Monday, May 18, 2026

Completer

Eight parts of Speech အထဲက
Noun, Pronoun, Adjective and Verb ထို
လေးမျိုး အကြောင်း လေ့လာထားပြီးပြီဆိုရင်
( S + V ) Pattern အသုံးပြုကာ
ဝါကျတခု၏ အခြေခံ အုတ်မြစ်ကို 
စတင် တည်ဆောက် နိုင်ပါပြီ။

မိမိ အသုံးပြုလိုသည့် Noun Phrase တစ်ခုကို ဖွဲ့စည်းတည်ဆောက်ပြီး Subject ( S ) နေရာမှာ စတင် အထိုင်ချလိုက်ပါ။

ထိုနောက် ကာလပြ ကြိယာ (၁၂)မျိုးတို့၏ 
ပုံစံများအတွင်း ကြိယာစကားလုံး တစ်လုံးကို
ထည့်သွင်း အသုံးပြုကာ ( verb phrase ) တခု
စတင် တည်ဆောက်လိုက်ပါ။

၎င်း ကြိယာ စကားစုကို ( S ) အနောက်မှာ
သွားပြီး အထိုင်ချလိုက်မယ်ဆိုရင် 
( S + V ) Pattern အနေဖြင့် ဝါကျတစ်ခု၏
အခြေခံ အုတ်မြစ် ( foundation )ကို စတင်ရရှိလာမည် ဖြစ်ပါသည်။

ဝါကျတစ်ခု အနေဖြင့် ရပ်တည်နိုင်သည် ဖြစ်စေ၊မရပ်တည်နိုင်သည် ဖြစ်စေ အရေးမကြီးသလို အဓိပ္ပာယ် ရှိသည်ဖြစ်စေ၊မရှိသည် ဖြစ်စေ ကလည်းပဲ အဓိက မကျပါဘူး။

အဓိက က Noun Phrase ,Verb Phrase တည်ဆောက်ပုံ နဲ့ ( spelling )စာလုံးပေါင်း 
မှန်ဖို့ကသာ အဓိက ဖြစ်ပါတယ်။

( S.V ) စကားလုံး(၂)ခု အတွဲကို 
ပုံသေလက်ကိုင်ထားပြီး 
(S) ကို သော်လည်းကောင်း
(V) ကို သော်လည်းကောင်း 
အချိန်းအပြောင်း ပြုလုပ်၍
အမျိုးမျိုးအဖုံဖုံ ပြုပြင်ရေးသားကြည့်ပါ။

ဗလာစာအုပ်အလွတ် မည်မျှ ကုန်အောင် ရေးနိုင်သနည်း ဆိုတဲ့ အပေါ်မှာမူတည်ပြီး သင်၏နား
လည်တက်ကျွမ်းမှု အရည်အချင်းကို မြှင့်တင်ပြီး ရှာကြည့်ပါ။

ကျွန်တော်တို့ဟာ (S + V)စကားလုံး(၂)လုံး၏ 
အခြေခံ သဘောတရားကို နားလည်ပြီဆိုရင်
ဝါကျတခု၏အဓိပ္ပာယ်ကို ပေါ်လွင်လာ‌အောင်
ပြည့်စုံစေဖို့ ( ဖြည့်ဆည်းရမလား၊ထောက်ပံ့ရမလား )ဆိုတာကို တဆင့်တက်ပြီး လေ့လာလို့ရပါပြီ။

လေ့လာကြည့်တော့မယ်ဆိုရင်
Eight parts of Speech ရှုထောင့်က ကြည့်ရင်
Noun, Pronoun, Adjective and Verb ပြီးရင်
Adverb ( ကြိယာ ဝိသေသန ) အကြောင်းကို
ဆက်ပြီး လေ့လာရမှာဖြစ်ပါသည်။

ဒါပေမယ့်
( SVOCPMTR ) ရှုထောင့်ကနေ ကြည့်ရင်-
ကြိယာဝိသေသနကို သွားပြီးအရင်လေ့လာလိုက်ရင် အလှမ်းကျယ်ပြီး အလယ်လတ်နေ
သလို ဖြစ်နေပါလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော်
( P.M.T.R ) အုပ်စုသည် Adverb များ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
SV ကနေ PMTR ကို တိုက်ရိုက်သွားလိုက်ရင်
O နဲ့ C ကို ကျော်သွားသလို ဖြစ်နေပါသည်။

ဒါ့ကြောင့်
( S + V ) ကိုလေ့လာပြီးရင်
O=( Object) နဲ့
C=( Complement) အကြောင်းကိုသာ ဆက်လက်ပြီး လေ့လာကြရမှာ ဖြစ်ပါတယ်။

၎င်းတို့(၂)ခုသည် ကြိယာ၏ အဓိပ္ပာယ်ကို
ပြည့်စုံစေဖို့( ဖြည့်ဆည်း )ပေးကြသည့်
( Completer )များ ဖြစ်ကြပါသည်။

Eight parts of Speech ကို လေ့လာရင်
စကားလုံးတို့၏ ( အခြေအနေ )ကိုသာ
သိရှိနိုင်ပါမည်။
တကယ်တမ်း စာရေးဖို့အတွက်ကိုတော့
SVOCPMTR ကို လေ့လာကြရမှာ ဖြစ်ပါတယ်။

၁..( O )=Object  ကံပုဒ်
Object ဆိုသည်မှာ -
ကြိယာ၏ ပြုမူခြင်းကို ခေါင်းငုံ့ခါးစည်းခံရသည့်( စကားလုံ၊စကားစု )တို့ကို ခေါ်ပါသည်။
တနည်းအားဖြင့်-Receiver လို့ ခေါ်ပါသည်။

၎င်းနေရာမှာ အသုံးပြုသည့် အရာများသည်
Noun, Pronoun, Noun Phrase စသည်တို့ပဲ
ဖြစ်ပါသည်။

Pronoun ကို အသုံးပြုသည့်အခါ Object နှင့်ဆိုင်သည့် နာမ်စားများကိုသာ အသုံးပြုရပါသည်။

၎င်းတို့မှာ-
( me, you, him, her, us, them, it ) စသည်တို့
ဖြစ်ကြပါသည်။၎င်းတို့ကို( object pronoun ) ဟုခေါ်ပါသည်။

Object ကို (၂)မျိုး ခွဲခြားထားပါသည်။
1. Direct Object ( DO ) နှင့်
2. Indirect Object ( IO ) ဆိုပြီး ဖြစ်ပါသည်။

ကြိယာ၏ ပြုမူခြင်းကို တိုက်ရိုက်ခံရသော
ကံပုဒ်စုကို Direct Object လို့ ခေါ်ဆိုပြီး၊
သွယ်ဝိုက်၍ နောက်တဆင့် ထပ်ခံရသော
ကံပုဒ်စုကို Indirect Object ဟု ခေါ်ပါသည်။

၎င်းတို့ နှစ်ခုကို ယှဉ်တွဲ၍ ဝါကျအတွင်း အသုံးပြုသည့်အခါ ပုံစံ (၂)မျိုး တွေ့ရှိရနိုင်ပါသည်။
1. ( IO ) + ( DO )
2. ( DO) + ( to/for IO )

DO သည် အများအားဖြင့် ( thing )-အရာဝတ္ထု
များသာ အဖြစ်များပါသည်။
IO သည် အများအားဖြင့် ( person )လူပုဂ္ဂိုလ်
များသာ အဖြစ်များပါသည်။

ဒါ့ကြောင့် ကြိယာကို မေးခွန်းထုတ်သည့်အခါ
DO အတွက် ( what )ကို အသုံးပြုပြီး
IO အတွက် ( whom )ကိုသာ အသုံးပြုသည်ကို
တွေ့ရှိရပါမည်။

( to/for IO )အတွဲကို ( Preposition Object ) ဟု ခေါ်ပါသည်။ 
Preposition ဆိုတာ ( ဝိဘတ် ) စကားလုံးများကို ခေါ်ခြင်းဖြစ်ပါသည်။
ထို ဝိဘတ် စကားလုံးများကို noun နှင့် တွဲစပ်လိုက်သောအခါ ( Prepositional Phrase )တခု
ဖြစ်ပေါ်လာပါသည်။

Preposition စကားလုံးများသည် 
အချိန် ၊ နေရာ နှင့် ရည်ရွယ်ချက်များ၏
ဖြစ်တည်ရာသို့ မြားဦးကို ညွှန်ပြကြပါသည်။
ဥပမာ
at night = ညအခါမှာ ( Time )
on the sofa = ဆိုဖာပေါ်မှာ ( Place )
to him  ( preposition object ) သူ့ဆီသို့
for her ( preposition object ) သူမအတွက်

ဒီနေရာမှာ preposition -ဝိဘတ် စကာလုံးများ
အကြောင်းနဲ့ အဓိပ္ပာယ်၊အသုံးပြုပုံကို နည်းနည်းပါးပါး သိထားရုံ လေ့လာ ထားသင့်ပါသည်။

Object နဲ့ ပတ်သက်ပြီး အသုံးပြုသည့် ဝိဘတ်စကားလုံးများမှာ အများအားဖြင့်
to, for စကားလုံးများကို အသုံးပြုတာ များပါသည်။

to = သို့၊ကို၊ရန်၊အောင်၊ဖို့၊လို့၊မယ်
for= အတွက်၊အဖို့

အရာဝတ္ထုတခု သည် ( A မှ B ဆီသို့ )
ကူးပြောင်းရွေ့လျားသွားသည့်အခါ 
( to )ကိုအသုံးပြုပါသည်။

မည်သူ့အတွက်ဟု ရည်ရွယ်ပြီးအထူးပြုလုပ်ချက် ရှိသောအခါ ( for  )ကိုအသုံးပြုပါသည်။

( to ) သုံးရမလား၊ ( for )သုံးရမလား 
မသိသောအခါ
၁.. | ( S + V ) + ( IO + DO )| ပုံစံကို အသုံးပြုပါ။

သိသောအခါ
၂.. |( S + V ) + ( DO + to/for IO )| ပုံစံကို အသုံးပြုပါ။

SVOCPMTR ၏ အစီအစဉ်အရ
( S + V ) အနောက်မှာ O ရှိနေသည့်အတွက်
SV ကို O နဲ့ထပ်ပေါင်းတွဲစပ်လိုက်မည် ဆိုပါက
( SVO ) Pattern ကို ရရှိလာပါမည်။

I eat . ကျွန်တော် စားသည်။
အဓိပ္ပာယ် မပြည့်စုံသေးပါဘူး။
ပြည့်စုံဖိုအတွက် ကြိယာကို မေးခွန်းထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။
( what/ whom ) ကို အသုံးပြုရပါမည်။

ကြိယာ( eat )ကို မေးခွန်းထုတ်ကြည့်မယ်ဆိုရင်

( eat ) စားသည် 
( eat what? )ဘာကိုစားတာလဲ။
တခုခုကို စားလို့ ရနေပါသည်။
ဥပမာ ၊ပန်းသီး ဒါမှမဟုတ် ကိတ်မုန့်၊ပေါင်မုန့်ဒါကြောင့် eat ကို ( ကံ လို ကြိယာ- transitive verb) ဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။

I eat an apple. ငါပန်းသီး‌တစ်လုံးစားတယ်။
I eat a cake.ငါ ကိတ်မုန့်တစ်ခုစားတယ်။
I eat a bread . ငါပေါင်မုန့် တစ်လုံးစားတယ်။
S  V    O
ဒီနေရာမှာ သိထားစရာ တစ်ခု ရှိပါသည်။
အထက်က စာကြောင်းတွေကို ရုပ်ရှင်ပိတ်ကားပေါ်က မြင်ကွင်းပုံစံမျိုး ကြည့်လို့မရပါဘူး။
ထိုကဲ့သို့ကြည့်လိုက်ရင် 
Subject က Object ကို တိုက်ရိုက်စားနေတာကို
မြင်ကြရပါမည်။
ဒါပေမယ့် ဝါကျ အတွင်းမှာက အဲ့ဒီလိုမဟုတ်တော့ဘူး။ 
I  eat an apple.
S  V       O
ဒီဝါကျ အတွင်းမှာ (an apple)ဆိုသည့် ပန်းသီးတစ်လုံးကို တကယ်တမ်း စား‌နေတာက ကြိယာ
Verb ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်
ကြိယာ၏ ပြုမူခြင်းကို ခေါင်းငုံ့ခါးစည်းခံရသည့် စကားလုံ၊စကားစု ကို Object ဟုခေါ်ရခြင်းဖြစ်ပါသည်။
ထိုသို့ ပြုမူတက်သည့် ကြိယာ ကို 
Transitive Verb ဟု ခေါ်ရခြင်း ဖြစ်ပါသည်။

Direct Object အတွက်ရပြီဆိုရင်
Indirect object အတွက် eat ကို ဆက်လက်ပြီး
မေးခွန်းထုတ်ရပါလိမ့်မည်။
To whom?ဘယ်သူဆီကိုလဲ။
For whom? ဘယ်သူအတွက်လဲ။
ဘယ်သူ့ဆီကို ဆိုပြီး စားလို့မရသလို
ဘယ်သူ့အတွက်ဆိုပြီး စားလေ့မရှိတာကြောင့်
( Eat )ဟာ ( IO ) မလိုသည့် ကြိယာစကားလုံး ဖြစ်ပါသည်။

I  gave /a present / to him.
S    V        DO.             IO
I ကျွန်တော် 
Gave ပေးသည်
Gave what? ဘာကို ပေးတာလဲ။
A present လက်ဆောင်တစ်ခု။
To whom? ဘယ်သူ့ဆီကိုလဲ။
To him သူ့ဆီကို။

IO ကို နောက်ဆုံးမှာ ထားပြီးရေးရင်
Direction ဦးတည်ရာ လမ်းကြောင်းပြ
( To / For ) စကားလုံး တစ်လုံး အမြဲလိုပါသည်။

To သုံးရမှာလား။ For သုံးရမှာလား မသိရင်
IO ကို DO အရှေ့သို့ ပို့လိုက်ပါ။
( To/For ) အသုံးပြုစရာ မလိုတော့ပါဘူး။

I gave him a present.
S. V.    IO.       DO

Direction ပျောက်နေသည့်အတွက် ဆိုလိုရင်း
အဓိပ္ပာယ်ကို နားလည်ရ ခက်စေပါတယ်။
ဥပမာ
I bought him a present.

I bought him လို့တွဲလိုက်ရင်
ငါ သူ့ကို ဝယ်ခဲ့သလို ဖြစ်နေပါတယ်။
( to him ) လို့ဘာသာပြန်ရမလား။
( for him ) လို့ဘာသာပြန်ရမလား ဆိုတာ
ကြိယာ၏ အဓိပ္ပာယ်ကို ခွဲကြည့်နေရတာဆိုတော့ ကြာတာပေါ့။

ကျွန်တော်ကတော့
( S+V ) + ( DO + to/for IO ) ပုံစံနဲ့
စာချရေးရတာကို ပိုပြီးကြိုက်ပါတယ်။

I bought a present for him.
ငါသူ့အတွက် လက်ဆောင် တခု ဝယ်ခဲ့တယ်။
I bought him a present.

I got him a present.
ငါ သူ့အတွက် လက်ဆောင်တခု ဝယ်ခဲ့သည်။
ငါ သူ့အတွက် လက်ဆောင်တခု ယူလာခဲ့သည်။

I got a present for him.
ဒီဝါကျမှာ got က ဝယ်သည်။ယူပေးသည်။ယူလာသည်ဟု အဓိပ္ပာယ်ရပါသည်။

I got a present from him.
ငါ သူ့ဆီက လက်ဆောင် တခု ရရှိခဲ့ပါသည်။
ဒီဝါကျမှာ from him သည်( IO )မဟုတ်ပါ။

စဉ်းစားစရာတွေ ရှိနေပါတယ်။
တွေးကြည့်မယ်ဆိုရင် 
From him က ပြုလုပ်သူ subject 
ဘာ့ကြောင့်လဲလို့ဆိုတော့ လက်ဆောင်ဆိုသည့်အရာကို ပေးသူ ဖြစ်နေပါသည်။
A present က တိုက်ရိုက်ပေးခြင်းကို ခံရသည့် အရာဝတ္ထု ဖြစ်သည့်အတွက်
Direct Object ( DO ) ဖြစ်ပါသည်။
Got က ကြိယာ
I က လက်ဆောင်ကို တဆင့်ခံရရှိခဲ့သည့်သူ
Indirect object ( IO )ဖြစ်ပါတယ်။

ဒီဝါကျကို ပြန်လှန်ပြီး ရေးရမယ်ဆိုရင်
He gave a present to me.
သူကျွန်တော့်ကို လက်ဆောင်တခု ပေးခဲ့ပါသည်။

ဒါ့ကြောင့် ( DO/IO )တို့ သည် ကြိယာ အနောက်၌သာ ရှိရမည်ဟု သဒ္ဒါစည်းမျဉ်း ပြဌာန်းထားခြင်း ဖြစ်နိုင်ပါသည်။

၂..( C ) Complement ဖြည့်ပုဒ်
Complement ဆိုသည်မှာ 
(1).ဝါကျတစ်ခု အတွင်းရှိ
(ဖြစ်ခြင်းပြ ကြိယာ ) စကားလုံး၏ 
ဆိုလိုရင်း အဓိပ္ပာယ်ကို ပြည့်စုံစေသည့် (စကားလုံး၊စကားစု)တို့ကို ခေါ်ပါသည်။

(2).၎င်းတို့သည် subject နင့် object တို့၏ အခြေအနေများကိုပါ ဖော်ပြကြပါသည်။

Subject ၏ အခြေအနေကို ဖော်ပြခဲ့ရင်
( Subject Complement )ဟု ခေါ်ဆိုပြီး၊

Object ၏ အခြေအနေကို ဖော်ပြခဲ့ရင်
( Object Complement )ဟု ခေါ်ပါသည်။

( Noun )ကို အသုံးပြုပြီး 
Subject ကို ( rename ) အမည်အသစ်တစ်ခု အနေနဲ့ ဖော်ပြခဲ့မယ်ဆိုရင်
၎င်းကို ( Predicate normative )ဟု ခေါ်ဆိုပါသည်။ 
( Adjective )ကို အသုံးပြုပြီး 
Subject ၏ အခြေအနေကို ဖော်ပြမယ်ဆိုရင်
၎င်းကို ( Predicate adjective )ဟု ခေါ်ပါသည်။

ဒါ့ကြောင့် complement နေရာ၌
( Noun နဲ့ Adjective ) စကားလုံးနှစ်မျိုး အသုံးပြုသည်ဟု သိထားအပ်ပါသည်။

1. Subject Complement ( ကတ္တားဖြည့်ပုဒ် )
A subject complement is a word or group of words that follows a linking verb, completes the meaning of the verb, and 
identifies or describes the subject.

ကျောင်းသား ဘဝတုန်းက ဒီလိုမျိုး နားလည်ထားခဲ့ပါသည်။
A subject complement ( S )
ကတ္တားဖြည့်ပုဒ် ဆိုသည်မှာ
is ( V ) 
ဖြစ်ပါသည်
a word or group of words ( C )
စကားလုံး သို့မဟုတ် စကားစု တစ်ခု

that ..... ( Adjective clause ) သို့မဟုတ်
that (အငှား  Subject ) 

that ( sub subject  )
ထို စကားလုံး၊စကားစု တို့သည်
follows ( V )
အနောက်ကလိုက်ပါသည်
a linking verb ( O )
ချိတ်ဆက်ပေးသည့်ကြိယာတခု

အဆက်ကြိယာ အနောက်က စကားလုံး၊စကားစုတို့ကို ကတ္တားဖြည့်ပုဒ်လို့ ခေါ်ပါသည်။

that ( S-S )
ထိုစကားလုံး၊စကားစုတို့သည်
completes ( V )
ပြည့်စုံစေပါသည်
the meaning of the verb ( O )
ကြိယာ၏ဆိုလိုရင်း အဓိပ္ပာယ်ကို

ထိုစကားလုံး၊စကားစုတို့သည် ကြိယာ၏
ဆိုလိုရင်း အဓိပ္ပာယ်ကို ပြည့်စုံစေပြီး

and ( စကားဆက် သမ္ဗန္ဓ conjunction )
ပြီးတော့

that ( S-S )
ထိုစကားလုံး၊စကားစုတို့သည်
identifies ( V )
မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ပါသည်
or သို့မဟုတ်( စကားဆက် )
describes ( V )
ဖွဲ့နွဲ့ သရုပ်ဖော်ကြပါသည်
the subject ( O )
ကတ္တားကို

ထိုစကားလုံး၊စကားစုတို့သည် ကတ္တားကို
မည်သူမည်ဝါ ဖြစ်ကြောင်း သို့မဟုတ်
ဖွဲ့နွဲ့ သရုပ်ဖော်ပေးကြပါသည်။

Subject Complement ၏ အဓိက တာဝန်က
1..completes the meaning of the verb
2..identifies or describes the subject

A..( ကြိယာ ) ကို ပြည့်စုံစေပြီး
B..( Subject ) ကို ( I / D )လုပ်မယ် ဆိုရင်
၎င်းကို Subject Complement လို့ ခေါ်သည်။

ဥပမာ
You are 
I am
Subject ကို Verb နဲ့ တွဲထားပေမယ့်
အဓိပ္ပာယ် ဖော်လို့ မရပါဘူး။
Verb to be ၏ အဓိပ္ပာယ်က ရှိသည်၊ဖြစ်သည်
ဆိုပေမယ့် / complement-( C ) / အခန်းမှာ
အများအားဖြင့် ( ဖြစ်သည် ) ဟုသာ သုံးစွဲပါသည်။

ဘာဖြစ်တာလဲ မသိရသည့်အတွက်
ဝါကျ၏ အဓိပ္ပာယ်က တန်းလန်းကြီး ဖြစ်နေပါတယ်။
Incomplete ဖြစ်နေသည့်အတွက် ပြည့်စုံစေဖို့
ကြိယာကို မေးခွန်းထုတ်ယူဖို့ လိုလာပါပြီ။
ဒါ့ကြောင့် ( what )ကို အသုံးပြုပြီး မေးကြည့်ရရင်-
are what?ဘာဖြစ်တာလဲ။
 a girl မိန်းကလေးတစ်ယောက်

You are a girl.
S.      V.    C
သင်က မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။

ဒီဝါကျကို definition နဲ့ တိုက်ကြည့်ရမယ်ဆိုရင်-
( a girl ) ဟာ စကားစု တစ်ခု ဖြစ်ပါသည်။
ဖြစ်ခြင်းပြ ကြိယာ linking verb ( are )
အနောက်မှာ တည်ရှိနေပြီး၊
ကြိယာ ( ဖြစ်သည် ) ၏ အဓိပ္ပာယ်ကို
ပြည့်စုံစေဖို့ ဖြည့်ဆည်းပေးထားပါသည်။
၎င်းအပြင် subject ကို မည်သူမည်ဝါဖြစ် ကြောင်း ( identify ) သက်သေခံထားပါသည်။
ဒါ့ကြောင့် subject complement ဟုသတ်မှတ်ပါသည်။

( are ) ကို ဘာ့ကြောင့် linking verb လို့ခေါ်ရသလဲ ဆိုတာ သိထားဖို့လိုပါသည်။

Subject နဲ့ Complement  နှစ်ခုကို
( ဖြစ်သည် )ဆိုသည့် ကိုယ်ပိုင် အဓိပ္ပာယ်ဖြင့်၊
၎င်းတို့ နှစ်ခုသည် အတူတူပဲဖြစ်ကြာင်း
ချိတ်ဆက် ပေးထားသည့်အတွက် linking verb ဟု ခေါ်ရခြင်းဖြစ်ပါသည်။

I am a boy. ( I = a boy )
You are a girl. ( You = a girl )
My name is Tun Tun.( My name= Tun Tun)
She is a teacher. ( She = a teacher )
I am a student. ( I = a student )

Subject ကို Complement က အမည်သစ်တစ်ခု ( rename ) အနေဖြင့် ဖော်ပြခြင်းကို
( Identify )ပြုလုပ်သည်ဟု ခေါ်ပါသည်။

ဒါဆိုရင် 
( Describe ) သရုပ်ဖော်ပြသည် ဆိုတာ 
ဘာကို ခေါ်သလဲလို့ သိဖို့ကျန်နေ‌ပါသည်။
ကြိယာ၏ အဓိပ္ပာယ် အပေါ်မူတည်၍
Subject ( ဘာဖြစ်နေသလဲ )ဆိုတာကို
ဖော်ထုတ်ပြခြင်းအား describe ပြုလုပ်သည်ဟု ခေါ်ပါသည်။

Identify က ( noun )ကို အသုံးပြုပြီး
Describe က ( adjective )ကို အသုံးပြုပါသည်။

အမှန်တကယ်က Complement ဆိုတာ
Subject သို့မဟုတ် Object ကို
( describe )ပြုလုပ်ပေးသည့် စကားစုကို
ခေါ်ပါသည်။
ဒါ့ကြောင့် ( describe ) စကားလုံးတစ်ခုကိုသာ
မှတ်သားထားရင် လုံလောက်ပါတယ်။

Describe ပြုလုပ်ရာ၌ အသုံးပြုသည့်
Linking verb (၃)မျိုးရှိပါသည်။

(1). Verb to be ဖြစ်ခြင်းပြ linking verb 
be( am,is,are / was, were ) been 
S      V .    C
She is beautiful. 
He is smart.
I am happy.
They are  honest.
He was absent yesterday.
We were close friends in childhood.
She have been a teacher for five years.

(2). Sense အာရုံခံစားမှုပြ linking verb 
test ( အရသာ ), smell ( အနံ့ ),sound (အသံ ),
look ( အမြင် ), feel ( ထိတွေ့ခံစားမှု )
S.                        C
The soup tastes sour. 
ဒီဟင်းချို အရသာက ချဉ်တယ်။
The flower smells sweet.
ဒီပန်းပွင့် ရနံ့က မွှေးကြိုင်ပါတယ်။
The music sounds great. 
ဒီဂီတ အသံက အလွန် ကောင်းပါတယ်။
He looks tired.
သူကြည့်ရတာ ပင်ပန်းနေပုံရတယ်။
She feels sick.
သူမ နေမကောင်းသည့် ဝေဒနာ ခံစားနေရတယ်

(3). Changing အခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုပြ linking verb 
(become, grow, turn, get, go, come, prove, remain, stay, keep, seem, appear)
He became a famous doctor.
သူဟာ နာမည်ကြီး ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပါသည်။

The leaves turn yellow in autumn.
ဆောင်းဦးရာသီမှာ သစ်ရွက်တွေ အဝါရောင်
အဖြစ်သို့ ပြောင်းလဲသွားပါသည်။

In winter,it gets dark early.
ဆောင်းရာသီမှာ စောစောစီးစီး မှောင်လာတက်ပါတယ်။

The milk went sour. 
နို့ ချဉ်သွားခဲ့သည်။

My dream came true.
ငါ့အိပ်မက် တကယ် ဖြစ်လာခဲ့သည်။

The new method proved effective.
နည်းလမ်းအသစ်က ထိရောက်မှုရှိကြောင်း
သက်သေထူခဲ့ပါသည်။

The problem remains unsolved. 
ပြဿနာက မဖြေရှင်းနိုင်ပဲ ကျန်ရှိနေပါသည်။

You must keep quiet in the library. 
စာကြည့်တိုက်ထဲမှာ တိတ်တိတ်နေပါ။

He seems happy today.
သူ ဒီနေ့ ပျော်နေပုံရတယ်။

She appears happy with her new job. 
သူမဟာ အလုပ်အသစ်နဲ့အတူ ပျော်နပုံရတယ်။

Seem က ( mind )စိတ်ထဲကဖြစ်‌ပေါ်လာတာ
Appear က ( eye )မျက်စိရှေ့မှာဖြစ်‌ပေါ်လာတာကို ဖော်ပြပါသည်။

A ghost appears in the dark.
အမှောင်ထဲမှာ သရဲတစ်ကောင် ပေါ်လာသည်။

2. Object Complement ( ကံ ဖြည့်ပုဒ် )
An object complement is a word or group of words that follows an object,
completes the meaning of the verb, and identifies or describes the object. 

ကံပုဒ် အနောက်က စကားလုံး၊စကားစု တို့သည်
ကြိယာ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ပြည့်စုံစေပြီး ၊ ကံပုဒ်စုကို ( I / D ) ပြုလုပ် ပေးမည်ဆိုပါက ၎င်းကို ( ကံဖြည့်ပုဒ် )ဟု ခေါ်ပါသည်။

ဥပမာ
We elected him team leader.
S.      V.      O.            C. 
We ( S ) ကျွန်ုပ်တို့သည်
elected ( V ) ရွေးချယ်ခဲ့ကြသည်
( whom ဘယ်သူကိုလဲ)
him ( O ) သူ့ကို 
( how မည်ကဲ့သို့နည်း )
team leader ( C ) အသင်းခေါင်းဆောင်အဖြစ်

ကျွန်ုပ်တို့သည် သူ့အား အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခဲ့ကြပါသည်။

We call him leader.
S.     V.    O.    C. 
ကျွန်တော်တို့က သူ့ကို ခေါင်းဆောင်လို့ ခေါ်ကြပါသည်။

They made me happy.
S.          V.      O.     C
သူတို့က ကျွန်တော့်ကို ပျော်ရွှင်စေခဲ့ပါသည်။

They named the baby Su Su.
S             V.         O           C
သူတိုက ကလေးကို စုစုလို့ အမည်ပေးခဲ့ကြပါသည်။

အသုံပြုမှုများသော ဤကြိယာများသည်
Object Complement နှင့် တွဲလေ့ရှိပါသည်။
make, elect, appoint, name, call, consider, find, keep, leave, paint, drive, want, wish, like, see, hear, watch, feel

Hard work will make you successful.
They elected him president.
The board appointed her CEO.
His parents named him Tun Tun.
You don't call me stupid.
I consider him my best friend.
I found a book interesting.
I keep my room clean.
She painted the wall blue.
She drove me crazy.
I wish you success.
I saw him crossing the road.
We watched the sun setting over the ocean.
She feels tired.

အချုပ်အားဖြင့်
Object Complement သည်
( S V O C  ) Pattern ကို အသုံးပြုပြီး၊
Subject Complement သည်
( S V C ) Pattern ကိုသာ အသုံးပြုပါသည်။
The news made him sad.
       S.           V.      O.    C.
Honey tastes sweet.
    S.        V.         C.

 Object အနေဖြင့်
( S V O ) Pattern ကို အသုံးပြုပါသည်။
Object နှစ်မျိုးရှိသည့်အတွက်
( S V IO DO ) နှင့် ( S V DO to/for IO ) ဟူ၍
ပုံစံ နှစ်ခု ရှိ‌လာပါသည်။
I bought him a present.
S.   V.        IO.      DO.
I bought a present for him.
S.  V.         DO.           IO

Pattern တွေကို အလွတ်ကျက်ဖို့ မလိုဘူး။
SVOCPMTR အစီအစဉ်အရ 
SV အထိုင်ကလွဲရင် 
OCPMTR ကို မရှိတာကျော်လိုက်ရုံပါပဲ။
ရှိနေရင်သာ ထို အစီအစဉ်တိုင်းချရေးလိုက်ပါ။
ထွေထွေထူးထူး စဉ်းစားစရာမရှိတာကြောင့်
လွယ်ပါတယ်။

SVOC အကြောင်းလေ့လာပြီးရင် 
Adverb( A) အကြောင်းလေ့လာဖို့လိုပါတယ်။
ကြိယာဝိသေသန အကြောင်းလေ့လာလိုက်ရင်
( PMTR ) ကို လေ့လာပြီးသား ဖြစ်သွားသည့်အတွက် ဝါကျတစ်ခုကို လွယ်ကူစွာ
တည်ဆောက်တက်လာပါမည်။

SVOCPMTR ကို ဘယ်လို အသုံးပြုရသလဲဆိုတာ နားလည်သွားခဲ့ရင် အခြေခံ ဝါကျတစ်ခု
တည်ဆောက်ရတာ လေချွန်သလောက် မခက်ပါဘူးဟု သိမြင်ခံစားရလာပါလိမ့်မည်။


No comments: