Thursday, April 30, 2026

Verb

4.Verb ( ကြိယာ ) စကားလုံးများ အကြောင်း ။

Verb (ကြိယာ) သည် ဝါစင်္ဂ (၈) မျိုးထဲမှ 
တစ်ခုဖြစ်ပြီး ပြုလုပ်ခြင်း (action)၊ 
ဖြစ်ခြင်း (state)၊ ရှိခြင်း (existence) တို့ကို ဖော်ပြသော စကားလုံးများ ဖြစ်ပါသည်။

ဝါကျတစ်ခုအတွင်း၌ Subject (ကတ္တား) ၏
( လုပ်ဆောင်ချက် )ကို ဖော်ပြရန် အသုံးပြုပါသည်။

ထို့ကြောင့် ( ကြိယာ )ဆိုသည်မှာ-

ရှိခြင်းကို ဖြစ်စေ၊ ဖြစ်ခြင်းကို ဖြစ်စေ၊
ပြုလုပ်ခြင်းကို ဖြစ်စေ ဖော်ပြပုံ‌ဖော်တက်သော စကားလုံးများကို ကြိယာ ဟု ခေါ်ပါသည်။

မြန်မာလို ( သည် /တယ် ) စကားလုံးများနဲ့ အဆုံးသတ်ပါသည်။
ဥပမာ။
eat = စားသည်
become = ဖြစ်‌လာသည်

ဝါကျတစ်ခုကို (Subject+Predicate )
ဖြင့် ဖွဲ့စည်းထားပါသည်။
Predicate ဟာ Subject ဘာပြုလုပ်သည်
ဆိုတာကို ဖော်ပြပေးခြင်းကြောင့် ၊
Predicate အစိတ်အပိုင်းထဲမှာ verb ပါဝင်နေပါတယ်။
Predicate=( V+A ) လို့ ဆိုလိုထားသည့်အတွက် ဝါကျတစ်ခုမှာ အဓိက ဇာတ်ဆောင်က( verb ) ဖြစ်ပါတယ်။

ဝါကျတစ်ခု တည်ဆောက်ဖို့ အတွက် အလိုအပ်ဆုံးအရာက verb ဖြစ်ပါတယ်။
Verb မပါရင် ဝါကျတည်ဆောက်လို့ မရပါ။

ဝါကျတစ်ခု၏ အနှစ်ချုပ်ဟာ ( S.V. A )ဖြစ်သည့်အတွက်
The verb is the central point of a sentence
ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကား တခုနဲ့ ခိုင်းနှိုင်းကြည့်ရရင်
Verb က မင်းသား နဲ့တူပါတယ်။
Subject က မင်းသမီး ပါ။
Adverbial က ဇာတ်ပို့/ဇာတ်ရံ တွေပါ။

Verb( ကြိယာ )
Verb ကို အဓိက အားဖြင့် ( ၃ )ပိုင်းခွဲ၍
လေ့လာကြရပါမည်။
1. Main Verb ( မူရင်း ကြိယာ ) နဲ့
2. Tense Verb ( ကာလပြ ကြိယာ )
3. Other Verb ( အခြားဖွဲ့စည်းမှုပြ ကြိယာ )
ဟူ၍ သုံးမျိုး ရှိပါသည်။

1. Main Verb ( မူရင်း ကြိယာ ) 

အင်္ဂလိပ် အက္ခရာစာလုံး ( ဗျည်း နဲ့ သရ ) တို့ ပေါင်းစပ်၍ ဖြစ်ပေါ်လာသော
ကြိယာစကားလုံးများကို မူရင်းကြိယာ
( Main verb ) ဟု ခေါ်ပါသည်။
Ordinary verb သို့မဟုတ် Base verb ဟူ၍လည်း ခေါ်ဆိုကြပါ‌သည်။

2. Tense verb ( ကာလပြ ကြိယာ ) 
- ဝါကျတစ်ခုသည် 
- မည်သည့် အချိန်ကာလ တို့၌ 
- ဖြစ်ပျက်မှုကို စတင်ကြောင်း
- ရည်ညွှန်း ရေးသားရန် အတွက်
အသုံးပြုသော ကြိယာစကားလုံးများကို
Tense verb ဟု ခေါ်ပါသည်။

3.Other Verb ( အခြားဖွဲ့စည်းမှုပြ ကြိယာ)
၎င်းကြိယာပုံစံများ၌ 
Tense Verb ကြိယာများ
Passive Voice ကြိယာများ
စသဖြင့်( Verb Phrase )များ တည်ဆောက်မှု အားလုံး ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

အင်္ဂလိပ် ဝါကျများသည် ( ကာလ )ကို အခြေခံပြီး ရေးသားသည့်အတွက်၊ Tense Verb ကို သီးသန့် ခွဲထုတ်လိုက်သည့်အခါ ကြိယာပုံစံက
သုံးမျိုး ဖြစ်သွားရခြင်း ဖြစ်ပါသည်။

Main verb ( မူရင်း ကြိယာ )ကို 
A.1 . Action Verb နဲ့ 
    2 . State Verb 
B.1. Transitive Verb နဲ့
    2. Intransitive Verb 
C.1. Auxiliary Verb နဲ့
        - a . Helping verb 
        - b . Modal verb 
    2. Linking Verb 
     
ဟူ၍ သုံးမျိုး ကွဲပြားခြားနားသွားပါသည်။

A.1 . Action Verb 
Action Verb ဆိုသည်မှာ-
အပြုအမှု တစ်ခု၏ လုပ်ဆောင်ချက်ဟာ
လှုပ်ရှားပုံသက်ရောက်ခဲ့လျှင်
၎င်းကို ( Action Verb ) ဟု ခေါ်သည်။

ထိုသက်ရောက်မှုဖြစ်စဉ်အား မြင်ရလျှင်
ထိုအချင်းအရာကို( Physical action  )
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဟု ခေါ်ပါသည်။
ဥပမာ-
go  = သွားသည်
eat = စားသည်
cry = ငိုသည်
sit  = ထိုင်သည်

အကယ်၍-
သက်ရောက်မှုဖြစ်စဉ်အား မမြင်ရဘဲ
စိတ် အတွင်း၌သာ တစ်စိုက်မတ်မတ် ဖြစ်ပေါ်ခဲ့လျှင်- ၎င်းကို
( Mental action ) စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဟု ခေါ်ပါသည်။
ဥပမာ-
I am thinking about you.
ငါ မင်းအကြောင်း တွေးနေတာ။

A.2 - State Verb 
State Verb ဆိုသည်မှာ-
အပြုအမှု တစ်ခု၏ လုပ်ဆောင်ချက်ဟာ
လှုပ်ရှားပုံမရှိဘဲ သက်ရောက်ခဲ့လျှင်-
၎င်းကို ( State Verb ) ဟု ခေါ်သည်။
သို့သော်
State Verb စကားလုံးများသည် ဖြစ်ခြင်း၊
ရှိခြင်း၊အဖြစ်အပျက် နှင့် အခြေအနေများကိုသာ ဖော်ပြကြပါသည်။
ဥပမာ-
I think you're right.
မင်းမှန်တယ်လို့ ငါထင်တယ်။

ဝါကျ တည်ဆောက်မှုပေါ် မူတည်၍
မူရင်းကြိယာ စကားလုံးတို့ကို
-Transitive Verb နှင့်
- Intransitive Verb ဟူ၍ 
( ၂ ) မျိုး ခွဲခြားထားပါသည်။

B.1 - Transitive Verb 
ကြိယာ ၏ ပြုမူခြင်းသည်
ကံပုဒ် ( object ) လိုအပ်‌ နေလျှင်
ထိုကြိယာကို ( ကံပုဒ်ရှိ ကြိယာ )
ဟု ခေါ်ပါသည်။

B.2  - Intransitive Verb 
ကြိယာ ၏ ပြုမူခြင်းကို ခံရသော
ကံပုဒ် ( object ) မလိုအပ်လျှင် 
ထိုကြိယာကို(ကံပုဒ်မရှိ ကြိယာ) ဟု
ခေါ်ပါသည်။

Transitive Verb နှင့် Intransitive Verb ကို ခွဲခြားရန် Main Verb ကို အောက်ပါစကားလုံးများဖြင့် မေးခွန်းမေး၍ အဖြေထုတ်နိုင်ပါသည်။
1.( What )   = ဘာကို
2.( Whom ) = ဘယ်သူ့ကို

ဥပမာ-(၁)
သူ အိပ်သည်။
He sleeps.

Main verb ဖြစ်တဲ့ ( sleep ) ကို မေးခွန်းထုတ်ကြည့်မယ်ဆိုရင်-

What = ဘာကို အိပ်တာလဲ။
Whom = ဘယ်သူ့ကို အိပ်တာလဲ။
ဘာကို အိပ်လို့မရသလို
ဘယ်သူ့ကို အိပ်လို့ မရပါဘူး။

Main verb ( sleep ) ရဲ့ လုပ်ဆောင်ချက်ဟာ subject အပေါ်ကို သက်ရောက်နေပါတယ်။ထို့ကြောင့်( intransitive verb )ဟု ခေါ်ပါသည်။၎င်းကြိယာ များသည်
Subject ၏
Event = အဖြစ်အပျက်
State = အခြေအနေ
Emotion = စိတ်ခံစားမှု
Phenomena = သဘာဝဖြစ်စဉ်များ
စသည်တို့ကိုသာ ဖော်ပြကြပါသည်။

ဥပမာ(၂)-
Like ကို မေခွန်း ထုတ်ကြည့်မယ်ဆိုရင်

What ဘာကိုကြိုက်တာလဲ။( အဲ့ဒါကို )
Whom ဘယ်သူ့ကို ကြိုက်တာလဲ။(သူ့ကို)
တခုခုကို ကြိုက်လို့ ရနေပါသည်။

I like it. အဲ့ဒါကို ငါကြိုက်တယ်။
I like you.မင်းကို ငါကြိုက်တယ်။
ဒါ့ကြောင့် like ကို ကံရှိကြိယာ
transitive verb ဟု ခေါ်ဆိုပါသည်။

C.1 Axillary Verb 
Main Verb ကို tense, voice, question, negation, emphasis စတဲ့ ဖြစ်ရပ်များသို့ ပြောင်းလဲဖော်ပြရန်အတွက် အသုံး
ပြုထားသော ကြိယာစကားလုံးများကို  
( အကူကြိယာ ) ဟု ခေါ်ပါသည်။

၎င်းတို့မှာ-
am, is, are, was, were, be , been, being, has , have, had ,  does, do , did, 
can , could, Will, would, shall ,should, may, might, must ,....
စသည်တို့ ဖြစ်ကြပါသည်။

ထို အကူကြိယာ စကားလုံးတို့အား အသုံးပြုမှု အပေါ်မူတည်၍
C.1.a( Helping Verb ) နှင့်
C.1.b( Modal Verb   )ဟူ၍ နှစ်မျိုးခွဲခြားလိုက်ပါသည်။

C.1.a (Helping Verb )  မှာ
၁. Verb to be 
၂. Verb to have 
၃. Verb to do ဟူ၍ သုံးမျိုး ပြန်ခွဲခြား
သွားပါသည်။

၁. Verb to be 
be ( am, is, are ),(was, were ), been, being 
၂. Verb to have 
has, have, had
၃. Verb to do
does , do , did 

အထက်ပါ ( Helping Axillary Verb )တို့အား
Question? အမေးဝါကျများ၊
Tense အချိန်ကာလများ၊
Active voice/passive voice များ၊
Negation ဆန့်ကျင်ငြင်းဆိုမှုများ၊
Emphasis မူရင်းကြိယာကို လေးနက်စေလိုသောအခါများမှာ အသုံးပြုကြပါသည်။

I like it. အဲ့ဒါကို ငါကြိုက်တယ်။
I do like it.အဲ့ဒါကို ငါတကယ်ကြိုက်တာ။

ဒီဝါကျမှာ အသုံးပြုထားတဲ့ ( do )
ဟာ Helping Axillary Verb ဖြစ်ပြီး၊
( like )ကြိယာကို ပိုမိုလေးနက်စေရန်
Emphasis ပုံစံ အသုံးပြုထားခြင်းဖြစ်ပါသည်။

 C.1.b ( Modal Verb )

Can , Could 
Will , Would 
Shill , Should 
May
Might 
Must 
အထက်ပါ  Modal Axillary Verb တို့သည် Main Verb မူရင်းကြိယာအား
ဖြစ်နိုင်စွမ်း၊ခွင့်ပြုချက်၊တာဝန်၊အကြံပြုမှု၊အစွမ်းအစ၊အနာဂတ်အားခန့်မှန်းမှု စသည့် အခြေအနေနဲ့ဖြစ်ရပ်များကို ဖော်ပြရန်အတွက် အသုံးပြုကြပါသည်။

မြန်မာလို -
~နိုင်တယ်၊~လိမ့်မယ်၊~သင့်တယ်၊
~ လို့ ရမလား၊~နိုင်ပြီ၊ ~ရမယ်.....
စသည့် အဓိပ္ပာယ်မျိုးဖြင့် ရေးသား
ဖော်ပြရာ၌ အသုံးပြုပါသည်။

Modal Verb အသုံးပြုမှုဟာ ရှုပ်ထွေးစွာ
တည်ရှိနေပါသည်။
ဝါကျတည်ဆောက်ပုံ နဲ့ ပြောလို ‌‌‌ရေးလိုသော အကြောင်းအရာပေါ် မူတည်၍ သုံးစွဲရပါသည်။

အခြေခံ သဘောတရား လောက်သာ
ဖော်ပြလိုက်ပါသည်။

Can ( နိုင်-တယ်/ပြီ ) 
ထို စကားလုံးကို ပစ္စုပ္ပန်အကြောင်း ဖော်ပြရာ၌ အသုံးပြုပါသည်။

ability ( တက်နိုင်စွမ်း)
- I can do it.
အဲ့ဒါကို ငါလုပ်နိုင်တယ်။

Permission ( ခွင့်ပြုမှု )
- You can go now.
ယခု မင်း သွားနိုင်ပြီ။

Possibility ( ဖြစ်နိုင်ခြေရှိမှု )
- Smoking can cause lung cancer.
ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ပါသည်။

