လုံးရှိပါသည်။


2- symbol of an alphabet အတွင်းမှာ

အခြေခံ သင်္ကေတ စုစုပေါင်း (18 )ခု ရှိပါသည်။၎င်းတို့မှာ အောက်ပါအတိုင်း

ဖြစ်ကြပါသည်။


1-  [ _ ] = အ သရ ၊ hyphen တုံးတို

 (ဗျည်းစာလုံးများနှင့် ဖလှယ်မှုဆိုင်ရာပြ အမှတ်အသား)

2-  [ ာ ] = ရေးချ /( ဝိုက်ချ )

         ါ  = ( မှောက်ချ )

3-  [ ိ ] = လုံးကြီးတင်

4-  [ ီ ] = လုံးကြီးတင် ဆန်ခတ်

5-  [ ု ] = တစ်ချောင်းငင်

6-  [ ူ ] = နှစ်ချောင်းငင်

7-  [ ‌ေ ]=သ ဝေ ထိုး

8-  [ ဲ ] = နောက်ပစ်

9-  [ ် ] = ရှေ့ထိုး

10-[ ံ ] = သေးသးတင်

11-[ ့ ] = အောက်ကမြစ် / အောက်မြစ်

12-[ း ]=ဝစ္စနှစ်လုံးပေါက်

13-( ျ )ယပင့်

14-( ြ )ရရစ်

15-(  ွ )=ဝဆွဲ

16-( ှ  )=ဟထိုး

17-{ - ် }=အသတ် 

စသည်တို့ ဖြစ်ကြပါသည်။

၎င်းတို့သည် သင်္ကေတ များ၏ (အခေါ်အဝေါ် သို့မဟုတ် အမည် )များသာဖြစ်ကြပါသည်။

No comments: