ဖြစ်ပေါ်လာပုံကို သိထားပြီးပြီ ဆိုရင်
ဘယ်လို အသုံးပြုရသလဲဆိုတာ ဆက်လေ့လာကြည့်ကြမယ်။
ဝါကျ တစ်ခု တည်ဆောက်တော့မယ် ဆိုရင်
အရင်ဆုံး ( SVOCPMTR )ကို စိတ်ထဲမှာ လက်ကိုင်တုတ်အဖြစ် ကိုင်ထားဖို့လိုပါတယ်။
မြန်မာလို ရေးသားထားသည့် ဝါကျတစ်ခုကို subject, verb, object, complement အစရှိသဖြင့် သူ့အစီအစဉ် အတိုင်း ခွဲခြမ်းရပါမည်။
ထို့နောက် ခွဲခြမ်းထားသည့် အရာများကို
အင်္ဂလိပ် စကားလုံး အဖြစ်သို့ ပြောင်းပြီး
( SVOCPMTR ) ၏ အစဉ်တိုင်း အထိုင်ချခါ
ရေးသားရပါမည်။
ထိုအစဥ်တိုင်း ရေးသားခြင်းအားဖြင့်
အထားအသို မမှန်မှုကို ကင်းဝေးစေပါသည်။
ဝါကျ တစ်ခု အတွင်းမှာ ထိုစကားလုံး ရှစ်လုံးစလုံး ပါဝင်ခြင်လည်း ပါဝင် နေပါလိမ့်မည်။
ဒါ့မှမဟုတ် အနည်းဆုံး ၂-လုံး၊၃-လုံး၊၄-လုံး၊၅လုံး အစရှိသဖြင့် ပါဝင် နေနိုင်ပါတယ်။
ဒါကို ( pattern ) လို့ ခေါ်ပါတယ်။
Pattern ဆိုတာ-
SVOCPMTR ကို မှီငြမ်းပြီး စားရေးသားဖို့ အတွက် တီထွင်ထားသည့် ( ပုံစံ )တစ်ခုသာဖြစ်သည်ဟု မှတ်ပါ။
SVOCPMTR ၏ အခြေခံအကျဆုံး pattern မှာ [ S . V ] ဖြစ်ပါသည်။
ဝါကျတစ်ခုမှာ
၁။ ဝါကျတစ်ခု ဖြစ်ပေါ်လာအောင် ပြုလုပ်သူ
( Doer ) နှင့်
၂။ ၎င်း Doer က ( ဘာလုပ်တယ်ဆိုတာကို ) ဖော်ပြသည့် အပိုင်းဆိုပြီး
နှစ်မျိုးသာ ရှိပါသည်။
ဒါကို ( Subject + Predicate ) ဟု ခေါ်ပါသည်။
Subject က ပြုလုပ်သူ ( Doer ) ဖြစ်ပါသည်။
Predicate က ( ဘာလုပ်တယ်ဆိုတာကို ) ဖော်ပြသည့် အပိုင်းဖြစ်ပါသည်။
“ပြုခြင်းကို ဖြစ်စေ၊ရှိခြင်းကို ဖြစ်စေ၊ ဖြစ်ခြင်းကို ဖြစ်စေ ဖော်ပြသော စကားလုံးကို ကြိယာဟု
ခေါ်သည်။ ” ဟု သတ်မှတ်ထားသောကြောင့်
Predicate ၏ အဓိက ဇာတ်ကောင်ဟာ ကြိယာ ( Verb ) သာ ဖြစ်တည်နေပါတယ်။
ဒါကြောင့် အင်္ဂလိပ်စာ၏ ဝါကျတည်ဆောက်မှုအခြေခံအကျဆုံး ပုံစံမှာ ( Subject + Verb )
[ S.V ] ဖြစ်နေရခြင်း ဖြစ်ပါသည်။
[ S.V ] pattern ကို အသုံးပြုတော့မယ်ဆိုရင်
ထိုနေရာ နှစ်ခုမှာ အသုံးပြုရမည့် စကားလုံးများ အကြောင်းကို သိထားဖို့ လိုပါတယ်။
Subject [ S ] နေရာမှာ အသုံးပြုရမည့် စကားလုံးများမှာ-
၁. Noun ( နာမ် ) စကားလုံးများ
၂. Pronoun ( နာမ်စား ) စကားလုံးများ
၃. Noun phrase ( နာမ်စကားစု ) များ
အဓိက က ( Noun - နာမ် ) အကြောင်းကို
မကျဉ်းမကျယ် သိထား သင့်ပါတယ်။
Verb [ V ] နေရာ အသုံးပြုရမည့် စကားလုံးများမှာ
၁. Verb ( ကြိယာ ) စကားလုံးများ
၂. Verb Form ( ကြိယာပုံစံ )များ
၃. Verb Tense ( ကြိယာ၏ ကာလ ပုံစံ )များ
သို့မဟုတ်( ကာလပြ ကြိယာ ပုံစံ )များ
အဓိက က ( Verb - ကြိယာ ) အကြောင်းကို
မကျဉ်းမကျယ် သိထားဖို့ လိုပါတယ်။
Eight Parts of Speech ( ဝါစင်္ဂ ရှစ်မျိုး )ထဲက
Noun နဲ့ Verb စကားလုံးများသာ ခေါင်းထဲမှာ
ရှိနေဖို့ပဲ လိုပါတယ်။ဒါဆို [ S.V ] pattern ကို
အသုံးပြုပြီး စာရေးလို့ ရပါပြီ။
Noun
သက်ရှိ၊သက်မဲ့ - ဒြပ်ရှိ၊ဒြပ်မဲ့ တို့၏
“ အမည် " ဟူသမျှကို
Noun ( နာမ် )-ဟု ခေါ်ပါသည်။
What is this? အဲ့ဒါဘာလဲ။
ဒီမေးခွန်းရဲ့ အဖြေအားလုံးကို ခေါ်တာလို့မှတ်။
Verb
(ပြုလုပ် ဆောင်ရွက် )ခြင်းကို ဖြစ်စေ၊
( ရှိ ) ခြင်းကို ဖြစ်စေ၊
( ဖြစ် ) ခြင်းကို ဖြစ်စေ ဖော်ပြသည့် စကားလုံးကို ကြိယာ ( verb ) ဟု ခေါ်ပါသည်။
What does it do? အဲ့ဒါ ဘာလုပ်နေတာလဲ။
ဒီမေးခွန်းရဲ့ အဖြေအားလုံးကို ခေါ်တာလို့မှတ်။
ဒါ့ကြောင့်
Noun ဟာ ညွှန်းဆိုပြသည့် ( Label ) စကားလုံးများဖြစ်ပြီး၊
Verb ဟာ လှုပ်းရှား ဆောင်ရွက်မှုပြ ( Action )
စကားလုံများ သာ ဖြစ်ကြပါသည်။
သူတို့ နှစ်ခုအကြောင်း သိထားမယ်ဆိုရင်
စကားလုံး (၅)မျိုး အထိ သိရှိလာပါမည်။
နာမ်၏အစား သုံးသောစကားလုံးကို
နာမ်စား ( Pronoun )ဟု ခေါ်ပါသည်။
နာမ်ကို အထူးပြုသော စကားလုံးကို
နာမဝိသေသန( Adjective )ဟုခေါ်ပါသည်။
ကြိယာကို အထူးပြုသော စကားလုံးကို
ကြိယာဝိသေသန ( Adverb ) ဟုခေါ်ပါသည်။
Noun နဲ့ Verb တို့၏ အဓိပ္ပာယ် အကျဉ်းဖြစ်ပါတယ်။
ဒီတော့
[ S.V ] pattern ကို အသုံးပြုပြီး ဝါကျများ ရေးကြည့်ကြမယ်။
ခွေးများ /ဟောင်ကြသည်။
S V
Dogs bark.
ငှက်များ / ပျံသန်းကြသည်။
S. V
Birds fly.
ငါးများ / ရေကူးကြသည်။
S. V
Fish swim.
နေ / ထွက်သည်
S. V
The Sun rises.
နေ / သာသည်။
S. V
The Sun shines.
နေ /ဝင်သည်။
S V
The Sun sets.
ကလေး / ငိုသည်။
S V
The baby cries.
ပန်းများ / ပွင့်ကြသည်။
S. V
Flowers bloom.
-ကလေးတွေ / ကစားကြသည်။
Children play.
ကား /ရပ်သွားသည်။
The car stops.
သူ / သီချင်းဆိုတယ်။
He sings.
သူမ/ ကခုန်သည်။
She dances.
မိုး / ရွာတယ်။
It rains.
လေ / တိုက်တယ်။
The wind blows.
ငါ / နားထောင်တယ်။
I listen.
နာရီ / တချက်ချက်မြည်သည်။
The clock ticks.
ဒီဝါကျတွေ အားလုံးဟာ present simple tense တစ်ခုကိုသာ အသုံးပြုပြီး ရေးထားတာဖြစ်ပါတယ်။ကျန်တဲ့ကာလတွေ မပါသေးဘူး။
Present simple tense ကာလ၏ ကြိယာပုံစံ
( V / V .s_es ) ကို အသုံးပြုထားပါသည်။
Subject နဲ့ Verb ကို ကိုက်ညီလိုက်ဖက်မှု ရှိအောင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
Subject (နည်း)ရင် - Verb (နည်း)ရပါမည်။
Subject (များ)ရင် - Verb (များ)ရပါသည်။
ဒါကို( Subject and Verb agreement ) ဟုခေါ်ပါသည်။အနည်း၊အများ ညှိခြင်း ဟု မှတ်ပါ။ဒါကို မဖြစ်မနေ သိထားဖို့ လိုပါတယ်။
Subject ကို ( s )ထည့်ရင် များပြီး
Verb ကို ( s )ထည့်ရင် နည်းသွားပါတယ်။
Summary ( အကျဉ်းချုပ် )
[ S.V ] pattern ကို အသုံးပြုမယ်ဆိုရင်-
၁. Eight Parts of Speech ( ဝါစင်္ဂ )ရှစ်မျိုးထဲက ( Noun - နာမ် ) နဲ့ ( Verb - ကြိယာ ) နှစ်ခုအကြောင်း သိထားဖို့ လိုပါတယ်။
၂. Subject and Verb Agreement စည်းမျဉ်းကို သိထားဖို့ လိုပါမယ်။
၃. Verb Form ( ကြိယာ တို့၏ ပုံစံများ ) ပြုပြင်ပြောင်းလဲမှု ( Verb Conjugation ) အပိုင်းကို သိထားဖို့ လိုပါမည်။
၄. Verb Tense ( ကြိယာတို့၏ အချိန်ကာလပြမှု ) ပုံစံများ ဖြစ်သည့် ကာလ(၁၂)ခုတို့၏ ပုံစံများကို သိထားဖို့ လိုပါတယ်။
အထက်ပါ အကြောင်းအရာများသည်
ဆက်လက် လေ့လာမည့် pattern တို့၏
အခြေခံ Unit တစ်ခု ဖြစ်ပါသည်။
ဒါတွေကို သိရှိထားမည်ဆိုပါက
လျင်မြန်စွာ အသုံးချနိုင်သည့် အတွက်
ဝါကျတည်ဆောက်မှု နှင့် လေ့လာသင်ယူမှု
များကို ပိုမိုလွယ်ကူ စေပါမည်။
No comments:
Post a Comment