Wednesday, December 7, 2022

ဗျည်း ၊ သရ

 မြန်မာစာ အရေးပိုင်းကို အရှိအတိုင်း

ကြည့်မယ်ဆိုရင် အပိုင်း နှစ်ပိုင်း သာတွေ့ရှိရမှာပါ။


တစ်ခုက စာလုံး အက္ခရာ ဖြစ်ပြီး

နောက်တစ်ခုက သင်္ကေတ အက္ခရာဖြစ်ပါသည်။


စာလုံး အက္ခရာကို ( ဗျည်း )လို့ ခေါ်ပြီး

သင်္ကေတ အက္ခရာကို ( သရ )လို့ ခေါ်ပါသည်။


မြန်မာစကားပြော အသံပိုင်းကို ကြည့်မယ်ဆိုရင် နားဖြင့်ကြားသမျှ အသံများ

အားလုံးနီးပါးသည် ( ဗျည်း အသံ )များသာ ဖြစ်ကြပါသည်။


အပြောစနစ်မှာ ဖြစ်ဖြစ် ၊ အရေးစနစ်မှာဖြစ်ဖြစ် ( ဗျည်း အက္ခရာ )ကို အထောင်ထားပြီး ( သရ အက္ခရာ )ကို ကာရန်ယူ ပြောဆိုရေးသား ကြရပါသည်။


အဘယ့်ကြောင့်ဆိုသော်

ဗျည်းများသည် လနဲ့တူပြီး ကိုယ်ပိုင် အသံ များ ရှိမနေခြင်းကြောင့် ဖြစ်ပါသည်။


သရများသည် နေနဲ့တူပြီး

၎င်းတို့ အားလုံး၌ ကိုယ်ပိုင်အသံများ

ရှိနေကြပါသည်။ထိုအသံများကို ဗျည်းများက အမှီအစွဲပြု၍ တုပပြီး ကိုယ်ပိုင်

အသံများ ထုတ်ယူကြရပါသည်။


ထိုသို့ပြုလုပ်ခြင်းကို( ကာရန် )ယူသည်ဟူ၍ ခေါ်ဆိုပါသည်။ကာရန် ဆိုသည်မှာ အက္ခရာ တစ်ခု ၊ စကားလုံး တစ်ခု၏

အဆုံး၌ရှိသော အသံကို ခေါ်ပါသည်။


ဥပမာ - ရေ 

( ရေ ) အသံ ဖြစ်ပေါ်လာရခြင်း၌

( ရ )ဗျည်းသည် ( အေ )သရ အသံကို

ကာရန်ယူပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ရ ဗျည်း အသံ ဖြစ်ပေါ်ရာ နေရာ၌ ရ ဗျည်းအသံ မဖြစ်ပေါ်မှီအချိန်မှာ အေသရ အသံကို အသံရောင်

အနေဖြင့် ပြောဆိုရပါသည်။ထိုကြောင့် သရအသံသည် အဆုံးအသံ ဖြစ်သွားပါသည်။ထိုသဘောတရားကို ကာရန်ဟု

ခေါ်ပါသည်။


မြန်မာ ဗျည်း ၃၃-လုံးမှာ အ အက္ခရာမှလွဲ၍ ကျန်ဗျည်းစာလုံး ၃၂-လုံးတို့သည်

အ သရ အသံကို ကာရန်ယူပြီး ကိုယ်ပိုင်အသံများ ဖြစ်ပေါ်လာခဲ့ရပါသည်။

ထို့ကြောင့် အ သည် သရ တာဝန်ကို ထမ်းဆောင်ပါသည်။


မြန်မာစာမှာ အရင်တုန်းက ဗျည်း ၃၂-လုံးသာ ရှိခဲ့ဟန် တူပါသည်။

အဘယ့်ကြောင့်ဆိုသော် အ သည် သရဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။


သို့သော် မြန်မာစာ အရေးစနစ်သည်

ဗျည်းစာလုံး ကို အထောင်ထားပြပြီး၊

သရ ကို သင်္ကေတ အနေဖြင့်သာ ပြဆို

ရေးသားထားကြပါသည်။


ဤသို့ဆိုလျှင် 

သရ အ ကို သင်္ကေတ symbol အနေဖြင့်သာ တွေ့မြင်ရမှာပါ။ ငယ်ငယ်တုန်းက

စာမှာသင်ခဲ့ရတဲ့ သရ သင်္ကေတ များတွင် အသုံးပြုတဲ့ တုံးတို ( -- )ဟာ သရအ၏ အမှတ်လက္ခဏာ တစ်ခုဖြစ်ပါသည်။ဘယ်ခေတ်က စခဲ့သလဲတော့

မသိဘူး။ဒါဟာ မြန်မာစာ အရေးပိုင်းနဲ့

အံဝင် အံကျ ဖြစ်သလို သဘာဝ ကျပါတယ်။နောက်ပြီး ဗျည်း‌ အက္ခရာတွေဟာ သရ ကို ကာရန်ယူရခြင်းကြောင့်

ဒီနေရာဟာ ဗျည်းများနှင့် ဖလှယ်မှု့ဆိုင်ရာပြ နေရာတစ်ခုလဲ ဖြစ်ပါတယ်။


( ိုက် ) ဒီ သရ သင်္ကေတ တစ်ခုတည်းနဲ့

စာရေးလို့မရဘူး။မြန်မာစာ အရေးစနစ်ပိုင်းအရ ဖော်ပြရေးသားဖို့ဆိုရင် မျက်လုံးနဲ့ မြင်သာထင်သာရှိနေရမဲ့

ဗျည်း အက္ခရာ စာလုံး လိုပါတယ်။


ဒီတော့ ဒီအက္ခရာ ( အ )စာလုံးကို တီထွင်ပြီး စာရေးသားရာမှာ အသုံးပြု့

ဖို့ ဗျည်းစာရင်း သွင်းထားခဲ့ပုံရပါသည်။


ထို့ကြောင့် ( အ )သည် သရတာဝန်ကို

ထမ်းဆောင်နေသလို ၊ ဗျည်းတာဝန်ကိုပါ ထမ်းဆောင်နေရခြင်း ဖြစ်သည်ဟု့

စဉ်းစားမိပါသည်။


Tuesday, November 29, 2022

မြန်မာစာ အရေး စနစ်


 

ကျွန်တော်တို့ မြန်မာစာ အရေးအသားဟာ အက္ခရာ unit တစ်ခုလုံးနှင့် အကျုံးဝင်အောင် ဖွဲ့စည်း ရေးသားထားပါသည်။


မြန်မာစာ အရေးစနစ်ဟာ

letter+symbol ဖြစ်ပါသည်။

အင်္ဂလိပ်စာအရေးစနစ်နဲ့ မတူပါဘူး။

အင်္ဂလိပ်စာ အရေးစနစ်ဟာ

letter+letter ဖြစ်ပါသည်။


ယခု လက်ရှိ မြန်မာစား အရေးအသားများကို

ကြည့်ရှု့ခြင်းအားဖြင့် အလွယ်တကူ သိရှိနိုင်ပါသည်။


မြန်မာစာ အရေးစနစ်ဟာ

 letter စာလုံး နဲ့ symbol သင်္ကေတ

 တို့ကို အချိုးကျကျ ပေါင်းစပ်ထားသည့် compound စနစ် တစ်ခုဖြစ်ပါတယ်။


Compound ဆိုသည်မှာ မတူညီတဲ့ things အရာနှစ်ခု သို့မဟုတ် 

separate element နှစ်ခုကို combination ပေါင်းစပ်လိုက်ပြီး သို့မဟုတ် mixture ရောနှောလိုက်ပြီး ဖြစ်ပေါ်လာတဲ့ အရာကို compound လို့ ခေါ်ပါတယ်။

ဥပမာ- ထမင်း

ထမင်း ဟာ compound ဖြစ်ပါတယ်။

ထမင်း၏အခြေခံအကျဆုံး အမှုံဟာ

( ရေ+ဆန် ) ဖြစ်ပါတယ်။ထိုမတူညီတဲ့ အရာနှစ်ခုကို အပူပေးပြီးမှ ရရှိလာတာဖြစ်ပါတယ်။


မြန်မာစာ  အရေးအသားများကိုကြည့်မယ်ဆိုရင် အရင်ဆုံး မြင်ရတာက

ဗျည်း စာလုံးများသာ ဖြစ်ပါတယ်။

စကားပြော အသံများကို နားထောင်ကြည့်မည် ဆိုပါက အရင်ဆုံး ကြားရသော အသံသည် ဗျည်း အသံ ဖြစ်ပါသည်။


ထို့ကြောင့် အက္ခရာ unit နှစ်ခု ထဲမှ

1- letter of an alphabet အတွင်းမှာ

မြန်မာစာ အရေးအသားများအရ

အခြေခံအကျဆုံးအမှုံဟာ [ ဗျည်း ] သာဖြစ်ပါတယ်။

(က)- အစ (အ)-အဆုံး ဗျည်းစာလုံး [၃၃]လုံးရှိပါသည်။


2- symbol of an alphabet အတွင်းမှာ

အခြေခံ သင်္ကေတ စုစုပေါင်း (18 )ခု ရှိပါသည်။၎င်းတို့မှာ အောက်ပါအတိုင်း

ဖြစ်ကြပါသည်။


1-  [ _ ] = အ သရ ၊ hyphen တုံးတို

 (ဗျည်းစာလုံးများနှင့် ဖလှယ်မှုဆိုင်ရာပြ အမှတ်အသား)

2-  [ ာ ] = ရေးချ /( ဝိုက်ချ )

         ါ  = ( မှောက်ချ )

3-  [ ိ ] = လုံးကြီးတင်

4-  [ ီ ] = လုံးကြီးတင် ဆန်ခတ်

5-  [ ု ] = တစ်ချောင်းငင်

6-  [ ူ ] = နှစ်ချောင်းငင်

7-  [ ‌ေ ]=သ ဝေ ထိုး

8-  [ ဲ ] = နောက်ပစ်

9-  [ ် ] = ရှေ့ထိုး

10-[ ံ ] = သေးသးတင်

11-[ ့ ] = အောက်ကမြစ် / အောက်မြစ်

12-[ း ]=ဝစ္စနှစ်လုံးပေါက်

13-( ျ )ယပင့်

14-( ြ )ရရစ်

15-(  ွ )=ဝဆွဲ

16-( ှ  )=ဟထိုး

17-{ - ် }=အသတ် 

စသည်တို့ ဖြစ်ကြပါသည်။

၎င်းတို့သည် သင်္ကေတ များ၏ (အခေါ်အဝေါ် သို့မဟုတ် အမည် )များသာဖြစ်ကြပါသည်။

Thursday, November 24, 2022

အက္ခရာ နှစ်မျိုး


 

ကျွန်တော်တို့ ခေတ်၏ လက်ရှိ မြန်မာစာအ‌ရေး၊အပြောများ တည်ဆောက်ထားပုံကို ရိုးရိုးရှင်းရှင်း လေ့လာကြည့်ကြရအောင်။


အရေး၊ အပြော များဟာ

လူမျိုးစုတစ်စု၏ တစ်ဦးနှင့် တစ်ဦး 

သိရှိနားလည်လာစေရန် ဆောင်ရွက် ပေးတဲ့ ဆက်သွယ်ရေး စနစ် communication တစ်ခုဖြစ်ပါတယ်။

Exchange of information လို့ လဲ ပြောလို့ရနိုင်ပါတယ်။

အရေး ဆိုတာ writing system ဖြစ်ပြီး၊

အပြော ဟာ   speech system ဖြစ်ပါတယ်။

အရေး နှင့် အပြော  ဟာ သူ့ရပ်တည်ချက်နှင့် သူ ရှိနေကြပါတယ်။ဒါပေမယ့် ခွဲခြားလို့မရပြန်ပါဘူး။ 

ဒွန်တွဲ ‌နေပါတယ်။

အရေး အတွက် အပြောဟာ ကာရန် ဖြစ်ပြီး အ‌ပြော အတွက် အရေးဟာ ကာရန်ပြန်ဖြစ် နေပါတယ်။


အပြောစနစ်ကနေ အရေးစနစ်ကို exchange လုပ်လိုက်တာကို စာပေ လို့ခေါ်တယ်။


[ စာ ]ဆိုသည်မှာ

အသံများကို အရာတစ်ခုခု

အပေါ်မှာ သင်္ကေတ များအသုံးပြု၍ မှတ်သားထားသော အရာများကို 

[စာ ]ဟုခေါ်ဆို ပါသည်။


ထိုသို့ မှတ်တမ်းတင်ထား သော သင်္ကေတ များကို မြန်မာလို [ အက္ခရာ ]

အင်္ဂလိပ်လို [ Alphabet ] ဟု အမည်တွင်ပါသည်။


[ အက္ခရာ ] ဆိုတာဘာလဲ?


something တစ်စုံတစ်ခုကို

remember သတိရ စေဖို့ အတွက်

indicate ညွှန်ပြ ပေးတဲ့

sign အမှတ် လက္ခဏာ များကို 

alphabet အက္ခရာ ဟုခေါ်ပါသည်။


တနည်း  ပြောရရင် တစ်စုံတစ်ခု အပေါ်မှာ အသံသွင်းပေးပြီး မှတ်တမ်းတင်ထားပေးမည့် recording machine သို့မဟုတ် voice recorder တွေ ဖြစ်ကြပါတယ်။ 


အက္ခရာ unit တစ်ခုမှာ

fundamental particle အခြေခံ အကျဆုံး အမှုံ နှစ်ခုရှိပါသည်။၎င်းတို့မှာ-

[1]-letter of an alphabet 

    -စာလုံး အက္ခရာ

[2]-symbol of an alphabet 

    -သင်္ကေတ အက္ခရာ

စသည်တို့ ဖြစ်ကြပါသည်။

Thursday, November 10, 2022

ရှုထောင့်


 ဆယ်တန်း‌ ကျောင်းသားဘဝတုန်းက

ဆရာတစ်ယောက်ကို အမြင်တစ်ခု ချပြခဲ့ဖူးပါသည်။ကျွန်တော့်အမြင်ဟာ မှန်သလား၊မှားသလား ဆိုတာ ဆုံးဖြတ်ပေးပါလို့ တောင်းဆိုလိုက်သောအခါ

ရှုထောင့် ရဲ့ သဘောကို ဘာသာပြန်ပြခဲ့ပါတော့သည်။


အမှတ် တစ်ခုကနေ အမှတ်တစ်ခုကို လှမ်းကြည့်လိုက်သောအခါ မြင်လိုက်ရတဲ့ ပုံစံကို interpretation အနက် (စကားပြန်)ပြတာ၊

explanation ရှင်းလင်းဖော်ပြတာ၊ definition တိကျတဲ့ အဓိပ္ပါယ်ဖော်ပြပေးတဲ့ power of sight အမြင်စွမ်းအားကို point of view ရှုထောင့်လို့ခေါ်တယ်။


ရှုထောင့် ထဲမှာ

concept အယူအဆ တွေ၊

philosophy အတွေးအခေါ် တွေ၊

thoughts အတွေးအမြင် တွေ၊

idea စိတ်ကူး တွေ၊

attitude သဘောထား တွေ ပါဝင်နေတယ်။


ရှုထောင့်ဟာ ရေနဲ့ ပုံစံတူတယ်။


လေးထောင့် ဖန်ခွက်ထဲကို ရေထည့်ကြည့်မယ်ဆိုရင် ရေ၏ ပုံစံကို လေးထောင့် သဏ္ဍာန် မြင်တွေ့ရမယ်။

အယူအဆ အမြင် အသစ်တစ်ခု ထွက်ပေါ်မလာမီ အချိန်အထိ မှန်နိုင်တယ်။


တကယ်လို့

အဝိုင်း ဖန်ခွက် ပေါ်ထွက်လာလို့ ရေထည့်ကြည့်မယ်ဆိုရင် ရေ၏ ပုံစံဟာ

အဝိုင်း ပုံစံ မြင်တွေ့ရတဲ့ အယူအဆအသစ် တစ်ခု ထွက်ပေါ်လာလိမ့်မယ်။


အဝိုင်း ရှုထောင့်ကို မှန်တယ်လို့ ‌ပြောလို့မရသလို ၊ လေးထောင့် ရှုထောင့်ကို မှားတယ်လို့ ‌ပြောလို့မရပြန်ဘူး။


သူ့ရှုထောင့်နဲ့သူ မှန်နေကြတယ်။


ဒီတော့ ခြားနားချက် ဆိုတဲ့ အရာကိုရှာဖွေလာခဲ့ကြတယ်။


ပေါင်းစပ်လို့ရရင် ပေါင်းစပ်လိုက်ကြပြီး

compound လို့ လက်ခံလိုက်ကြတယ်။


ပေါင်းစပ်လို့ မရရင် သီးသန့်စီ ခွဲထားလိုက်ကြတယ်။သူ့ပုံစံနဲ့သူ ရပ်တည်နေကြတယ်။


ဒါပေမယ့် သူတို့နှစ်ခုကို syllable အနေဖြင့် တွဲပြီး လက်ခံကြတာတွေရှိလာတယ်။


ဒါတွေအားလုံးဟာ ရှုထောင့် ၏ အသံတွေဖြစ်တယ်။တိုးတိုး ‌ပြောလို့ရသလို

ကျယ်ကျယ် ပြောလို့ ရနိုင်တယ်။


ဒီလောက်ဆိုရင် သဘောပေါက်ဖို့ လုံလောက်ပြီလို့ ထင်ပါတယ်။

ချိုသလား၊ခါးသလား ဆိုတာကို

ကိုယ်တိုင်စားကြည့်ပြီး အရသာခံကြည့်တဲ့-----