Could 
ထိုစကားလုံးကို (အတိတ်က လုပ်နိုင်ခဲ့မှုများ)၊
Request ( တောင်းဆိုမှု )များ ပြုလုပ်ရာ၌ အမေးစကားလုံး အနေနဲ့အသုံးပြုပါသည်။

When I was young,I could run fast.
ငါငယ်ငယ်တုန်းက မြန်မြန်ပြေးနိုင်ခဲ့တယ်။

Could you help me, please?
ကျေးဇူးပြု၍ ကူညီ နိုင်မလား။

Will / Shall
အနာဂတ်တွင် ဖြစ်လာမည့် အရာများကို ဖော်ပြရန် အသုံးပြုပါသည်။
( ဆန္ဒ၊ ကတိ၊ ကတိကဝတ်၊ ခန့်မှန်းချက် ဆုံးဖြတ်ချက်များကို ဖော်ပြရန် အတွက်
အသုံးပြပါသည်။)
shall ကို ( I  , We )တို့နဲ့ တွဲသုံးပါသည်။

Would / Should 
Would ကို အတိတ်ကာလ၏ အနာဂတ်ဖော်ပြချက်များ ပြောဆို‌ရေးသားရာ၌ အသုံးပြုပါသည်။
ဥပမာ-
He said he would call me.
သူ ငါ့ကို ဖုန်းဆက်မယ်လို့ ပြောခဲ့တယ်။

He said က အတိတ်ကိုရည်ညွှန်းထားပြီး၊
he would call me က အနာဂတ်ကို ရည်ညွန်းထားတာ ဖြစ်ပါသည်။

I thought he would come to the party.
သူ ပါတီကို လာမယ်လို့ ငါထင်ခဲ့တာ။

They promised they would help me.
ငါ့ကိုကူညီမယ်လို့ သူတို့ ကတိပေးခဲ့ကြတယ်။

နောက်တစ်ခုက အတိတ်ကာလတုန်းက
လုပ်လေ့လုပ်ထ ရှိခဲ့တဲ့ ( အလေ့အထကို )
ဖော်ပြရာ၌ would ကို အသုံးပြုသည်။

When I was young, I would play football every day.
ငါငယ်ငယ်တုန်းက နေ့တိုင်း ဘောလုံးကစားခဲ့တာ။

Would ကို 
1. Future in the past 
အတိတ်ကာလ၏ အနာဂတ် ဖော်ပြမှု

2. Past habits 
အတိတ်ကာလ၏ အလေ့အထများကို

ဖော်ပြရန်အတွက် အသုံးပြုသည်ဟု
သာ မှတ်မိပါသည်။

Should 
ထို စကားလုံးကို ( Advise ) အကြံပြုလိုသည့် အခါ (~သင့်သည် )ဟူသော 
အဓိပ္ပာယ်ဖြင့် အသုံးပြုပါသည်။
ဥပမာ-
You should study harder.
မင်း အစွမ်းကုန် လေ့လာသင့်တယ်။

You should see a doctor.
မင်း ဆရာဝန်ကို ပြသင့်တယ်။

May 
May နှင့် Might သည် ဖြစ်နိုင်ချေရှိမှုကို ပြသသောကြိယာများဖြစ်သည်။

May – ဖြစ်နိုင်ချေ (များ )ပါသည်။
Might – ဖြစ်နိုင်ချေ( နည်းနည်းသာ) ရှိပါသည်။
ဥပမာ-
He may come to the party.
သူ ပါတီကို လာနိုင်တယ်။
( လာနိုင်ချေ ပိုများတယ်။)

He might come to the party.
သူ ပါတီကို လာနိုင်တယ်။
( လာနိုင်ချေ နည်းတယ်။မသေချာဘူး။)

I don't think so.ငါတော့ မထင်ဘူး။
ဆိုတဲ့ အနေထားမျိုးမှာ might ကို အသုံးပြုပါ။

Must 
ထို စကားလုံးကို တာဝန်နှင့်ဝတ္တရားများအား 
မဖြစ်မနေ လုပ်ဆောင်ရန် အတွက် အသုံးပြုပါသည်။
ဥပမာ-
You must not smoke here.
မင်းဒီမှာ ဆေလိပ်သောက်လို့ မရဘူး။

You must go now.
မင်း အခု သွားတော့။

You must follow the rules.
စည်းကမ်းများအား လိုက်နာပါ။

You must respect your teacher.
မင်းရဲ့ဆရာကို မင်းလေးစားပါ။

မှတ်ချက်။
အထက်ပါ Modal Verb ကြိယာ စကားလုံးများကို( purpose - ရည်ရွယ်ချက် )များ ဖော်ပြရာ၌( so that )နှင့် တွဲသုံးပါသည်။ 
( so that ) အနောက်မှာ ရှိတဲ့
( Modal Verb + V1 ) အတွဲကို 
( ~ ဖို့ အတွက် ) လို့ ဘာသာပြန်ပါသည်။
can + pass = အောင်ဖို့အတွက်
can + buy = ဝယ်ဖို့အတွက်...  စသဖြင့်

so that အရှေ့က ဝါကျဟာ
Present tense ဆိုရင် သူ့အနောက်က ဝါကျဟာ present tense ပါပဲ။

so that  အ‌ရှေ့က ဝါကျဟာ
Past tense ဆိုရင် သူ့အနောက်က ဝါကျဟာ
past tense ပါပဲ။
ချွင်းချက်ရှိတယ် ထင်ပါတယ်။

ဥပမာ-
I study hard so that I can pass the
exam.
စာမေးပွဲ အောင်ဖို့ စာကြိုးစား‌တယ်။

ဘာလုပ်ဖို့အတွက် ဒီလိုလုပ်ရတာ -ဆိုရင်
(ရည်ရွယ်ချက်)ကို ဖော်ပြပါသည်။

ဒါကြောင့် ဒီလိုလုပ်ရတာ - ဆိုရင်
(အကြောင်းပြချက်)( Reason )ကို ဖော်ပြပါသည်။
ဥပမာ
I go to the store so that I can buy some milk. (ရည်ရွယ်ချက်)
I go to the store because I want to buy some milk.(အကြောင်းပြချက် )

C.2 - Linking verbs (အဆက်ကြိယာ)
Subject နဲ့ complement ကို ချိတ်ဆက်ပေးသော ကြိယာကို linking verb ဟုခေါ်ပါသည်။အများအားဖြင့်
Subject နဲ့ Adjective 
Subject နဲ့ Noun တို့ကို ချိတ်ဆက်ပါသည်။

Linking verb ( ၃ )မျိုးရှိပါသည်။
1.( verb to be )
2.( sense verb )
3.( other state verb )

verb to be 
am,is,are / was,were

sense verbs
look, sound, smell, taste , feel 

other state verbs မှာ
ဖြစ်ပေါ်ပြောင်းလဲမှုပြ  ( verbs )နှင့်
အခြေအနေပြ ( verbs )များ  ဟူ၍နှစ်မျိုးရှိပါတယ်။
1.become,grow, turn, get, go, come
2.seem, appear, remain ,stay ,prove

ဥပမာများ-
Verb to be 
am - I am happy.
is   - She is a teacher.
are - They are students.
was - He was tired.
were - We were excited.

Sense verb 
look - He looks tired.
sound  -That sounds interesting.
smell  -The food smells delicious.
taste - This soup tastes great.
feel  - I feel sick.

ဖြစ်ပေါ်ပြောင်းလဲမှုပြ ကြိယာ
Become – She becomes a doctor.
Grow – He grows angry.
Turn – The sky turns dark.
Get – He gets tired.
Go – She goes crazy.
Come – The dream comes true.

အခြေအနေပြ ကြိယာ
Seem – He seems tired. 
Appear – She appears happy.
Remain – He remains calm.
Stay – Stays strong.
Prove – The idea proves useful.

2. Tense Verb ( ကာလပြ ကြိယာ ) 
Tense ဆိုတာကို နားလည်ထားဖို့လိုပါတယ်။
အချိန်ကာလကိုဖော်ပြသောသဏ္ဌာန်
တစ်ခုသာ ဖြစ်သည်ဟု မှတ်ထားပါ။

( ကာလ ) သုံးမျိုး ရှိပါသည်။
1. ပစ္စုပ္ပန် ကာလ( Present Tense )
2. အတိတ် ကာလ ( Past Tense )
3. အနာဂတ် ကာလ ( Future Tense )
စသည်တို့ဖြစ်ကြပါသည်။

Main Verb အား ကြိယာသဏ္ဌာန်ပြောင်းပြခြင်းကို ( conjugation ) ပြုလုပ်သည်ဟု
ခေါ်ပါသည်။ထိုသို့ ပြုလုပ်လိုက်သော အခါ 
( verb form ) နှင့် ( verb tense ) ဟူ၍ နှစ်မျိုး ဖြစ်ပေါ်လာပါသည်။

 1. Verb Form 
 2. Verb Tense 

1. Verb Form 
Verb form ပုံစံ လေးမျိုး ရှိပါသည်။
၎င်းတို့မှာ-
V1 , V2 , V3 , V4 တို့ဖြစ်ကြပါသည်။
ဥပမာ
V1     V2         V3        V-ing 
play  played  played  playing 

မူရင်းကြိယာကို ( -ed ) ပေါင်းထည့်လိုက်ပါက ( V2 နဲ့ V3 ) တို့ကို ရရှိကြပါသည်။

မူရင်းကြိယာကို ( -ing ) ပေါင်းထည့်လိုက်ပါက ( V4 ) ကို ရရှိစေပါသည်။

သို့သော်-
အခြား ကြိယာ တို့သည် ထိုကဲ့သို့ မဟုတ်ဘဲ 
( -ed ) ပေါင်းထည့်ခြင်းကို ဆန့်ကျင်
၍ သီးခြား ပုံစံဖြင့် တည်ရှိ နေကြပါသည်။ဥပမာ-
V1    V2     V3     V-ing 
go   went  gone  going 
eat  ate     eaten eating 
၎င်းပုံစံကို ပုံမှန်မဟုတ်သော ကြိယာ
( Irregular verb )ဟုခေါ်ပါသည်။

-ed ပေါင်းထည့်နိုင် သော ကြိယာကို
( Regular verb ) ဟု ခေါ်ပါသည်။

ထို့ကြောင့် Verb Form ပုံစံ အတွင်း၌
1. Irregular verb နှင့်
2. Regular verb ဟူ၍ နှစ်မျိုး ရှိသည်ဟု မှတ်သားထားပါ။

Irregular verb တွေကိုတော့ အလွတ်ရအောင် ကျက်မှတ်ထားသင့်ပါသည်။
ကျောင်းသားဘဝတုန်းက irregular verb စုစုပေါင်း ( 235 )လုံးကို A to Z
series အလိုက် ကျက်ခဲ့မှတ်ခဲ့ရပါသည်။

ထိုမှတပါး အခြားသော မူရင်းကြိယာများကို 
(-ed )ပေါင်းထည့်လိုက်ပါက
V2 V3 ကို ရရှိလာမည် ဖြစ်ပြီး၊
(-ing ) ပေါင်းထည့်လိုက်ပါက V4 
ပုံစံကို ရရှိလာမည် ဖြစ်ပါသည်။

-ed ပေါင်းထည့်ပုံ (နှစ်)မျိုး ရှိပါသည်။

၁.မူရင်းကြိယာ၏ အဆုံးသတ် စာလုံးကို
ကြည့်ပြီး -ed ပေါင်းထည့်ခြင်း။

၂.မူရင်းကြိယာ၏ နောက်ဆုံး အသံကို
ကြည့်ပြီး -ed ပေါင်းထည့်ခြင်း။

ထိုသို့ပြုလုပ်ရန် စည်မျဉ်း အချို့ကို သိရှိထားရန် လိုအပ်ပါသည်။၎င်းတို့မှာ-

၁.မူရင်းကြိယာ၏ အဆုံးသတ် စာလုံးကို
ကြည့်ပြီး -ed ပေါင်းထည့်ခြင်း။

1-ပုံမှန်စည်းမျဉ်းအရ မူရင်းကြိယာကို
(-ed ) သာ ပေါင်းထည့်ပါသည်။
Walk - walked
Play - played 
Jump - jumped

2 -မူရင်းကြိယာသည်
- ( e ) ဖြင့် အဆုံးသတ်ပါက ( d )သာပေါင်းထည့်ပေးရပါမည်။
Love - loved 
Bake - baked 
Smile - smiled

3-မူရင်းကြိယာသည် (-y )နဲ့အဆုံးသတ်လျှင်-လိုက်နာရမည့် စည်းမျဉ်း (၂)ခုရှိပါသည်။

( a ) Y ရှေ့မှာ ( ဗျည်း )ရှိပါက
. y ကို ( i ) ပြောင်း -ed ပေါင်းပါ။
cry - cried 
try - tried 
carry - carried 

( b ) Y ရှေ့မှာ ( သရ )ရှိပါက
. -ed သာ ပေါင်း ပေးပါ။
play - played 
enjoy - enjoyed

4-မူရင်းကြိယာသည် (-c ) ဖြင့် အဆုံးသတ်ပါက-
- c ကို k ပေါင်းပြီးမှ (-ed ) ပေါင်းပါ။
( -ked ) ပေါင်းသည်ဟု မှတ်ယူပါ။
panic - panicked 
picnic - picnicked 
traffic - trafficked 
ချွင်းချက် အနေဖြင့်
arc - arced
zinc - zinced

၂.မူရင်းကြိယာ၏ နောက်ဆုံး အသံကို
ကြည့်ပြီး -ed ပေါင်းထည့်ခြင်း။

အသံ ( ၂ )မျိုး ရှိပါသည်။
1. Syllable 
2. Stress 

Syllable ဆိုသည်မှာ-
အင်္ဂလိပ် အက္ခရာ ( ဗျည်း နှင့် သရ ) တို့
ပေါင်းစပ်ထားသည့် စကားလုံး တစ်ခုကို
စာလုံးပေါင်းဖတ်လိုက်သောအခါ ထွက်ပေါ်လာသည့် အသံကို ခေါ်ပါသည်။

တစ်သံ ထွက်ရင် one syllable 
နှစ်သံ ထွက်ရင် two syllable 
သုံးသံ ထွက်ရင် three syllable 
ဥပမာ-
per        = one syllable 
per,mit = two syllable 
per,mis,sion = three syllable 

Stress ဆိုသည်မှာ  
နှစ်သံ နှင့် အထက် စကားလုံးတို့တွင်
တစ်သံကို ( ဖိရွတ် )ရသောအခါ -
၎င်းအသံကို ဖိရွတ်သံ ( stress )ဟုခေါ်ပါသည်။

တနည်းအားဖြင့်-
ကျယ်ကျယ်လောင်လောင် ရွတ်ဆိုရသည့်
အသံကို ( stress ) ဟု ခေါ်ပါသည်။
ဥပမာ-
permit =/ ပါမေတ် /
ထိုစကားလုံးမှာ အသံ နှစ်ခု ရှိပါသည်။
အသံနှစ်ခုမှာ mit / မေတ် / အသံသည် 
ဖိရွတ်ရ သောကြောင့် / ပါ / အသံထက် အသံထွက်ပိုကျယ်ပါသည်။
၎င်းကို stress ကျသည်ဟု ခေါ်ပါသည်။

အထက်ပါ အကြောင်းအရာကို နားလည်ဖို့အတွက် အသံထွက်နည်းကို သိရှိထားရန်လိုအပ်ပါသည်။
တိတိကျကျ နဲ့ အသံထွက်မှန်ကန်ဖို့ 
( Pronunciation )အသံထွက်ပုံ ပညာရပ်ကို လေ့လာထားဖို့လိုပါတယ်။

ဒီ အကြောင်းကို ကျောင်းတွေမှာ မသင်ခဲ့ရပါဘူး။ ချမသင်ဘဲ ပြောပြပြီးသင်ခဲ့ရတာဆိုတော့ မှတ်မိသလောက်သာ ဥပမာ
ပြ၍ ဖော်ပြပေးလိုက်ပါသည်။

နောက်တစ်ခုက
Consonant+Vowel+Consonant 
( ဗျည်း + သရ + ဗျည်း ) ပုံစံကို 
( CVC )ဟု အတို မှတ်ထားလိုက်ပါ။

( -ed ) ပေါင်းထည့်နည်း ပြန်စမယ်။

တစ်သံ ထွက်သည့် စကားလုံးများ၏ အဆုံး၌ (CVC) ပုံစံဖြစ် နေရင် -
နောက်ဆုံးဗျည်းကို နှစ်ခါပြု၍(-ed ) ပေါင်းပါ။
fit - fitted 
plan - planned 
rub - rubbed 
stop - stopped

ချွင်းချက် အနေဖြင့်
W , X တို့နှင့် အဆုံးသတ်ပြီး (CVC)ပုံစံ
ဖြစ်သော်ငြားလည်း၊ 
W နဲ့ X ကို နှစ်ဆ မပြုဘဲ (-ed )သာပေါင်းပါသည်။
fix - fixed 
mix - mixed 
row - rowed
snow - snowed 

နှစ်သံ ထွက်သည့် စကားလုံးများ၏ အဆုံး၌ (CVC) ပုံစံဖြစ် နေပြီး -
CVC အပေါ်သို့ stress ကျရောက်ပါက 
နောက်ဆုံး ဗျည်းကို နှစ်ခါထပ်၍ (-ed )
ပေါင်းပါ။
comfer - conferred 
prefer - preferred 
occur- occurred 
permit - permitted 

အဆုံး၌ ( CVC )ပုံစံ ဖြစ်သော်ငြား
Stress မကျပါက၊ နောက်ဆုံး ဗျည်းကို
နှစ်ခါထပ်စရာမလိုပါ။
Enter - entered
Happen - happened 
Listen - listened 
Open - opened 
visit - visited 

ချွင်းချက်အနေဖြင့်
မူရင်းကြိယာသည် ( L ) နဲ့ ဆုံးပြီး၊
Stress က ရှေ့ကျနေသော်လည်း
စည်းမျဉ်း ဥပဒေကို မလိုက်နာဘဲ
နောက်ဆုံး ဗျည်းကို နှစ်ဆပြု၍
( -ed ) ,( -ing )ပေါင်း ပါသည်။
Cancel cancelled cancelling 
Label labelled labelling 
Level levelled levelling 
Marvel marvelled 
Model modelled modelling 
Quarrel quarrelled quarrelling 
Signal signalled signalling 
Travel travelled travelling 

( V-ing ပြုလုပ်ပုံ )။

(-ing ) ပေါင်းထည့်ခြင်း 
ပုံမှန်အားဖြင့် မူရင်းကြိယာများအား
(-ing ) တိုက်ရိုက်ပေါင်းပါသည်။
eat - eating 
help - helping 
work - working 

သို့သော်
မူရင်းကြိယာသည် ( e ) ဖြင့် အဆုံးသတ်ပါက 
-e ကိုဖြုတ်ပြီး ( -ing ) ပေါင်းပါသည်။
come - coming 
make - making 
take - taking 
write - writing 

ဒါပေမယ့် ချွင်းချက်အနေဖြင့်
( be )စကားလုံးမှာတော့ e ကို မဖြုတ်ဘဲ
(-ing ) တိုက်ရိုက် ပေါင်းပါသည်။
be - being 

မူရင်းကြိယာသည် ( -ee , -oe , -ye )တို့ဖြင့် အဆုံးသတ်ပါက (-ing )ကို တိုက်ရိုက် ပေါင်းပါသည်။
Agree - agreeing 
Flee - fleeing 
Foresee - foreseeing 
free - freeing 
Guarantee - guaranteeing 
Knee - kneeing 
See - seeing 

Hoe - hoeing 
Shoe - shoeing 
Toe - toeing

Dye - dyeing 
Eye - eyeing 

မူရင်းကြိယာသည် ( ie ) ဖြင့်အဆုံးသတ်ပါက 
(-ie ) ကို ( y ) ပြောင်းပြီး (-ing ) ပေါင်းပါသည်။
die - dying 
lie - lying 
tie - tying 

မူရင်းကြိယာသည် ( c ) ဖြင့် အဆုံးသတ်ပါက 
C ကို k ပေါင်း၍ (-ing ) ပေါင်းပါသည်။
panic - panicking 
picnic - picnicking 
traffic - trafficking 

ချွင်းချက်အားဖြင့်
arc - arcing
zinc - zincing
zinc ( V ) = သံချေးကာ ရောင်ချယ် ဆေး သုတ်သည်။

အထက်ဖော်ပြပါ( Verb Form ) ပုံစံ ပြုလုပ်နည်းများကို အလွတ်ရအောင်
မှတ်ထားသင့်ပါသည်။
Tense Verb များတည်ဆောက်ရာ၌
အသုံးချသောအခါ နည်းစနစ်များအား
လွယ်လင့်တကူ ဖြစ်စေပါလိမ့်မည်။

V1/V2 သည်သာ ( ကြိယာ ) ဖြစ်ပါသည်။

V3/V4 သည် ( နာမဝိသေသန ) ဖြစ်ပါသည်။
၎င်းတို့ကို ( participle )ဟု ခေါ်ပါသည်။

Participle ဆိုသည်မှာ
ကြိယာ နှင့် နာမဝိသေသန သဘော (နှစ်မျိုး) ဆောင်သော အရာကို ခေါ်ခြင်းဖြစ်ပါသည်။

V3 နှင့် V4 တို့သည် ၎င်းတို့တစ်ခုတည်း (without auxiliary verbs) အကူကြိယာမပါဘဲ
ရပ်တည်သောအခါတွင် ၎င်းတို့သည် ကြိယာ၏ လုပ်ဆောင်ချက်ကို မဆောင်ရွက်ဘဲ Adjective သို့မဟုတ် Noun (Gerund) အ‌ နေဖြစ်သာရပ်တည်ကြပါသည်။

၎င်းတို့၏ ကြိယာ( Verb )ပုံစံတို့သည်
( Other Verb  Phrase ) ပုံစံ အနေဖြင့်သာ တည်ရှိ နေကြပါသည်။
ဥပမာ အားဖြင့်
၁။ Verb to be + V3
၂။ Verb to have + V3
၃။ Modal verb + be + V3
၄။ Modal verb + have + V3
၅။ Get + V3
၆။ seem/appear/feel + V3
၇။ If/when/with/without/unless + V3
၈။ Verb to be + V4
စသဖြင့်.....

2.Tense Verb 
အချိန်ကာလ တစ်ခုကို ရည်ညွှန်းဖော်ပြဖို့အတွက် မူရင်းကြိယာကို ပြုပြင်‌ဖန်တီးပြီး တည်ဆောက်ထားသော  စကားလုံး/စကားစု တို့ကို ကာလပြကြိယာ( Tense Verb ) ဟု ခေါ်ပါသည်။

ကာလ သုံးပါး ရှိပါသည်။၎င်းတို့မှာ-
၁.ပစ္စုပ္ပန် ကာလ ( Present tense )
၂.အတိတ်ကာလ ( Past tense )
၃.အနာဂတ်ကာလ( Future tense )

Present tense ပစ္စုပ္ပန်ကာလ သည်
( Today ) ယနေ့အကြောင်းကို ပြောပါသည်။

Past tense အတိတ်ကာလ သည်
( Yesterday ) မနေ့က အကြောင်းကို
ပြောပါသည်။

Future tense အနာဂတ်ကာလ သည်
( Tomorrow  )မနက်ဖြန် အကြောင်းကို
ပြောပါသည်။

ဒီသဘောတရားကို ယေဘုယျ အားဖြင့်သာ နားလည်ထားပါ။
ဘာဖြစ်လို့လဲဆိုတော့ -Today မှာ အတိတ် နှင့် အနာဂတ် ရှိနေလို့ပါ။
ဥပမာ-
နေ့ခင်း ၁၂:၀၀ နာရီ တိတိအချိန်မှာ
စကား နှစ်ခွန်း ပြောကြည့်ပါမယ်။

မနက်က ငါ ဈေးသွားခဲ့တယ်။(အတိတ်)
ဒီညနေ သူလာကြိုလိမ့်မယ်။( အနာဂတ် )

ဒါ့ကြောင့်

မဖြစ်ပေါ် သေးသည့် အချိန်ကာလ တစ်ခုကို အနာဂတ်ကာလ ( future tense )
ဟု ခေါ်ပါသည်။

ဖြစ်ပေါ်ခဲ့ဖူးသည့် အချိန်ကာလ တစ်ခုကို  အတိတ်ကာလ ( past tense ) ဟု
ခေါ်ပါသည်။

လက်ရှိ အချိန်ကာလ ကို
ပစ္စုပ္ပန်ကာလ ( present tense )ဟု ခေါ်ပါသည်။

၎င်းအချိန်များမှာ ဖြစ်ပျက်မှု ဆိုတာရှိပါသည်။
ထို ဖြစ်ပျက်မှု၏ လက္ခဏာ သွင်ပြင်ကို
( Aspect ) လို့ ခေါ်ပါတယ်။

Aspect ( ၄ )မျိုး ရှိပါသည်။၎င်းတို့မှာ
၁. Simple 
၂.Continuous 
၃. Perfect 
၄. Perfect Continuous 
စသည်တို့ ဖြစ်ကြပါသည်။

Simple tense
( ရိုးရိုးကာလ )

Continuous tense 
( ပြုလုပ်နေဆဲ ကာလ)

Perfect tense 
( ပြီးစီး ကာလ )

Perfect Continuous tense 
( ကြာမြင့်စွာ ဆက်လက်ပြုလုပ်နေဆဲကာလ )


Time ( 3 )မျိုး နှင့် Aspect ( 4 )မျိုး ကို မြှောက်လိုက်ရင်၊ Tense ( 12 )မျိုး ဖြစ်ပေါ်လာပါမည်။

ထို့ကြောင့် စုစုပေါင်း အချိန်ကာလ (၁၂)ခု ရရှိလာပါသည်။၎င်းတို့မှာ-

1. present simple tense 
2. present continuous tense 
3. present perfect tense 
4. present perfect Continuous tense 

5. past simple tense 
6. past continuous tense 
7. past perfect tense 
8. past perfect Continuous tense 

9.   future simple tense 
10. future continuous tense 
11. future perfect tense 
12. future perfect Continuous tense 

စသည်တို့ ဖြစ်ကြပါသည်။
အထက်ပါ ကာလများ၏ ကြိယာ ပုံသေနည်းများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည်။

1. present simple tense 
( V / Vs-es )
2. present continuous tense 
( Be1 + V-ing )
3. present perfect tense 
( Have/ Has + V3 )
4. present perfect Continuous tense 
( Have/Has + been + V-ing. )

5. past simple tense 
( V2 )
6. past continuous tense 
( Be2 + V-ing )
7. past perfect tense 
( Had + V3 )
8. past perfect Continuous tense 
( Had + been + V-ing )

9. future simple tense 
( Will + V1 )
10. future continuous tense 
( Will + be + V-ing )
11. future perfect tense 
( Will + have + V3 )
12. future perfect Continuous tense 
( Will + have + been + V-ing )

အထက်ပါ ကာလ ( ၁၂ )ခု၏ 
Tense Verb တည်ဆောက်မှုများကို
အလွတ်ရအောင် မှတ်သားထားဖို့လိုပါသည်။

A. Present tense 
[1]. Present simple tense 
ပစ္စုပ္ပန် ရိုးရိုး ကာလ

၁။ ပုံသေနည်း ( Structure )
|( S + V/ Vs-es )|
Action verb
- I do
- You do 
- We do 
- They do
- He does 
- She does 
- It does 
Present simple tense မှာ
Third person singular ဖြစ်သည့်
( He, She,It , singular noun) တွေကို အသုံးပြုသည့်အခါ ကြိယာကို အမြဲတမ်း 
( s-es )ပေါင်းထည့်ရပါသည်။

ဖြစ်ခြင်းပြ ကြိယာ သို့မဟုတ် Linking verb 
အနေဖြင့် အသုံးပြုသည့်အခါ
( I ) ကို အမြဲတမ်း ( am )နဲ့တွဲပါသည်။
( You,We, They )ကို ( are )နဲ့ တွဲပါ။
( He, She, It ) ကို ( is )နဲ့ တွဲပါ။
I am 
You are 
We are 
They are 
He is 
She is
It is 
Mg Mg is 

It ကို အသုံးပြုသည့်အခါ
1.( အချိန်၊ရာသီဥတု၊အကွာအဝေး) ကို
ဖော်ပြဖို့အတွက် အသုံးပြုပါသည်။
2. အရှေ့ဝါကျမှ အကြောင်းအရာ တခုခုကို
ရည်ညွှန်းဖော်ပြဖို့အတွက် အသုံးပြုပါသည်။
ဥပမာ
Where is your bag?
It is on the table.

Look at the elephant .It is so big.

I love that you passed the exam.It makes me happy.
ဒါ့ကြောင့် ( It )ကို သုံးဖို့အတွက် ရှေ့မှာ တစ်စုံတစ်ခုကို အရင် မိတ်ဆက်ထားရပါတယ်

My work timetable is fixed. It starts at 9 AM and it finishes at 5 PM.
ငါ့ အလုပ်ချိန်က ပုံသေပါပဲ။မနက်(၉)နာရီမှာ
စပြီး ညနေ(၅)နာရီမှာ အဆုံးသတ်ပါတယ်။

( It ) အသုံးကို Tense တွေနဲ့ တွဲပြီးမသင်ခဲ့ရဘူး။ Other usage အနေဖြင့်သာ သီးသန့်ခွဲပြီး
သင်ခဲ့ရပါသည်။

၂။ အသုံးပြုပုံ ( usage )

ပစ္စုပ္ပန် ရိုးရိုးကာလကို အောက်ပါ အကြောင်းအရာများအား ပြောဆို ရေးသားရာ၌ အသုံးပြုပါသည်။

1. General truths and facts
‌ယေဘုယျ အားဖြင့် မှန်ကန်နေတဲ့ 
အကြောင်းအရာ နဲ့ အချက်အလတ်များကို ဖော်ပြရာ၌ အသုံးပြုပါသည်။

-The sun rises in the east.
အရှေ့ရပ်က နေထွက်တယ်။

-Water boils at 100°C.
၁၀ဝဒီဂရီမှာ ရေဆူတယ်။

-Water freezes at 0°C.
သုံည ဒီဂရီမှာ ရေခဲတယ်။

- It is 9 O'clock now.
အခု ကိုးနာရီရှိပါပြီ။

It rains a lot in Yangon during monsoon.
မုတ်သုံရာသီ တစ်လျှောက် ရန်ကုန်မှာ မိုးအများအပြား ရွာပါသည်။

2. Habits and routines 
အလေ့အထများနှင့် လုပ်ရိုးလုပ်စဉ်များ
ဖော်ပြရာ၌ အသုံးပြုပါသည်။
Adverb of frequency စကားလုံးများကို
အသုံးပြု‌လေ့ရှိပါသည်။
( always, usually, often , etc .)
( every day/week/month/year/morning )
( once a day , twice a month, three times a year)
( on Mondays , on weekends )
( my habit to + V1 ) စသဖြင့်
Key words များ ပါလေ့ရှိပါသည်။

- I play football every day .
ငါနေ့စဉ် ဘောလုံးကစားတယ်။

- She eats an apple every day.
သူမ နေ့တိုင်း ပန်းသီးတစ်လုံး စားတယ်။

- He always weaks up early.
သူက အမြဲတမ်း အစောကြီး နိုးတယ်။

- He always drinks coffee in the morning.
သူမနက်တိုင်း ကော်ဖီအမြဲသောက်လေ့ရှိတယ်။

-She usually eats dinner at 7 PM.
သူက ညစာကို (၇)နာရီမှာ စားနေကျပါ။

-We often visit our grandparents.
ငါတို့သည် ငါ့တို့၏ဘိုးဘွားတွေဆီ မကြာခဏ
ဆိုသလို အလည်အပတ် သွားလေ့ရှိပါသည်။

- I sometimes play football on weekends.
စနေ၊တနင်္ဂ‌နွေဆို တခါတရံ ဘောလုံးကန်လေ့
ရှိပါတယ်။

-I play football on Sundays.
တနင်္ဂနွေနေ့တိုင်း ဘောလုံးကစားပါတယ်။

I rarely watch TV.
ငါ တီဗွီ ကြည့်ခဲ ပါတယ်။

I never eat meat.
ငါ ဘယ်တော့မှ အသား မစားဘူး။

It is my habit to drink coffee in the morning.
မနက်ခင်းမှာ ကော်ဖီသောက်တာ ငါ့ရဲ့အလေ့အထပါပဲ။

It rains here often.
ဒီမှာ မကြာခဏ မိုးရွာတယ်။
It does not rain here often.
ဒီမှာ မကြာခဏ မိုးမရွာဘူး။

It does rain here often.
ဒီမှာ မကြာခဏဆိုသလို မိုးရွာလေ့ရှိတယ်။


3. Unchanging situation 
ပြောင်းလဲတဲ့ အခြေအနေများ ဖော်ပြရာ၌ အသုံးပြုပါသည်။

- My name is Mg Mg.
ကျွန်တော့် အမည်က မောင်မောင်ပါ။
- She is a teacher.
သူမက ဆရာမပါ။
- I live in Yangon.
ကျွန်တော် ရန်ကုန်မှာ နေပါတယ်။
- I am a boy.
ငါက ယောင်္ကျားလေး/ယောက်ျားလေးပါ။
- You are a girl.
သင်က မိန်းကလေးပါ။
-It is a cat.
အဲ့ဒါက ကြောင်းပါ။

4. Schedule/ timetable 
အနာဂတ်ထဲမှာ ပြုလုပ်မည့် အစီအစဉ်တို့၏ အချိန်ဇယားများကို ဖော်ပြရာ၌ အသုံးပြုပါသည်။

-The train leaves at 9:00 P.M tomorrow.
မနက်ဖန် ည ၉ နာရီတွင် ရထားထွက်ပါမည်။

သတ်မှတ်၊ချိန်းဆိုထားပြီးသည့် အချိန်တို့၏ အစီအစဉ်များကို ဖော်ပြရာ၌ အသုံးပြုပါသည်။

သုံးစွဲပုံ ( ၂ )မျိုး ရှိပါသည်။

တစ်ခုက အများနဲ့သက်ဆိုင်တဲ့ အချိန်ဇယားတွေကို ဖော်ပြသည့်အခါ-
(simple present tense )ကို အသုံပြုပါသည်။

( Public timetable )
The exams start next Monday.
လာမည့် တနင်္လာနေ့မှာ စာမေးပွဲ စတင်ပါမည်။
The movie begins at 7:00PM.
ရုပ်ရှင်က ည(၇)နာရီမှာ စပြပါမည်။
Tomorrow is Friday.
မနက်ဖြန် သောကြာနေ့ ဖြစ်ပါသည်။

နောက်တစ်ခုက မိမိ တစ်ဦးတစ်ယာက်နဲ့သာ
သက်ဆိုင်တဲ့ အစီအစဉ်များဖြစ်ပါသည်။
( present continuous tense )ကို အသုံးပြုပြီးဖော်ပြပါတယ်။

( Personal timetable )
I am meeting my friend tonight.
ဒီည သူငယ်ချင်းနဲ့ တွေ့ဖို့ ချိန်းထားပါသည်။

Present simple tense ကို အသုံးပြုမယ်ဆိုရင် Subject နဲ့ Verb ကို ကိုက်ညီလိုက်ဖက်အောင် ပြုလုပ်ရသည့် ( agreement ) ပြုလုပ်ပုံကို သိရှိနားလည်ထားဖို့ လိုပါသည်။

လူ (၃)မျိုး ရှိသည့် အထဲက 
အပြောခံရသူ third parson ဖြစ်တဲ့ 
(He,She,It )တို့ကို အနည်းကိန်း singular 
ဟုသတ်မှတ်ထားပါသည်။ထို့ကြောင့်
(I ,We,You , They) တို့ကို အများကိန်း plural 
ဟုမှတ်ထားပါ။

၎င်း( He, She, It )တို့ကို အသုံးပြုတဲ့အခါ ကြိယာကို အနည်းကိန်းသို့ ပြောင်း၍ သုံးစွဲရပါသည်။
Subject နဲ့ Verb ကို( agreement )
ကိုက်ညီလိုက်ဖက်မှု ပြုလုပ်သည်ဟု ခေါ်ပါသည်။
S နည်းလျှင် V နည်းရမည်။
S များလျှင် V များရမည်။

မူရင်း ကြိယာများသည်
( အများကိန်း ) ဖြစ်သည်ဟု မှတ်ပါ။
ထို့ကြောင့် အနည်းကိန်း ဖြစ်လိုလျှင်
s/es ပေါင်းထည့်ရခြင်း ဖြစ်ပါသည်။
Noun ကို s ထည့်ရင် ( များ ) ပြီး
Verb ကို s ထည့်ရင် ( နည်း ) ပါသည်။

ကြိယာကို s ထည့်မည်ဆိုပါက လိုက်နာရမည့် စည်းမျဉ်း များ-

-အများအားဖြင့် regular ကြိယာများကို 
s ထည့်ရင် အနည်းကိန်း ကို ရရှိပါသည်။

သို့သော် ကြိယာ စကားလုံး တို့၌
( s , sh ,ch ,o ,x ,z) စာလုံးများနဲ့ အဆုံးသတ်ပါက (-es )ပေါင်းပါသည်။
Pass - passes 
Push - pushes 
Teach - teaches 
Do - Does
Fix - fixes
Buzz - buzzes

ကြိယာစကားလုံး အဆုံး၌ ( ဗျည်း+Y )
ဖြင့် အဆုံးသတ်ပါက Y ကို i ပြောင်းပြီးမှ 
(-es ) ပေါင်းပါသည်။
Apply - applies 
Cry - cries 
Fly - flies 
Study - studies 

ဒါပေမယ့်
( သရ+Y )ဖြင့် အဆုံးသတ်ပါက (-s )သာ
ပေါင်းပါသည်။
Play - plays
Enjoy - enjoys 
Buy - buys
Pay - pays
( Subject and Verb Agreement )ပြုလုပ်ပုံကို
သိရှိထားရန်လိုပါသည်။

[2]. Present continuous tense 
|( S ) + ( be1 + V-ing )|
(am/is/are) နဲ့ Verb-ing ကို တွဲသုံးရပါတယ်။

“အခုလက်ရှိ (သို့မဟုတ်) လောလောဆယ်" ဖြစ်ပျက်နေတဲ့ လုပ်ဆောင်ချက်တွေကို ပြောသည့်အခါ သုံးပါတယ်။ မြန်မာလို “ ~နေတယ်" လို့ အဆုံးသတ်တဲ့ ဝါကျမျိုးတွေ ဖြစ်ကြပါသည်။

( State verb )များကို V-ing ပုံစံ (မသုံးရ)။
ထက်မြင်ချက်၊ခံစားချက်၊အာရုံခံစားမှု၊
သိမြင်နားလည်မှု၊ပိုင်ဆိုင်မှု၊
Like, think, know, be, hear, feel, seem, smell, taste, believe,love,see, wish,agree,
Remember, understand,appear, doubt 
စသဖြင့် 

၁။ ပုံသေနည်း( Structure )
( am , is , are + V-ing )
I am reading 
You are eating 
We are singing 
They are talking 
She is cooking 
He is learning 
It is raining 
Mg Mg is crying.

၂။ အသုံးပြုပုံ ( usage )

1.လက်ရှိ ပြုလုပ်နဆဲ၊ ဖြစ်ပျက်နေဆဲ စသည့်
ဖြစ်တည်မှုများအား ဖော်ပြလိုသည့်အခါ အသုံးပြုပါသည်။

I am reading a book.
ကျွန်တော် စာအုပ်တအုပ် ဖတ်နေပါတယ်။
I am eating an apple.
ကျွန်တော် ပန်းသီးတလုံး စားနေပါတယ်။
She is cooking dinner.
သူမ ညစာ ချက်နေပါတယ်။
They are talking about me.
သူတို့ ကျွန်တော့်အကြောင်း ပြောနေကြတယ်။
It is raining now.
အခု မိုးရွာနေတယ်။
They are playing football at the moment.
အခုချိန်မှာ သူတို့ ဘောလုံးကစားနေကြတယ်။
She is learning English this year.
ဒီနှစ် သူ အင်္ဂလိပ်စာ လေ့လာနေတယ်။

2. ယာယီအခြေအနေ (Temporary situation)
I am staying at a hotel this week.
ဒီအပတ် ဟိုတယ်မှာ တည်းနေပါတယ်။

He is learning Japanese these days.
ဒီရက်ပိုင်း သူ ဂျပန်စာ သင်နေတယ်။

3.ကိုယ်ပိုင်အစီအစဉ်( parsonal timetable )
အနာဂတ်မှာ သေချာပေါက်လုပ်ဖို့
(ချိန်းဆိုမှုများ)ဖော်ပြရာ၌ အသုံးပြုပါသည်။
( Present continuous tense နဲ့ အနာဂတ်စကားလုံး ) တွဲလာရင် ( ~ဖို့  )လို့ဘာသာပြန်ရပါသည်။

I am meeting my doctor tomorrow.
မနက်ဖြန် ဆရာဝန်နဲ့ တွေ့ဖို့ ချိန်းထားတယ်။

I am going to school tomorrow morning.
မနက်ဖြန်မနက် ငါ ကျောင်းသွားဖို့ ရှိတယ်။

I am not working this weekend.
ဒီရုံးပိတ်ရက်မှာ ငါအလုပ်လုပ်ဖို့ မရှိဘူး။

He is flying to Bangkok on Friday.
သူသောကြာနေ့မှာ ဘန်ကောက်ကို လေယာဉ်နဲ့
သွားဖို့ရှိတယ်။
We are staying at a hotel in Mandalay next week.
နောက်အပတ် မန္တလေးက ဟိုတယ်တခုမှာ
တည်းဖို့ အစီအစဉ်ရှိတယ်။

She is arriving at the airport at 6 PM.
သူမ ညနေ(၆)နာရီမှာ လေဆိပ်ကို ရောက်လာဖို့ရှိတယ်။

We are playing football this evening.
ဒီညနေ ငါတို့ ဘောလုံးကစားဖို့ ရှိတယ်။

I am seeing the doctor tomorrow morning.
မနက်ဖြန်မနက် ဆရာဝန်နဲ့ ပြဖို့ ရှိတယ်။

[3]. Present perfect tense 
|( S ) + ( has/have + V3 )|

|( S ) + ( has/have + been )|
ဖြစ်ခြင်း၊လုပ်ခြင်း၊ရောက်ခြင်း အတွက်
Perfect tense အနေဖြင့် အသုံးပြုသည့်
(verb to be) ဖြစ်ပါသည်။

Present Perfect tense မှာ ( I-အိုင် )ကို 
( have )ဖြင့်တွဲသည်ကို သတိပြုပါ။
I have eaten 
You have seen 
We have done 
They have gone 
He has lost 
She has painted 
It has broken 
Mg Mg has finished 
I have been 
You have been 
We have been 
He has been 
She has been 


အတိတ်က အဖြစ်အပျက် တစ်ခုသည်
လက်ရှိ ပစ္စုပ္ပန်အနေထား၌
၁။( ပြီးပြီ ၊ ပြီးသွားပြီ )ဟု ဖော်ပြလိုသည့်အခါ အသုံးပြုပါသည်။တိကျသည့် အချိန်
ထည့်သွင်း မဖော်ပြသည်ကို သတိပြုပါ။
( Just, already, yet ) Key words များသာအသုံးပြုပါသည်။

I have lost my key.
ကျွန်တော်သော့ ပျောက်နေပါတယ်။
I have just finished my homework.
အခုလေးတင် အိမ်စာ လုပ်ပြီးသွားပါပြီ။
I have already seen that movie.
အဲ့ဒီ ရုပ်ရှင်ကားကို ငါကြည့်နှင့်ပြီးပြီ။
It has broken.
အဲ့ဒါကျိုးသွားပါပြီ။

၂။ ( ~ဖူးတယ်/~မဖူးဘူး )စသည့် အဓိပ္ပာယ်မျိုးဖြင့် မိမိ၏ အတွေ့အကြုံ များကို ဖော်ပြလိုသည့် အခါ အသုံးပြုပါသည်။
I have been to Japan twice.
ဂျပန်ကို နှစ်ခေါက် ရောက်ဖူးတယ်။
I have never eaten sushi.
ဆူရှီ တခါမှ မစားဖူးဘူး။

၃။အတိတ်က အဖြစ်အပျက် တစ်ခုသည်
လက်ရှိ ပစ္စုပ္ပန်အနေထားအထိ 
ဆက်လက် ဖြစ်ပျက်နေသည့်အခါ 
( အချိန် )ကို အဓိကထား၍ ဖော်ပြပြီး
( Since / For )တို့နှင့် တွဲပြီးအသုံး ပြုပါသည်။
since = ကတည်းက ( စတင်ချိန် )
for = ( ကြာချိန် )
( ယခု လက်ရှိအချိန်ထိ ( ပြုလုပ်နေဆဲ ) လို့ အဓိပ္ပာယ် ရပါတယ်။)ဒါပေမယ့်
Present continuous tense နဲ့ မတူဘူး။

ဆက်လက်ပြီး အကျိုးသက်ရောက် နေတဲ့
အဖြစ်အပျက်တစ်ခု၏( ကြာချိန် )ကို 
ဖော်ပြဖို့ အတွက်သာ အသုံးပြုခြင်း ဖြစ်ပါတယ်။

I have lived here for 10 years.
ဒီမှာ နေလာခဲ့တာ ဆယ်နှစ် ကြာပြီ။
( အခုလည်း နေနေဆဲပဲ )

She has been a teacher since 2005.
၂၀၀၅ ကတည်းက သူ ဆရာမ အလုပ်ကိုလုပ်လာခဲ့တာ။
( အခုလည်း ဆရာမ အလုပ်ကို လုပ်နေဆဲပဲ။)

He has been a doctor for 10 years.
သူ ဆရာဝန် ဖြစ်နေတာ (၁၀)နှစ်ကြာပြီ။

[4]. Present perfect continuous tense 
|( S + has/have + been + V-ing )|
I have been reading 
You have been eating 
We have been painting 
They have been playing 
He has been running 
She has been writing 
It has been raining 
Mg Mg has been crying 

Perfect က( ပြီးစီး )သွားသည့် အတိတ်ကာလကို ပြောတာ။
Continuous က ( ဆက်လက်ပြုလုပ်နေတာ )

သူတို့နှစ်ခုကို ပေါင်းစပ်လိုက်သည့်အခါ
အတိတ်က ဖြစ်ရပ်တခုဟာ ပြီးစီးလို့ မရ‌တော့
ဘူး။ပစ္စုပ္ပန် အချိန်ထိ ဆက်လက်ပြုလုပ်နေဖို့
၊အကျိုးသက်ရောက်နေဖို့လိုပါတယ်။

၁။အတိတ်က ဖြစ်ရပ်တခုဟာ ယခုအချိန်ထိ
( ဆက်လက်ပြုလုပ်နေကြောင်း )ပြောသည့်အခါ ( since/ for ) တို့နှင့်တွဲပြီး အသုံးပြုပါသည်။
I have written emails.
ငါစာရေးပြီးပြီ။( perfect)

She has been writing emails since morning.
မနက်ကတည်းက သူ စာရေးနေခဲ့တာ
(အခုထိပဲလို့ ဆိုလိုထားတာ။မပြီးသေးဘူး။
ဆက်လက် ရေးနေတုန်း ရှိသေးပါတယ်။)

I have just read about the present perfect continuous tense.( perfect )
ငါ present perfect continuous tense 
အကြောင်းကို အခုလေးတင် ဖတ်ပြီးသွားပြီ။

I have been reading about the present perfect continuous tense for an hour.
ငါ present perfect continuous tense အကြောင်းဖတ်နေခဲ့တာ တစ်နာရီ ကြာပြီ။
( မပြီးသေးဘူး။ဆက်ပြီး ဖတ်နေတုန်းပဲ။ )

She has painted the wall.
သူ နံရံကို ဆေးသုတ် ပြီးပြီ။( perfect )

I have been painting the wall for three days.
ငါ နံရံကို ဆေးသုတ်နေတာ သုံးရက်ကြာနေပြီ။
(မပြီးသေးဘူး။ယခုအချိန်ထိ သုတ်နေတုန်းပဲ )

It has been snowing since last night.
မနေ့ညကတည်းက နှင်းကျနေခဲ့တာ။

၂။ အတိတ်က ဖြစ်ရပ်တခုဟာ( မကြာသေးခင်)ကမှ ပြီးဆုံးသွားသော်လည်းပဲ အကျိုးသက်ရောက်မှု ရှိနေရင် အသုံးပြုပါသည်။

Her eyes are red.She has been crying.
သူမရဲ့ မျက်လုံးတွေ နီနေတယ်။ငိုနေခဲ့တာဖြစ်မယ်။

The ground is wet.It has been raining.
မြေကြီးတွေ စိုနေတယ်။မိုးရွာနေခဲ့တာ ဖြစ်မယ်။

၃။ ဖြစ်ပေါ်ပြောင်းလဲသွားသည့် ယာယီ အခြေ
အနေများကို ဖော်ပြလိုသည့်အခါ အသုံးပြုပါသည်။

He normally drinks coffee, but she has been drinking green tea lately.
သူမ ပုံမှန်အားဖြင့် ကော်ဖီ သောက်ပေမယ့် 
မကြာသေးခင်ကမှ လက်ဖက်ရည် ပြောင်းသောက်နေတယ်။

I usually walk to school, but I have been taking the bus this week.
ကျွန်တော် ကျောင်းသို့ ပုံမှန်လမ်းလျှောက်ပေမယ့် ဒီအပတ် ကား‌ပြောင်းစီးပြီး သွားနေပါတယ်။

B. Past tense ( အတိတ် ကာလ )
ဖြစ်ပေါ်ခဲ့ဖူးသည့် အချိန်ကာလ တစ်ခုကို အတိတ်ကာလ( past tense )ဟု ခေါ်ပါသည်။

ဆိုလိုတာက
လက်ရှိ ပြုလုပ်နေသည့် အဖြစ်အပျက်(Action) တခုသည် အစအဆုံးပြီးဆုံးသွားတဲ့အခါ ( ပြန်ပြောပြတာ )ဖြစ်ပါတယ်။
ဘာကို ပြန်ပြောပြတာလဲ ဆိုတော့
(ဖြစ်ပေါ်ခဲ့ဖူးသည့် အချိန်ကာလ တစ်ခု၏
အကြောင်း၊အကျိုးဖြစ်ရပ်ကို ပြန်ပြောပြတာ) ဖြစ်ပါတယ်။

တနည်းအားဖြင့်
ပြီးဆုံးသွားသည့် အဖြစ်အပျက်များ နှင့် အချိန်တွေကို ပြန်ပြောပြချင်သည့်အခါ
( အတိတ် ကာလ ) ကို အသုံးပြုပါသည်။

အပေါ်က အကြောင်းအရာ အားလုံးကို
[ Distance in Time ] အချိန်၏ဝေးကွာမှု
လို့ ခေါ်ပါတယ်။

အချိန်ဝေးကွာမှုကို ပြန်ပြောပြသည့်အခါ
( Past Tense )ကို အသုံးပြုပါသည်။

နောက်တစ်ခုက
[ Distance in Reality ] အမှန်တရားနဲ့ဝေးကွာမှု
အမှန်တကယ် မဖြစ်နိုင်သည့် ( Unreal ) စိတ်ကူးယဉ်မှုတွေကို ထုတ်ဖော်ပြီး ပြန်ပြောပြသည့်အခါ ( Past Tense )ကိုပဲ အသုံးပြုပါသည်။

ဒါ့ကြောင့်( past tense )ကို သင်ခဲ့ရတုန်းက
1. Sentence (၁၀)မျိုးအကြောင်း
2. Clause အကြောင်း
3. Condition (၄)မျိုးအကြောင်း
4. Conjunction အကြောင်း
5. Reported speech တွေကိုပါ တွဲပြီး
သင်ခဲ့ရပါတယ်။

{1}. Past simple tense 
အတိတ် ရိုးရိုးကာလ
|( S ) + ( V2  )|
I went 
You did
We sang 
They saw
He said 
She cried 

|( S) + ( was/were + Adjective/Noun)|
I was
You were 
We were 
They were 
He was
She was
It was

အတိတ်၏အချိန်အတွင်း၌ အဖြစ်အပျက်တခုကို ( ပြုလုပ်ခဲ့ ကြောင်း ) ပြောပြချင်သည့်အခါ အသုံးပြုပါသည်။ ( Verb-2 )ကိုသာ အသုံးပြုပြီး အချိန်ပြ စကားလုံးများနှင့် တွဲ၍ အသုံးပြုပါသည်။ Yesterday, last night/ week/ year, in 1990, this morning အစရှိသဖြင့် ပါရှိပါသည်။

I watched a movie last night.
မနေ့ညက ငါ ရုပ်ရှင် ကြည့်(ခဲ့)တယ်။
She didn't come to the party yesterday.
သူမ မနေ့က ပါတီကို မလာ(ခဲ့)ဘူး။
He went to the market.
သူ ဈေး သွား(ခဲ့)တယ်။
I ate mohinga this morning.
ငါ မနက်က မုန့်ဟင်းခါး စား(ခဲ့)တယ်။
They played football yesterday.
သူတို့ မနေ့က ဘောလုံးကန်(ခဲ့ကြ)တယ်
She bought a new phone last week.
သူမ ပြီးခဲ့တဲ့အပတ်က ဖုန်းအသစ်တလုံး
ဝယ်(ခဲ့)တယ်။
We visited Bagan in 2024.
ငါတို့ ၂၀၂၄တုန်းက ပုဂံကို သွား ရောက်လည်ပတ်(ခဲ့ကြ)တယ်။
It was very cold last night.
မနေ့ညက အရမ်းအေးတယ်။
It broke yesterday.
အဲ့ဒါ မနေ့ညက ကျိုးသွားခဲ့တာ။

Reported speech အစီရင်ခံစကားများ ပြန်ပြောပြသည့်အခါ အသုံးပြုပါသည်။
ဥပမာ
Mg Mg said, “ I like pizza. "
တယောက်ယောက်က သူဘာပြောလိုက်တာလဲလို့ လာမေးရင် သူပြောတာကို ကိုယ်က တခြားလူကို ပြန်ပြောပြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ စည်းမျဉ်းတွေ ရှိနေပါတယ်။
Tense Verb တွေ ချိန်းသွားပါတယ်။
Reported Speech ဆိုတာ တစ်ယောက်ယောက် ပြောခဲ့တဲ့ "အတိတ်" က စကားကို ပြန်ပြောတာ ဖြစ်တဲ့အတွက်၊ သူပြောခဲ့တုန်းက ပစ္စုပ္ပန် (V_1) ဖြစ်နေရင်တောင် အခုပြန်ပြောတဲ့အချိန်မှာ အဲဒီစကားက ဟောင်းသွားပြီဖြစ်လို့ အတိတ်ကာလ (V_2) ကို ပြောင်းပေးရတာပါ။

ဒါ့ကြောင့် ပြန်ဖြေတဲ့ အခါ ( past tense )ကို
အသုံးပြုရပါသည်။
Mg Mg said,“I like pizza."
Mg Mg said that he liked pizza.
Mg Mg said မောင်မောင် ပြောခဲ့တယ်
that အဲ့ဒါကတော့
he liked pizza.သူ ပီဇာ ကြိုက်တယ်တဲ့။

{2}. past Continuous tense 
|( S ) + ( Be2 + V-ing )|
I was learning 
You were watching 
We were reading 
They were playing 
She was writing 
He was singing 
It was raining 

ရိုးရိုး Past Tense က “လုပ်ခဲ့တယ်" လို့ပဲ ပြောတာဖြစ်ပြီး၊ Past Continuous ကတော့ အတိတ်မှာ အဲ့ဒီအလုပ်ကို “လုပ်နေတုန်း" ဆိုတဲ့ အဓိပ္ပာယ်ကို ပေးပါတယ်။

အတိတ်ရဲ့အချိန်တခု အပေါ်မှာ တခုခုပြုလုပ် နေဆဲ ဆိုတာကို ပြောပြချင်သည့် အခါ အသုံးပြုပါသည်။

At 8 PM last night,I was learning English.
မနေ့ည (၈)နာရီတုန်းက ငါ အင်္ဂလိပ်စာ လေ့လာနေခဲ့တာ။

At 3 PM yesterday, I was cooking dinner. မနေ့က ညနေ ၃ နာရီမှာ ငါ ညစာ ချက်နေခဲ့တာ

At 10 AM this morning, my sister was sleeping.
ဒီမနက် ၁၀ နာရီတုန်းက အစ်မအိပ်နေခဲ့တာ။

All evening yesterday, I was preparing for the exam.
မနေ့ကတညနေခင်းလုံး ငါ စာမေးပွဲအတွက် ပြင်ဆင်နေခဲ့တယ်။

From 8 AM to 11 AM this morning, we were cleaning the house.
ဒီမနက် ၈ နာရီကနေ ၁၁ နာရီအတွင်း ငါတို့ အိမ်သန့်ရှင်းရေးလုပ်နေခဲ့ပါတယ်။

It was raining  at 7 AM .
ဒီမနက် (၇)နာရီမှာ မိုးရွာနေခဲ့တယ်။


အတိတ်က ဖြစ်ရပ် ( ၂ )ခုမှာ 
ဒုတိယ ဖြစ်ရပ် ဖြစ်ပေါ်လာသည့် အခါ၊
ပထမ ဖြစ်ရပ်က တခုခုပြုလုပ်နေဆဲ ဆိုတာကို
ပြန်ပြောပြချင်သည့်အခါ အသုံးပြုပါသည်။

( When နဲ့ While ) ကို အသုံးပြုပါသည်။

ပထမ ဖြစ်ရပ်ကို( past Continuous tense )
အသုံးပြုပြီး၊
ဒုတိယ ဖြစ်ရပ်ကို ( past simple tense )
အသုံးပြုပါသည်။

When + past simple tense ( V2 )
While + past Continuous tense (V-ing )

When နဲ့ စရင် ( ဒုတိယ )/( short action )
While နဲ့ စရင် ( ပထမ  )/( long action )

I was watching TV when he arrived.
သူရောက်လာတော့ ငါတီဗွီကြည့်နေခဲ့တာ။
When he arrived, I was watching TV.

While I was watching TV, he arrived.
ငါတီဗွီကြည့်နေတုန်း သူရောက်လာခဲ့တာ။
He arrived while I was watching TV.

While we were watching TV, the power was went out.
ငါတို့ တီဗွီကြည့်နေတုန်း မီးပျက်သွားခဲ့တယ်။

While we were playing football, the earthquake hit.
ငါတို့ ဘောလုံးကစားနေတုန်း ငလျင်လှုပ်သွားခဲ့တယ်။

While I was looking away, someone stole my phone.
ငါ အဝေးကိုကြည့်နေခိုက်မှာ တယောက်ယောက်က ငါ့ဖုန်းကို ခိုးယူသွားခဲ့ပါတယ်။
When someone stole my phone,I was looking away.
Someone stole my phone while I was looking away.

While I was walking to work, I saw an accident.
ငါ အလုပ်သွားဖို့ လမ်းလျှောက်နေတုန်း မတော်တဆမှုတစ်ခု မြင်ခဲ့ရတယ်။
My mother was cooking when the phone rang. 
ဖုန်းမြည်တုန်းက အမေ ထမင်းချက်နေခဲ့တာ။

အတိတ်ထဲမှာ ဖြစ်ရပ် (၂)ခုက တပြိုင်နက်ဖြစ်နေခဲ့တာကို ပြောပြချင်သည့်အခါ အသုံးပြုပါသည်။၎င်းကို ( parallel action ) ဟု ခေါ်ပါသည်။

I was cleaning the room while my mom was cooking dinner.
အမေ ညစာချက်နေစဉ်မှာ ငါ အခန်းသန့်ရှင်းရေး လုပ်နေခဲ့တာ။

While she was writing the letter, the children were playing outside.
သူမ စာရေး နေစဉ် ကလေးများက
အိမ်အပြင်မှာ ကစားနေခဲ့ကြတယ်။

Reported speech 

Mg Mg said,“ I am reading a book.”
Mg Mg said that he was reading a book.

{3}. Past perfect tense 
|(S) + ( had + V3 )|
ဒီကာလမှာ subject ဘာဖြစ်ဖြစ် ( had + V3 )
ကိုသာ ပုံသေအသုံးပြုပါသည်။
I had read
You had finished 
We had arrived 
They had eaten 
He had written 
She had bought 
It had broken 

ဒီ Tense ကို( Past in the past) သို့မဟုတ်
( Past of the past )လို့ ခေါ်ပါတယ်။
အတိတ်ရဲ့ အတိတ်ကာလ လို့ ခေါ်သည့်အတွက်
ဖြစ်ရပ် (၂)ခု ရှိဖို့လိုပါတယ်။

1. အတိတ်က ဖြစ်ရပ်နှစ်ခုမှာ
ဒုတိယ ဖြစ်ရပ် မတိုင်ခင် 
ပထမ ဖြစ်ရပ်က ( ပြီးသွားပြီ )ဖြစ်ကြောင်း
ပြောပြချင်သည့်အခါ အသုံးပြုပါသည်။

ထိုပထမ ဖြစ်ရပ်မှာ ( Already ) ထည့်သုံးနိုင်
သလို ( After )ကို တွဲသုံးနိုင်ပါသည်။

Already ထည့်ရခြင်းရဲ့ သဘောဟာ
"Already" က "မျှော်လင့်ထားတာထက် စောတယ်" ဒါမှမဟုတ် "အဲဒီအချိန်မှာတင် ပြီးသွားပြီ" ဆိုတဲ့ အဓိပ္ပာယ်ကို ထပ်ထည့်ပေးတာပါ။

( When, Before, By the time, After )စသည့်
Key words စကားလုံးများ ပါလေ့ရှိပါသည်။
When = သော အခါ၊ သည့် အခါ
Before = သည့် မတိုင်ခင် ကတည်းက
By the time = အဲ့ဒီ အချိန်မှာ
After = သည့် နောက်ပိုင်း

When I arrived at the station, the train had left.
ငါ ဘူတာရုံရောက်တော့ ရထား ထွက်သွားခဲ့ပြီ။

When I arrived at the station, the train had already left.
ငါဘူတာရုံကို ရောက်တော့ ရထားထွက်သွားနှင့်ပြီ။

After the train had left, I arrived at the station.
ရထားထွက်သွားပြီးသည့်နောက်မှ ငါဘူတာရုံကို ရောက်ခဲ့တာ။

Before I arrived at the station, the train had left.
ငါ ဘူတာရုံ မရောက်ခဲ့ခင်ကတည်းက ရထားထွက်သွားခဲ့ပြီ။

She had finished housework before she watched TV.
သူမ တီဗွီမကြည့်ခင် အိမ်အလုပ် လုပ်ပြီးပြီ။

She had already finished housework before she watched TV.

After she had finished housework, she watched TV.

I had eaten breakfast before I went to school.
ကျောင်းမသွားခင် ငါ မနက်စာ စားပြီးခဲ့ပြီ။

I had already eaten breakfast before I went to school.

I went to school after I had eaten breakfast.

She had left the office by the time I arrived.
ငါ ရောက်ရှိခဲ့ချိန်မှာ သူမ ရုံးကနေ ထွက်သွားခဲ့ပါပြီ။
She had already left the office by the time I arrived.

Before I went to bed, I had finished my homework.
ငါ အိပ်ရာမဝင်ခင် အိမ်စာလုပ်ပြီးပြီ။
After I had finished my homework,I went to bed.
အိမ်စာလုပ်ပြီးသည့်နောက် ငါအိပ်ရာဝင်ခဲ့တယ်။
​By the time the doctor came, the patient had already died.
ဆရာဝန်လာတော့ လူနာက သေနှင့်ပြီ။

​By the time I woke up, 
my mom had already made breakfast.
ငါ အိပ်ရာထတော့ အမေက မနက်စာကို ပြင်ဆင်ပြီးပြီ။
When I arrived,it had already stopped raining.
ငါရောက်ခဲ့တော့ မိုးရွာနေတာ ရပ်သွားခဲ့ပါပြီ။
By 9 PM,It had been finished downloading.
(၉)နာရီ မတိုင်ခ‌င် ဒေါင်းလုပ်ဆွဲပြီးခဲ့ပါပြီ။

It had already broken before I dropped it.
ငါ အဲ့ဒါကို ပစ်မချခင်ကတည်းက ကွဲပြီးသားပါ။

ဖြစ်ရပ်နှစ်ခုမှာ တစ်ခုက စောပြီးခဲ့တာကို ဖော်ပြတာဟာ ( Past perfect tense )ရဲ့
အဓိက အသုံးပါပဲ။

နောင်တရတဲ့ စကားတွေ ပြန်ပြောပြသည့်အခါ
( Wish ) နဲ့ တွဲသုံးပါတယ်။
အတိတ်မှာ တစ်ခုခုကို လုပ်ခဲ့မိလို့ ဒါမှမဟုတ် မလုပ်ခဲ့မိလို့ အခုအချိန်မှာ နောင်တရသည့်အနေဖြင့် ပြောပြသည့်အခါ သုံးပါတယ်။

I wish I had studied harder for the exam.
ငါ စာမေးပွဲအတွက် ကြိုးစားခဲ့ရင် ကောင်းမှာ
I wish I hadn't eaten so much.
အများကြီး မစားခဲ့မိရင် ကောင်းမှာပဲ။
I wish I had not bought that expensive phone.
ဈေးကြီးတဲ့ အဲ့ဒီဖုန်းကို မဝယ်မိခဲ့ရင် ကောင်းမှာပဲ။

3rd conditional ( If clause )
( If + had + V-3 ) ကို မြင်ရင် 
ဒါက အတိတ်က မဖြစ်ခဲ့တဲ့ အကြောင်းရင်းပါ
( Would have + V-3 ) ကို မြင်ရင် 
အတိတ်မှာ ဖြစ်မလာခဲ့တဲ့ ရလဒ်ပဲလို့မှတ်ပါ။

အတိတ်က မဖြစ်ခဲ့တဲ့ အကြောင်းအရင်း နဲ့
ဖြစ်မလာခဲ့တဲ့ ရလဒ်ကို စိတ်ကူးယဉ်ပြီး၊
တကယ်လို့ ဒီလိုသာ မလုပ်ဖြစ်ရင် ဟိုလို ဖြစ်လာမှာပဲလို့ တမ်းတပြီး ပြန်ပြောပြသည့်အခါ အသုံးပြုပါသည်။

If I had studied harder, I would have passed the exam.
တကယ်လို့ ငါသာ စာကြိုးစားမိခဲ့ရင်
စာမေးပွဲ အောင်ခဲ့မှာ။

If I had known the truth, I would have told 
you.
ငါသာ အမှန်တရားကို သိခဲ့ရင် ငါ မင်းကို ပြောပြခဲ့မှာပါ။
If I had seen you, I would have said hello.
ငါသာ မင်းကို မြင်ခဲ့ရင် ဟယ်လိုလို့ နှုတ်ဆက်စကား ပြောမိခဲ့မှာ။
If I had known you were in the hospital,
I would have visited you.
မင်း ဆေးရုံတက်နေရတာကို ငါသိခဲ့ရင် မင်းဆီကို လာတွေ့မိမှာ။

{ 4 }. Past perfect continuous tense 
ကြာမြင့်စွာ ပြုလုပ် နေခဲ့သည့် ကာလ

|( S ) + ( had been + V-ing )|
ဒီကာလမှာ subject ဘာဖြစ်ဖြစ် 
( had been + V3 )ကိုသာ ပုံသေအသုံးပြုပါသည်။
I had been working 
You had been studying 
We had been living
They had been leaving 
She had been working 
He had been singing 
It had been raining 

၁./~ နေခဲ့တာ ~ကြာပြီ / (သို့မဟုတ်)
၂./ cause and effect အကြောင်းရင်းနဲ့ အကျိုးဆက် ရလဒ် အခြေအနေများကို ဖော်ပြဖို့ အတွက် အသုံးပြုပါသည်။

၁ /~ နေခဲ့တာ ~ကြာ‌နေပြီ /
ဒုတိယ ဖြစ်ရပ် ( မတိုင်ခင် ) သို့မဟုတ်
ဖြစ်ပေါ်လာသည့် ( အခါ )၊ 
ပထမဖြစ်ရပ် ဖြစ်တည်နေခဲ့တာ )
ဘယ်လောက်  ( ကြာနေပြီ ) ဖြစ်ကြောင်း
ပြောပြချင်သည့် အခါ အသုံးပြုပါသည်။

အချိန်ပြစကားလုံးများ အနေဖြင့်
( since, for ) ကို အဓိက သုံးစွဲပြီး၊
အခြေအနေပြ စကားလုံး အနေဖြင့်
( before, when )ကို အသုံးပြုပါသည်။

I had been working for an hour.
ငါ အလုပ် လုပ်နေခဲ့တာ တစ်နာရီ ကြာပြီ။

I had been working for an hour before 
he arrived here.
သူ ဒီနေရာကို မရောက်ခင် ငါ အလုပ် လုပ်နေခဲ့တာ တစ်နာရီ ကြာပြီ။

I had been working for an hour when 
he arrived here.
သူ ဒီနေရာကို ရောက်လာခဲ့ချိန်မှာ ငါ အလုပ်လုပ် နေခဲ့တာ တစ်နာရီကြာပြီ။

We had been talking for over two hours before they arrived.
သူတို့ ရောက်မလာခင် ကျွန်ုပ်တို့် နှစ်နာရီကျော်စကားပြောနေခဲ့ကြတယ်။

The students had been studying hard before the exams began.
စာမေးပွဲ စတင်မှုမတိုင်ခင်မှာ ကျောင်းသားများ အစွမ်းကုန် စာကျက်နေခဲ့ကြသည်။

၂. Cause and effect 
အကြောင်းရင်းနဲ့ အကျိုးဆက် ရလဒ် အခြေအနေများကို ဖော်ပြဖို့ အတွက် အသုံးပြုပါသည်။( Because, Since, As )စကားလုံးတို့ကို တွဲ၍ အသုံးပြုပါသည်။
( Because of, due to, as a result of )စသည့်စကားလုံးများကိုလည်းပဲ အသုံးပြုနိုင်ပါသည်
၎င်းတို့အနောက်၌ ( Noun )လိုက်ရသည့် အတွက် had ကို ( having )ပြောင်းသုံးပေးရပါသည်။
( had )ကိုသာ အသုံးပြုချင်ပါက
Because of the fact that 
Due to the fact that 
As a result of the fact that စသည်တို့နှင့်သာ
တွဲ၍ အသုံးပြုရပါသည်။
ဥပမာ-
Because it had been raining all night, the 
ground was wet.
Because of  having been raining all night, the ground was wet.
Because of the fact that it had been raining all night, the ground was wet.

( Because ) တစ်ခုသာသုံးပါ။ လွယ်ကူပြီး
ရိုးရှင်းပါသည်။

I was tired because I had been running for an hour.
တစ်နာရီလောက် ပြေးနေခဲ့လို့ ငါ ပင်းပန်းခဲ့တာ

She wanted to sit down because she had been standing all day at work.
အလုပ်မှာ တနေကုန် မတ်တပ်ရပ်နေခဲ့ရလို့
သူမ ထိုင်ချင်ခဲ့တာ။

We were tired because we had been working all day at work.
ငါတို့ အလုပ်မှာ တနေကုန် အလုပ်လုပ်နေရလို့
ပင်းပန်းနေခဲ့တယ်။
He failed the exam because he had not been studying for months.
လပေါင်းများစွာ စာမကျက်ခဲ့လို့ သူ စာမေးပွဲ
ကျခဲ့တယ်။
She was exhausted because she had been studying for hours.
နာရီပေါင်းများစွာ စာကျက်နေခဲ့လို့ သူ ခြေကုန်လက်ပမ်းကျ နေခဲ့တာ။
Because it had been raining all night, the 
ground was wet.
တညလုံး မိုးရွာနေခဲ့တာကြောင့် မြေကြီးတွေ
စိုစွတ်နေခဲ့တာ။

C. Future tense ( အနာဂတ်ကာလ )
နောင်တချိန်မှာ ပြုလုပ်မည့် အကြောင်းအရာများကို ဖော်ပြဖို့ အသုံးပြုပါသည်။

(1) Future simple tense 
|( S ) + ( will / shall + V1 )

will ကို he,she,it and they နှင့် တွဲ၍
shall ကို I / we နှင့်တွဲပြီး အသုံးပြုပါသည်။
ဒါပေမယ့် ယခုခေတ် အခါမှာ ( will ) တစ်မျိုးတည်းကိုသာ သုံးစွဲလာကြပါသည်။ထို့ကြောင့်
|( S ) + ( will + V1 )| ပုံစံသည်သာ စံ ဖြစ်လာပါသည်။

Future simple tense အသုံးလေးမျိုးရှိပါတယ်။
A. ( will )
B. ( Be + going to + V1 )
C. ( Present simple tense for future )
D. ( Present continuous tense for future )

I will go to school tomorrow.
We will go to Yangon tomorrow.
They will go to the party tomorrow.
I will wait for you at the gate.
He will carry your bags.
I will return the book tomorrow.
I will help you study for the test.
It will rain.
It is going to rain.

အနာဂတ်ကာလမှာ ဖြစ်ဖို့သေချာနေသည့်အခါ ( am/is/are + going to + V1 ) ကို
အသုံးပြုပါသည်။

Future အတွက် verb to be ကို
( will be)အသုံးပြုပါသည်။
I will be 
You will be 
We will be 
He will be 
She will be 
It will be 
Future simple tense ၌
( will ) ကို အသုံးပြုခြင်း 
၁. Predictions ( ခန့်မှန်းချက်များ )
၂. Decisions ( ဆုံးဖြတ်ချက်များ )
... Offers ( ကမ်းလှမ်းချက်များ )
... Promises ( ကတိပေးချက်များ )
... Threats ( ခြိမ်းခြောက်မှုများ )
... Warnings ( သတိပေးချက်များ )
စသည့် အကြောင်းအရာများအား ဖော်ပြရာ၌
အသုံးပြုပါသည်။

၁.( Predictions ) ခန့်မှန်းချက်များ
အနာဂတ်အတွက် ကြိုတင်ခန့်မှန်းချက်များ ဖော်ပြရာ၌ အသုံးပြုပါသည်။သေချာမှု မရှိသော ထင်မြင်ယူဆမှုများသာ ဖြစ်ပါသည်။
မိမိစိတ်ထဲက အထင်တွေကို ပြောပြသည့်အခါ
အသုံးပြုပါသည်။

It will rain tomorrow.
မနက်ဖြန် မိုးရွာမည်။
It will rain heavily tomorrow.
မနက်ဖြန် မိုးသည်းထန်စွာ ရွာလိမ့်မယ်။
I think it will rain tomorrow.
မနက်ဖြန် မိုးရွာမယ်လို့ ထင်တယ်။
I think our team will win the match.
ဒီပြိုင်ပွဲမှာ ငါတို့အသင်းနိုင်မယ်လို့ ငါထင်တယ်။
I believe she will get the job.
သူမ အလုပ်ရမယ်လို့ ယုံကြည်တယ်။
I guess we will arrive around 7 P.M.
ငါတို့ ည(၇)နာရီလောက် ရောက်မယ်ထင်တယ်။
You will be late if you don't hurry.
မင်း မြန်မြန်မလုပ်ရင် နောက်ကျ လိမ့်မယ်။
She will pass the exam because she studied hard.
သူ စာကြိုးစားထားခဲ့သောကြောင့် စာမေးပွဲအောင်လိမ့်မယ်။
You will definitely pass the test.
မင်း စာမေးပွဲကို သေချာပေါက် အောင်လိမ့်မယ်။
Maybe we will see each other again.
နောက်တစ်ကြိမ် ငါတို့ ပြန်တွေ့ကြလိမ့်မယ်
ထင်တယ်။
The sun will raise at 5:30 AM tomorrow.
မနက်ဖြန် မနက်၅:၃၀ မှာ နေထွက်လိမ့်မယ်။
People will live on the moon in the future.
အနာဂတ်မှာ လူတွေဟာ လပေါ်မှာ နေထိုင်ကြလိမ့်မယ်။

၂. Instant Decision ( ဆုံးဖြတ်ချက်များ )
လက်ရှိစကားပြောနေခိုက် ( at the moment of speaking ) အချိန်မှာ တခုခုကို သတိရပြီး၊စဉ်းစားမိပြီး၊မြင်လိုက်ရပြီးသည့် နောက် 
တခုခုကို( ချက်ချင်းဆုံးဖြတ်ပြီး )ပြောလိုက်တာပါ။

ဒီလိုပြောလိုက်သည့်အခါ( offer and promise, threat and warning)တို့က ( decision )ထဲသွားပြီး အကျုံးဝင်နေပါတယ်။
ထိုသုံးခုစလုံးက ( ဆုံးဖြတ်ချက် ) တွေပါပဲ။
Intention ( ရည်ရွယ်မှု )မတူတာကြောင့် သီးသန့်ခွဲပြလိုက်ခြင်းသာ ဖြစ်ပါတယ်။
ထိုသို့ ခွဲခြားလိုက်သည့်အခါ
( Decision )က မိမိနဲ့သာ သက်ဆိုင်ပြီး၊
( Offer and Promise )နဲ့( threat and warning )က တပါးသူနဲ့ သွားပြီးသက်ဆိုင်နေသလို ဖြစ်သွားပါတယ်။

ခြိမ်းခြောက်ခြင်း၊သတိပေးခြင်း ( threat and warning ) 
I will call the police if you don't leave.
မင်းထွက်မသွားဘူးဆိုရင် ငါ ရဲခေါ်လိုက်မယ်။
If you do that again,I will tell your mother.
ဒါကိုနောက်တစ်ခါ မင်းထပ်လုပ်ရင် ငါ မင်းအမေကို တိုင်ပြောရလိမ့်မယ်။
If you touch that,it will explode!
မင်းအဲ့ဒါကို သွားထိရင် ပေါက်ကွဲလိမ့်မယ်နော်

ကတိ ပေးခြင်း ( promise ) 
will call you every day, I promise.
ငါမင်းကို နေ့တိုင်း ဖုန်းဆက်ပါ့မယ်လို့ ကတိပေးပါတယ်။
I will never lie to you again.
ငါမင်းကို နောက်ထပ်မလိမ်တော့ပါဘူး။
I will always tell the truth.
ငါ အမြဲတမ်း အမှန်တိုင်းပြောပါ့မယ်။
We will always love you.
ငါတို့ မင်းကို အမြဲချစ်နေပါ့မယ်။

ကမ်းလှမ်းခြင်း ( offer ) 
The box looks heavy. I will carry it for you.
သေတ္တာက လေးလံပုံရတယ်။ ငါ မင်းအတွက် သယ်ပေးမယ်။
I will lend you some money if you need it.
မင်းလိုအပ်ရင် ငါမင်းကို ပိုက်ဆံချေးပါ့မယ်။
I will open the door for you.
မင်းအတွက် တံခါးဖွင့်ပေးပါ့မယ်။
I will show you the way to the market.
ဈေးသွားတဲ့လမ်းကို ပြပေးပါ့မယ်။

B. ( Be going to ) အသုံးပြုခြင်း 
[  am/is/are + ( going to ) + V1 ]
အသုံးပြုပုံ ( ၂ )မျိုး ရှိတယ်။

၁. လက်ရှိ မြင်နေရတဲ့ အထောက်အထား
( present evidence ) ကိုကြည့်ပြီး ခန့်မှန်းပြောဆိုခြင်း။
၂. စကားမပြောခင်ကတည်းက  ဆုံးဖြတ်ပြီးသားဖြစ်တဲ့ ( prior plan ) ကြိုတင်စီစဉ်ထားမှုကို တင်ပြ ပြောဆိုခြင်း။

Look! It is going to rain.
ကြည့်စမ်း၊ မိုးရွာတော့မယ်။

တိမ်တွေကိုကြည့်ပြီး မိုးရွာဖို့ အလားအလာရှိ
နေသည့်အခါ၊သေချာတဲ့သဘောမျိုးနဲ့ ခန့်မှန်းပြောဆို ပြတာ။‌‌
သေချာနေတဲ့ ခန့်မှန်းပြောဆိုမှုများမှာ
( Be + going to ) ပုံစံကို အသုံးပြုပါသည်။

Look! The bus is coming. It is going to stop here.
ဘတ်(စ်)ကား လာနေတယ်။ဒီမှာရပ်လိမ့်မယ်။
Be careful! You are going to drop that plate.
သတိထား မင်းပန်းကန်ပြား ပြုတ်ကျတော့မယ်။

( Decided before the speaking ) စကားမပြောမီ ကတည်းက ဆုံးဖြတ်ထားခဲ့တဲ့
( Prior plan ) ကြိုတင်စီမံထားသည့် အစီအစဉ်တွေကို ချပြ ပြောဆိုသည့် အခါ
( Be + going to ) ပုံစံကို အသုံးပြုပါသည်

I am going to travel soon.
မကြာမီ ငါ ခရီးထွက် တော့မယ်။

I am going to visit my grandmother next week.
နောက်အပတ် အဖွာဆီ သွားလည်မယ်။

I am going to buy a new phone tomorrow.
မနက်ဖြန် ဖုန်းအသစ် သွားဝယ်တော့မယ်။

C. Present simple tense for future 
ပုံမှန်အားဖြင့် Present Simple ကို နေ့စဉ်အလုပ်တွေအတွက် သုံးပေမယ့် သတ်မှတ်ထားတဲ့ အချိန်ဇယား (Schedules/Timetables) အကြောင်း ပြောရင်တော့ Future အဓိပ္ပာယ်နဲ့ သုံးပါတယ်။

Present Simple ကို အနာဂတ်အတွက် သုံးတဲ့အခါ အောက်ပါ စကားလုံးလေးတွေနဲ့ တွဲသုံးလေ့ရှိပါတယ် -
Start / Begin (စတင်သည်)
Finish / End   (ပြီးဆုံးသည်)
Arrive / Leave (ရောက်ရှိသည်/ထွက်ခွာသည်)
Open / Close (ဖွင့်သည် / ပိတ်သည်)

Future အတွက် သုံးတဲ့အခါ Future Time (အချိန်ပြစကားလုံး) တခုခု ထည့်ပြောပေးဖို့ လိုပါတယ်။ မဟုတ်ရင် အခုလက်ရှိ လုပ်နေတာလား၊ အနာဂတ်မှာ လုပ်မှာလားဆိုတာ ရောထွေးသွားနိုင်ပါတယ်။

ရာထား၊ လေယာဉ်၊ ဘတ်စ်ကား အချိန်ဇယားများ။
ရုပ်ရှင်ပြချိန်၊ ဖျော်ဖြေပွဲစချိန်၊ အစည်းအဝေးအချိန်များ။
ကျောင်းဖွင့်ချိန်၊ သင်တန်းစချိန်၊ ရုံးပိတ်ချိန်များ။
စသည်တို့အား ဖော်ပြရာ၌ အသုံးပြုပါ။

The train leaves at 6 AM tomorrow morning.
မနက်ဖြန်မနက် (၆)နာရီမှာ ရထားထွက်မယ်။

The plane arrives at 10:30 tonight.
လေယာဉ်က ညဆယ်နာရီခွဲကြမှ ရောက်မှာ။

The movie starts at 5 PM.
ရုပ်ရှင် ညနေ(၅)နာရီမှာ စမယ်။

The new term begins next Monday.
သင်တန်းအသစ်က လာမယ့် တနင်္လာနေ့မှာစမှာ။

The meeting finishes this evening.
အစည်းဝေးက ဒီညနေ ပြီးမယ်။

The stores open at 9 PM tomorrow.
မနက်ဖြန် ကိုးနာရီကြမှ ဆိုင်တွေ ဖွင့်ကြမှာ။

D. present continuous tense for future 
Present Continuous ကိုတော့ 
ကိုယ်တိုင် ကြိုတင်စီစဉ်ထားပြီးသား 
Personal Arrangements (ပုဂ္ဂိုလ်ရေးဆိုင်ရာ အစီအစဉ်များ) အတွက် သုံးပါတယ်။

တခုခု ( လုပ်ဖို့ )ရည်ရွယ်ထားတဲ့ 
social plans ( လူမှုရေး အစီအစဉ်များ )
appointments ( ချိန်းဆိုမှုများ )ကို ဖော်ပြရာ၌ အသုံပြုပါတယ်။

am not working tomorrow.
မနက်ဖြန် ငါအလုပ်လုပ်ဖို့ အစီအစဥ်မရှိဘူး။

I am meeting my friend at 7 PM tonight.
ဒီည (၇)နာရီမှာ ငါ့သူငယ်ချင်းနဲ့ တွေ့ဖို့ ရှိတယ်

They are flying to Bangkok next Tuesday.
လာမယ့် အင်္ဂါနေ့မှာ သူတို့ ဘန်ကောက်ကို လေယာဉ်နဲ့ သွားဖို့ရှိတယ်။

(၂) Future continuous tense 
|( S ) + ( will be + V-ing)|
I will be studying 
You will be lying 
We will be cooking 
They will be flying 
He will be cleaning 
She will be crying 
It will be snowing 
အနာဂတ်၏ သတ်မှတ်ချိန် တခုအတွင်း ဆက်တိုက်ဖြစ်နေမယ့် လုပ်ဆောင်ချက်ကို ဖော်ပြခြင်းသည့် အခါ အသုံးပြုပါတယ်။

I will be studying English at 9:00 PM tonight.
ဒီည ၉ နာရီမှာ ငါ အင်္ဂလိပ်စာ လေ့လာနေပါလိမ့်မယ်။

At this time tomorrow, I will be flying to Tokyo.
မနက်ဖြန် ဒီအချိန်ဆို ငါ ဂျပန်ကို လေယာဉ်နဲ့
သွားနေလောက်ပြီ။

My niece will be playing in the park this evening.
ဒီညနေလောက်ဆို ပန်းခြံထဲမှာ ငါ့ တူမလေး
ဆော့ကစားနေလိမ့်မယ်။

At 8 PM tomorrow, I will be watching TV.
မနက်ဖြန်ည ၈ နာရီမှာ ငါတီဗွီကြည့်နေလိိိမ့်မယ်။

This time next week,I will be lying on a beach in Ngapali.
နောက်အပတ် ဒီအချိန်လောက်ဆိုရင် ငပိလီကမ်းခြေပေါ်မှာ ငါ လှဲလျောင်းနေလောက်ပြီ။

It will be snowing at 10 PM tomorrow.
မနက်ဖြန် ည(၁၀)နာရီမှာ နှင်းကျနေပါလိမ့်မည်။

(၃). Future perfect tense 
| ( S ) + ( will have ) +( V3 ) |
I will have finished 
You will have left 
We will have played 
They will have bought 
He will have reached 
She will have arrived 

အဓိကအားဖြင့် အခြေအနေ (၂) မျိုးမှာ သုံးလေ့ရှိပါတယ် -
၁။ အနာဂတ်မှာ ဒုတိယဖြစ်ရပ် ( မတိုင်ခင် )
ပထမဖြစ်ရပ်က ( ပြီးစီးနေလိမ့်မည် ) ဟု
ဖော်ပြချင်သည့်အခါ အသုံးပြုပါ။

၂။အနာဂတ်၏ အချိန်တစ်ခု မတိုင်ခင် 
အလုပ်တစ်ခု ပြီးစီးသွားမည့်အခါ အသုံးပြုပါ။
( Future perfect)+(အချိန် + present simple)
ပုံစံကို အသုံးပြုရပါမည်။

When you arrive at my home, 
I will have finished my homework.

By the time you arrive at my home, 
I will have finished my homework.

Future Perfect (will have + V3) ရဲ့ ရည်ရွယ်ချက်ကိုက အလုပ်တစ်ခုဟာ နောက်အလုပ်တစ်ခု မတိုင်ခင် "ပြီးစီးနေရမယ်" လို့ ပြောချင်တာပါ။ 
ဒါကြောင့် By+ အချိန်  (ထိုအချိန်မတိုင်ခင်) နဲ့ တွဲသုံးတာက ပိုပြီးသင့်လျော်ပါတယ်။

By the time (that) this letter reaches you,  l will have left the country.
ဒီစာ မင်းဆီကို ရောက်တဲ့အချိန် ငါ ဒီနိုင်ငံကနေ ထွက်ခွာသွားခဲ့လောက်ပြီ။

By the time the movie starts, 
we will have bought the popcorn.
ရုပ်ရှင်စမည့် အချိန်လောက်ဆိုရင် ငါတို့ပေါက်ပေါက်ဆုပ် ဝယ်ပြီးနေလောက်ပြီ။

By the time the sun sets, we will have reached home.
နေမဝင်ခင် အချိန်မှာ ငါတို့ အိမ်ကို ရောက်ပြီးနေလိမ့်မယ်။

By the time you arrive at my home, 
I will have finished my homework.
မင်းငါ့အိမ်ရောက်သည့်အချိန်ဆို 
ငါ့အိမ်စာ လုပ်ပြီးနေလောက်ပြီ။

When you arrive,I will have cooked dinner.
မင်းရောက်လာမည့် အချိန်ဆို ငါ ညစာ ချက်ပြီး နေလောက်ပြီ။

By 5 PM, I will have finished the report.
ညနေ (၅)နာရီ မတိုင်ခင်မှာ အစီရင်ခံစာ ပြီးစီး
နေပါလိမ့်မည်။

I will have graduated by 2027.
၂၀၂၇ မတိုင်ခင် ဘွဲရပြီးသား ဖြစ်လိမ့်မည်။

By the end of this month, I will have completed the course.
ဒီလကုန်လောက်ဆို သင်တန်းပြီးစီးနေလောက်ပြီ။

By the end of this month, Mg Mg will have read ten books in the library.
ဒီလကုန်လောက်ဆို စာကြည့်တိုက်ထဲမှာမောင်‌မောင်ဟာ စာအုပ်ဆယ်အုပ်လောက် ဖတ်ပြီးနေလောက်ပြီ။

By next year, they will have built the bridge.
နောက်နှစ်ဆို ဒီတံတာဆောက်ပြီးလောက်ပြီ။

(၄). Future perfect continuous tense 
|( S ) + ( will have been + V-ing )|
I will have been reading 
You will have been sitting 
We will have been eating 
They will have been talking 
He will have been playing 
She will have been teaching 
It will have been snowing 

အနာဂတ်၏ အချိန်ကာလတစ်ခုမှာ အလုပ်တစ်ခု ဖြစ်ပွားနေတာ (ဘယ်လောက်ကြာပြီလဲ )ဆိုတာကို အလေးပေးပြောပြချင်တဲ့အခါ သုံးပါတယ်။
အချိန်သတ်မှတ်ချက် ( Deadline ) တစ်ခုအမြဲတမ်း ရှိ‌နေပါတယ်။အဖြစ်အပျက်တစ်ခုဟာ အဲ့ဒီအချိန်မတိုင်ခင် ကတည်းက ဖြစ်ပွားလာပြီး အဲ့ဒီအချိန်ကို ရောက်သည့်အခါ

 “ဒီအချိန်ဆိုရင်တော့ ငါဒါကိုလုပ်နေတာ ဘယ်လောက်ကြာနေပြီ ဖြစ်လိမ့်မယ်”လို့ ပြောချင်တဲ့အခါ သုံးတာပါ။

By next month, I will have been living in Yangon for two years.
နောက်လဆို ငါ ရန်ကုန်မှာ နေလာခဲ့တာ (၂)နှစ်
ရှိနေပြီ ဖြစ်လိမ့်မယ်။

When you arrive at 6:00 PM, I will have been cooking for three hours.
ညနေ(၆)နာရီ မင်းရောက်လာသည့်အခါ ငါချက်ပြုတ်နေတာ (၃)နာရီရှိနေပြီ ဖြစ်လိမ့်မယ်။

By the end of this year, she will have been studying English for five years.
ဒီနှစ်ကုန်ရင် သူမ အင်္ဂလိပ်စာ လေ့လာနေတာ ၅ နှစ်ရှိပြီ ဖြစ်လိမ့်မယ်။

Tense Verb ( 12 )ခုကို လေ့လာသည့်အခါ
၎င်း ကာလများ၏ ကြိယာဖွဲ့စည်းမှု ( ပုံစံ )
ကိုသာ အဓိကထား၍ လေ့လာပါ။

ကြိယာပုံစံကို အလွတ်ရရင်
( S + V ) pattern ကို အသုံးပြု၍
ဝါကျများ ချရေးကြည့်ပါ။

ထိုသို့ ချရေးသည့်အခါ
( Verb Form )ပြုလုပ်နည်းကို သိထားဖို့လိုသလို၊ Irregular Verb ( 235 ) လုံးကို A to Z
Series အလိုက် အလွတ်ရထားဖို့ လိုပါတယ်။

( S ) နေရာအတွက်
Singular noun, Plural noun 
Pronoun 
Noun phrase တခုခုအသုံးပြုရပါမည်။
( V ) နေရာအတွက်
ကာလပြ ကြိယာ ပုံစံ ၁၂ ခု ထဲက
တခုခု အသုံးပြုပါ။

Eight parts of Speech ၏ အစဉ် အရဆိုရင်
Verb ပြီးရင် ( Adverb ) ကို လေ့လာရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်
( SVOCPMTR ) အစဉ် အရဆိုရင်
Adverb ကို  အရင်လေ့လာလိုက်ရင်
( O,C ) ကို ကျော်သွားပါလိမ့်မယ်။

( PMTR )အုပ်စုသည် Adverb များ ဖြစ်ကြပါသည်။
ထို့ကြောင့် ဆယ်တန်းကျောင်းသား ဘဝက
ကျူရှင်မှာ
( O ) = Object အကြောင်း
( C ) = Complement အကြောင်းကို
အရင်သင်ခဲ့ရပါသည်။

အထူးသတိပြုသင့်တာ တစ်ခုက
Noun phrase တည်ဆောက်ဖို့အတွက်
Determiner နဲ့ Adjective အကြောင်းကို
လေ့လာထားဖို့ အရေးကြီးပါသည်။

၎င်းတို့ နှစ်ခုသည် Noun အရှေ့က အထူးပြုသည့် အတွက် 
( Pre Modifier )ဟု ခေါ်ပါသည်။
Noun အနောက်က အထူးပြုတာကိုတော့
( Post Modifier ) လို့ ခေါ်ပါတယ်။

Modifier အကြောင်း အနည်းငယ် သိထားရင်
Noun phrase အရှည်ကြီး တည်ဆောက်လို့ရပါသည်။

( S ) နေရာအတွက် ပူစရာ မလိုတော့ပါဘူး။
( V ) နဲ့ ပေါင်းလိုက်ရင် ဝါကျ တစ်ခု ဖြစ်ပါပြီ။
ကာလ(၁၂)ခုထဲက တစ်ခု ဆွဲသုံးလိုက်ပါ။

အဓိပ္ပာယ် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ
ဒါက လုံးဝ အရေးမကြီးပါဘူး။

အဓိက က ( S + V ) ပုံစံကို မှန်ကန်စွာ foundation ချတက်ဖို့သာ အရေးကြီးပါသည်။
 

No comments: