Wednesday, December 7, 2022

ဗျည်း ၊ သရ

 မြန်မာစာ အရေးပိုင်းကို အရှိအတိုင်း

ကြည့်မယ်ဆိုရင် အပိုင်း နှစ်ပိုင်း သာတွေ့ရှိရမှာပါ။


တစ်ခုက စာလုံး အက္ခရာ ဖြစ်ပြီး

နောက်တစ်ခုက သင်္ကေတ အက္ခရာဖြစ်ပါသည်။


စာလုံး အက္ခရာကို ( ဗျည်း )လို့ ခေါ်ပြီး

သင်္ကေတ အက္ခရာကို ( သရ )လို့ ခေါ်ပါသည်။


မြန်မာစကားပြော အသံပိုင်းကို ကြည့်မယ်ဆိုရင် နားဖြင့်ကြားသမျှ အသံများ

အားလုံးနီးပါးသည် ( ဗျည်း အသံ )များသာ ဖြစ်ကြပါသည်။


အပြောစနစ်မှာ ဖြစ်ဖြစ် ၊ အရေးစနစ်မှာဖြစ်ဖြစ် ( ဗျည်း အက္ခရာ )ကို အထောင်ထားပြီး ( သရ အက္ခရာ )ကို ကာရန်ယူ ပြောဆိုရေးသား ကြရပါသည်။


အဘယ့်ကြောင့်ဆိုသော်

ဗျည်းများသည် လနဲ့တူပြီး ကိုယ်ပိုင် အသံ များ ရှိမနေခြင်းကြောင့် ဖြစ်ပါသည်။


သရများသည် နေနဲ့တူပြီး

၎င်းတို့ အားလုံး၌ ကိုယ်ပိုင်အသံများ

ရှိနေကြပါသည်။ထိုအသံများကို ဗျည်းများက အမှီအစွဲပြု၍ တုပပြီး ကိုယ်ပိုင်

အသံများ ထုတ်ယူကြရပါသည်။


ထိုသို့ပြုလုပ်ခြင်းကို( ကာရန် )ယူသည်ဟူ၍ ခေါ်ဆိုပါသည်။ကာရန် ဆိုသည်မှာ အက္ခရာ တစ်ခု ၊ စကားလုံး တစ်ခု၏

အဆုံး၌ရှိသော အသံကို ခေါ်ပါသည်။


ဥပမာ - ရေ 

( ရေ ) အသံ ဖြစ်ပေါ်လာရခြင်း၌

( ရ )ဗျည်းသည် ( အေ )သရ အသံကို

ကာရန်ယူပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ရ ဗျည်း အသံ ဖြစ်ပေါ်ရာ နေရာ၌ ရ ဗျည်းအသံ မဖြစ်ပေါ်မှီအချိန်မှာ အေသရ အသံကို အသံရောင်

အနေဖြင့် ပြောဆိုရပါသည်။ထိုကြောင့် သရအသံသည် အဆုံးအသံ ဖြစ်သွားပါသည်။ထိုသဘောတရားကို ကာရန်ဟု

ခေါ်ပါသည်။


မြန်မာ ဗျည်း ၃၃-လုံးမှာ အ အက္ခရာမှလွဲ၍ ကျန်ဗျည်းစာလုံး ၃၂-လုံးတို့သည်

အ သရ အသံကို ကာရန်ယူပြီး ကိုယ်ပိုင်အသံများ ဖြစ်ပေါ်လာခဲ့ရပါသည်။

ထို့ကြောင့် အ သည် သရ တာဝန်ကို ထမ်းဆောင်ပါသည်။


မြန်မာစာမှာ အရင်တုန်းက ဗျည်း ၃၂-လုံးသာ ရှိခဲ့ဟန် တူပါသည်။

အဘယ့်ကြောင့်ဆိုသော် အ သည် သရဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။


သို့သော် မြန်မာစာ အရေးစနစ်သည်

ဗျည်းစာလုံး ကို အထောင်ထားပြပြီး၊

သရ ကို သင်္ကေတ အနေဖြင့်သာ ပြဆို

ရေးသားထားကြပါသည်။


ဤသို့ဆိုလျှင် 

သရ အ ကို သင်္ကေတ symbol အနေဖြင့်သာ တွေ့မြင်ရမှာပါ။ ငယ်ငယ်တုန်းက

စာမှာသင်ခဲ့ရတဲ့ သရ သင်္ကေတ များတွင် အသုံးပြုတဲ့ တုံးတို ( -- )ဟာ သရအ၏ အမှတ်လက္ခဏာ တစ်ခုဖြစ်ပါသည်။ဘယ်ခေတ်က စခဲ့သလဲတော့

မသိဘူး။ဒါဟာ မြန်မာစာ အရေးပိုင်းနဲ့

အံဝင် အံကျ ဖြစ်သလို သဘာဝ ကျပါတယ်။နောက်ပြီး ဗျည်း‌ အက္ခရာတွေဟာ သရ ကို ကာရန်ယူရခြင်းကြောင့်

ဒီနေရာဟာ ဗျည်းများနှင့် ဖလှယ်မှု့ဆိုင်ရာပြ နေရာတစ်ခုလဲ ဖြစ်ပါတယ်။


( ိုက် ) ဒီ သရ သင်္ကေတ တစ်ခုတည်းနဲ့

စာရေးလို့မရဘူး။မြန်မာစာ အရေးစနစ်ပိုင်းအရ ဖော်ပြရေးသားဖို့ဆိုရင် မျက်လုံးနဲ့ မြင်သာထင်သာရှိနေရမဲ့

ဗျည်း အက္ခရာ စာလုံး လိုပါတယ်။


ဒီတော့ ဒီအက္ခရာ ( အ )စာလုံးကို တီထွင်ပြီး စာရေးသားရာမှာ အသုံးပြု့

ဖို့ ဗျည်းစာရင်း သွင်းထားခဲ့ပုံရပါသည်။


ထို့ကြောင့် ( အ )သည် သရတာဝန်ကို

ထမ်းဆောင်နေသလို ၊ ဗျည်းတာဝန်ကိုပါ ထမ်းဆောင်နေရခြင်း ဖြစ်သည်ဟု့

စဉ်းစားမိပါသည်။


No comments: