Thursday, November 24, 2022

အက္ခရာ နှစ်မျိုး


 

ကျွန်တော်တို့ ခေတ်၏ လက်ရှိ မြန်မာစာအ‌ရေး၊အပြောများ တည်ဆောက်ထားပုံကို ရိုးရိုးရှင်းရှင်း လေ့လာကြည့်ကြရအောင်။


အရေး၊ အပြော များဟာ

လူမျိုးစုတစ်စု၏ တစ်ဦးနှင့် တစ်ဦး 

သိရှိနားလည်လာစေရန် ဆောင်ရွက် ပေးတဲ့ ဆက်သွယ်ရေး စနစ် communication တစ်ခုဖြစ်ပါတယ်။

Exchange of information လို့ လဲ ပြောလို့ရနိုင်ပါတယ်။

အရေး ဆိုတာ writing system ဖြစ်ပြီး၊

အပြော ဟာ   speech system ဖြစ်ပါတယ်။

အရေး နှင့် အပြော  ဟာ သူ့ရပ်တည်ချက်နှင့် သူ ရှိနေကြပါတယ်။ဒါပေမယ့် ခွဲခြားလို့မရပြန်ပါဘူး။ 

ဒွန်တွဲ ‌နေပါတယ်။

အရေး အတွက် အပြောဟာ ကာရန် ဖြစ်ပြီး အ‌ပြော အတွက် အရေးဟာ ကာရန်ပြန်ဖြစ် နေပါတယ်။


အပြောစနစ်ကနေ အရေးစနစ်ကို exchange လုပ်လိုက်တာကို စာပေ လို့ခေါ်တယ်။


[ စာ ]ဆိုသည်မှာ

အသံများကို အရာတစ်ခုခု

အပေါ်မှာ သင်္ကေတ များအသုံးပြု၍ မှတ်သားထားသော အရာများကို 

[စာ ]ဟုခေါ်ဆို ပါသည်။


ထိုသို့ မှတ်တမ်းတင်ထား သော သင်္ကေတ များကို မြန်မာလို [ အက္ခရာ ]

အင်္ဂလိပ်လို [ Alphabet ] ဟု အမည်တွင်ပါသည်။


[ အက္ခရာ ] ဆိုတာဘာလဲ?


something တစ်စုံတစ်ခုကို

remember သတိရ စေဖို့ အတွက်

indicate ညွှန်ပြ ပေးတဲ့

sign အမှတ် လက္ခဏာ များကို 

alphabet အက္ခရာ ဟုခေါ်ပါသည်။


တနည်း  ပြောရရင် တစ်စုံတစ်ခု အပေါ်မှာ အသံသွင်းပေးပြီး မှတ်တမ်းတင်ထားပေးမည့် recording machine သို့မဟုတ် voice recorder တွေ ဖြစ်ကြပါတယ်။ 


အက္ခရာ unit တစ်ခုမှာ

fundamental particle အခြေခံ အကျဆုံး အမှုံ နှစ်ခုရှိပါသည်။၎င်းတို့မှာ-

[1]-letter of an alphabet 

    -စာလုံး အက္ခရာ

[2]-symbol of an alphabet 

    -သင်္ကေတ အက္ခရာ

စသည်တို့ ဖြစ်ကြပါသည်။

No comments: