Sunday, February 15, 2026

Noun

( S.V ) pattern ကို အသုံးပြုဖို့ အတွက်
Subject နဲ့ Verb နေရာမှာ အသုံးပြုသည့်
စကားလုံးများအကြောင်း သိထားဖို့လိုပါတယ်။

ဝါကျတစ်ခုကို နောက်ကွယ်ကနေ ထိန်း‌ကြောင်း ထားတဲ့ အင်္ဂါသုံးရပ် ရှိပါတယ်။

၁. စကားလုံး အမျိုးအစား
သူ့ကို ( part of speech )လို့ခေါ် တယ်။

၂.ခန္ဓာကိုယ်တည်ဆောက်ပုံ
သူ့ကို ( Sentence Structure ) လို့
ခေါ်ပါတယ်။

၃.ကာလအပိုင်းအခြာ
သူ့ကို ( Verb Tense ) လို့ခေါ်ပါတယ်။

အထက်ပါ အင်္ဂါ သုံးရပ်ထဲမှ ပထမဆုံး
အကြောင်းအရာဖြစ်တဲ့

၁. စကားလုံး အမျိုးအစား ထဲက( Noun- နာမ်)
အကြောင်း လေ့လာကြည့်ကြမယ်။

ကျွန်‌တော်တို့ နေ့စဉ်‌နေ့တိုင်း ပြောဆိုနေတဲ့ စကား‌ထဲမှာ စကားလုံး အစိတ်အပိုင်းများစွာကို ချိတ်ဆက်ပြီးမှ ပြောဆိုနေကြရတယ် ဆိုတာကို
သတိပြုမိပါသလား။

ဥပမာ-
ထမင်းစားပြီးပြီလား။

အထက်ပါ ပြောဆိုလိုက်တဲ့ စကားထဲမှာ
စကားလုံးများစွာ ပါဝင် နေပါတယ်။

ထမင်း ၊ စား ၊ ပြီးပြီ ၊ လား စသည့် စကားလုံး လေးမျိုး ပါဝင် နေပါသည်။

ထိုစကားလုံးများ တစ်ခုချင်းစီဆိုရင်
စကားအစိတ်အပိုင်း လို့ ခေါ်ပါတယ်။
မြန်မာလို ( ဝါစင်္ဂ )၊
အင်္ဂလိပ်လို Part of speech လို့ ခေါ်ပါတယ်။

စကားလုံးများသည် တစ်ခုနှင့်တစ်ခု အရည်အသွေးခြင်း မတူညီကြပါ။
တူညီသော စကားလုံးများကို အုပ်စုဖွဲ့ ကြည့်မယ်ဆိုရင်-
အုပ်စု (၈)စု ထွက်ပေါ်လာပါမည်။
၎င်းကို ( ဝါစင်္ဂ )ရှစ်မျိုးဟုခေါ်ပါသည်။
အင်္ဂလိပ်လို ( Eight parts of speech )
ဟု ခေါ်ပါသည်။

Eight parts of speech

1. Noun ( နာမ် )
2. Pronoun ( နာမ်စား )
3. Verb  ( ကြိယာ )
4. Adjective ( နာမဝိသေသန )
5. Adverb ( ကြိယာဝိသေသန )
6. Preposition ( ဝိဘတ် )
7. Conjunction ( စကားဆက် )
8. Interjection ( အာမေဍိတ် )
စသည့် တို့ဖြစ်ကြပါသည်။

1. Noun ( နာမ် )
နာမ်ဆိုသည်မှာ သက်ရှိ၊သက်မဲ့၊ဒြပ်ရှိ၊ဒြပ်မဲ့ တို့၏ ( အမည် ) ဟူသမျှကို နာမ်ဟု‌ ခေါ်ပါသည်။
ဥပမာ-
မောင်ဘ၊ ခွေး၊စာအုပ်၊မေတ္တာ
Mg Ba , Dog ,Book , Love 

ထို အမည်စကားလုံးများကို ရေဘုယျ အကြမ်းဖျင်း အားဖြင့် ( နှစ်မျိုး ) ခွဲခြားပါသည်။၎င်းတို့မှာ-
A. Proper Noun     ( တစ်ဦးဆိုင် နာမ် )
B. Common Noun ( အများဆိုင် နာမ် )
ဟူ၍ ဖြစ်ပါသည်။

A. Proper Noun ( တစ်ဦးဆိုင် နာမ် ) -
တစ်ဦး တစ်ယောက် တစ်ခု နှင့်သာ သီးသန့် သက်ဆိုင်သော အမည်များကို
တစ်ဦးဆိုင်နာမ် ဟု ခေါ်ပါသည်။
( အင်္ဂလိပ် ဘာသာစကား၌ ထို အမည်များ၏ အစ စာလုံးကို Capital Letter စာလုံးအကြီး ဖြင့် ရေးသားပါသည်။ )
ဥပမာ-
Mg Ba . မောင်ဘ
Myanmar . မြန်မာ
Mandalay . မန္တလေး
Moon . လ

B. Common Noun ( အများဆိုင် နာမ် )
အများနှင့် သက်ဆိုင်သော ဘုံ အမည် များကို အများဆိုင်နာမ် ဟု ခေါ်ပါသည်။
ဝေါဟာရနာမ် ဟုလည်း ခေါ်ပါသည်။
ဥပမာ-
teacher . ဆရာ
car . ကား
cat . ကြောင်
capital . မြို့တော်
city . မြို့

အထက်ပါ ဝေါဟာရနာမ်များကို တူရာအစုပြု၍ အောက်ပါအတိုင်း ( လေမျိုး ) ထပ်မံ ခွဲခြားပါသည်။

၎င်းတို့မှာ-

C. Collective Noun( အစုအဖွဲ့ပြ နာမ် )
D. Abstract Noun ( စိတ္တဇ နာမ် ) 
E. Concrete Noun ( အာရုံငါးပါး နာမ် )
(ထိ၊မြင်၊ကြား၊အနံ့ ၊အရသာ)ခံစားနိုင်
F. Material Noun(တွင်းထွက်ပစ္စည်းနာမ် )

ဟူ၍ စသည်တို့ ဖြစ်ကြပါသည်။

C. Collective Noun
ပေါင်းစုထားခြင်း၊ဖွဲ့စည်းထားခြင်း သဘောရှိသော စကားလုံးများကို 
အစုအဖွဲ့ပြနာမ် ဟု ခေါ်ပါသည်။

အစုအဖွဲ့ပြ နာမ်များကို အောက်ပါအမျိုးအစားများအလိုက် ခွဲခြားနိုင်ပါသည်။

1. လူအုပ်စု
2. တိရစ္ဆာန်အုပ်စု
3. အရာဝတ္ထုအုပ်စု

1. လူအုပ်စု
army . စစ်တပ် 
band . အဖွဲ့
crew . အမှုထမ်း
family . မိသားစု
group . အုပ်စု
team . အသင်း
party . ပါတီ
league . အဖွဲ့

2.တိရစ္ဆာန်အုပ်စု
flock . ( ငှက် )အုပ်
herd . ( သိုး )အုပ်
hive . ( ပျား )အုံ

3.အရာဝတ္ထုအုပ်စု
bunch . အစည်း
bundle . အထုပ်
pile . အပုံ
library . စာကြည့်တိုက်

D . Abstract Noun 
ထိတွေ့ကိုင်တွယ်၍ မရသော အမည်စကားလုံးများကို စိတ္တဇနာမ် ဟုခေါ်ပါသည်။ထို ဝေါဟာရ စကားလုံးများသည် စိတ်ဖြင့်သာ ခံစားသိရှိနိုင်ပါသည်။ထိုနာမ်များကို အောက်ပါအတိုင်း‌ လေးမျိုး ခွဲခြားနိုင်ပါသည်။
1. ခံစားချက်များ ( Emotion )
2. အရည်အသွေးများ ( Quality )
3. အခြေအနေများ ( State )
4.စိတ်ကူးများ ( Idea )
စသည်တို့ ဖြစ်ကြပါသည်။

1. စိတ်ခံစားချက်များ ( Emotion )
love  . ချစ်ခြင်း
hate . မုန်းတီးခြင်း
happiness  . ပျော်ရွှင်မှု
sadness  . ဝမ်းနည်းမှု
fear . ကြောက်ရွံ့မှု
bravery . ရဲရင့်မှု
anger . ဒေါသ

2 . အရည်အသွေးများ ( Quality )
honest . ရိုးသားမှု
bravery . ရဲရင့်မှု
kindness . ကြင်နာမှု
intelligence  . အသိဉာဏ်ကြီးမားမှု
patience . သည်းခံမှု

3 . အခြေအနေများ ( State )
peace . ငြိမ်းချမ်းမှု
freedom . လွတ်လပ်မှု
justice  . တရားမျှတမှု
poverty . ဆင်းရဲမွဲတေမှု
wealth . ချမ်းသာမှု
success . အောင်မြင်မှု

4 . စိတ်ကူးများ ( Idea )
idea . စိတ်ကူး
thought . အတွေးအမြင်
philosophy . ဒဿန
theory  . သီအိုရီ
concept . အယူအဆ
belief  . ဘာသာ အယူဝါဒ

E . Concrete Noun
ထိတွေ့ကိုင်တွယ်၍ မရသော၊မမြင်ရသော စိတ္တဇ အမည်စကားလုံးများနှင့်
ဆန့်ကျင်သော အမည်စကားလုံးများကို
Concrete Noun ဟုခေါ်ပါသည်။
ထိုအမည်စကားလုံးများသည် အာရုံငါးပါးနှင့်ထိတွေ့ကိုင်တွယ်၍ ရကြပါသည်။
ဥပမာ -
book . စာအုပ်
table . စားပွဲ
pencil . ခဲတံ
car . မော်တော်ယာဉ်

F . Material Noun 
သဘာဝထွက်ကုန်၊ တွင်းထွက်ပစ္စည်းများနှင့် စားကုန်များ၏ အမည်များကို ဖော်ပြသော စကားလုံးများအား Material Noun ဟုခေါ်ပါသည်။
ဥပမာ-
paddy . စပါး
rice . ဆန်
gold . ရွှေ
silver . ငွေ
teak . ကျွန်းသစ်
wood . သစ်သား
paper . စက္ကူ
milk . နို့
coffee . ကော်ဖီ
water . ရေ
beef . အမဲသား
pork . ဝက်သား
fish . ငါး
suger . သကြား
salt . ဆား 

G. Compound Noun 
နာမ် အချင်းချင်း သော်လည်‌ကောင်း၊အခြား
စကားလုံးများ အချင်းချင်း သော်လည်းကောင်း ပေါင်းစပ်၍
အမည်အသစ်တစ်ခု ဖြစ်ပေါ်လာသော စကားလုံးကို ပေါင်းစပ်နာမ် ဟု ခေါ်ပါသည်။
ဥပမာ-
ရေ + အိုး = ရေအိုး
ဆီ  + ဘူး = ဆီဘူး

Tooth = သွား  
Paste = ကော်
Toothpaste = သွားတိုက်ဆေး

Rain = မိုး
Bow = လေးကွေး
Rainbow = သက်တန့်

Home = အိမ်
Work  = အလုပ်
Homework = အိမ်စာ

Light = ရောင်ခြည်
House = အိမ်
Lighthouse = မီးပြတိုက်

Bed = အိပ်ရာ
Room = အခန်း
Bedroom = အိပ်ခန်း

Pan = ဒယ်အိုး
Cake = ကိတ်မုန့်
Pancake = မုန့်ကြွပ်

Compound noun ရေးသားပုံ (၃)မျိုး ရှိပါသည်။
1. ပေါင်းစပ်၍ ရေးသားခြင်း
Homework = အိမ်စာ

2. ခြား၍ ရေးသားခြင်း
High school = အထက်တန်းကျောင်း

3. Dash ( - ) hyphen ခံ၍ ရေးသားခြင်း
Mother-in-law  = ယောက္ခမ

အထက်ဖော်ပြပါ အရာအားလုံး၏ အမည်များကို( Noun ) လို့ခေါ်သည်ဟုသာ
မှတ်သားထားလိုက်ပါ။

ထို Noun များကို
*ရေတွက်လို့ ရသော နာမ် နှင့် ရေတွက်လို့မရသော နာမ် ဟူ၍ လည်းကောင်း၊

+ကိန်းအရေအတွက်အားဖြင့် အနည်းကိန်းနာမ် နှင့် အများကိန်း နာမ် ဟူ၍ လည်း ကောင်း ၊ 

ထပ်မံ ခွဲခြား ထားပါသည်။၎င်းတို့မှာ

* Countable noun 
* Uncountable noun 

+ Singular noun 
+ Plural noun 

စသည်တို့ ဖြစ်ကြပါသည် 

* လက်ဖြင့် တစ်ဦး၊တစ်ယောက်၊တစ်ခုစီ
အစရှိသဖြင့် ရေတွက်၍ ရသော နာမ်များကို  
( Countable noun ) ဟု ခေါ်ဆိုပြီး၊

* လက်ဖြင့် ရေတွက်ရိုးထုံးစံမရှိဘဲ အတိုင်းအတာ၊အချိန်အတွယ် တို့ဖြင့်သာ
ရေတွက်နိုင်သော နာမ်များကို
( Uncountable noun  ) ဟုခေါ်ဆိုပါသည်။

* Countable noun 
ရေတွက်နိုင်သော နာမ်များထဲ၌ 
( Collective Noun )နှင့် 
( Concrete Noun )တို့
ပါဝင်ကြပါသည်။
ဥပမာ-
teacher . ဆရာ 
a teacher  . ဆရာ တစ်ယောက်

book . စာအုပ်
a book . စာအုပ် တစ်အုပ်

cat . ကြောင်
a cat . ကြောင် တစ်ကောင်

hive . အုံ
a hive of bees . ပျားတစ်အုံ

flock  . အုပ်
a flock of cows . နွားတစ်အုပ်

bunch . အစည်း
a bunch of flowers . ပန်းတစ်စည်း

* Uncountable noun 
ရေတွက်၍မရသော နာမ်များထဲ၌ သဘာဝထွက်ကုန်များ၊တွင်းထွက်ပစ္စည်းများ နှင့် စားကုန်များဖြစ်ကြသော ( Material Noun )  နှင့် 
တစ်ဦးတစ်ယောက်၊တစ်ခု နဲ့သာ သီးသန့် သက်ဆိုင်သော( Proper Noun ) များပါဝင်ကြပါသည်။

water . ရေ
a glass of water . ရေတစ်ခွက်

coffee . ကော်ဖီ
a cup of coffee . ကော်ဖီတစ်ခွက်

gold . ရွှေ
a gram of gold . ရွှေ တစ်ဂရမ်

wood . သစ်သား
a piece of wood . သစ်သားအပိုင်းအစတစ်ခု

ထို့ကြောင့်  ရေတွက်လို့မရသော material noun များကို  ( a , an ) နှင့် တိုက်ရိုက်မတွဲရပါ။အများကိန်းမပြောင်းရပါ။

ဥပမာ 
gold  . a gold ဟု ရေးလို့ မရသလို
gold  . golds ဟု ရေလို့ မရပါ။

Mass ( အစုအပုံ ) အနေဖြင့် ရှိမနေဘဲ
ကွဲထွက်သွားသည့် uncountable noun များ၊
၎င်း uncountable noun များ၏
( Unit of Measurement ) များကို 
ရေတွက်လို့ရပါသည်။

Time ဟာ uncountable noun ဖြစ်ပေမယ့်
အချိန်ကို တိုင်းတာသည့် ( Unit )များကို
ရေတွက်နိုင်ပါသည်။
A second, a minute , an hour 

Money = uncountable noun 
‌ငွေ ၏ Unit များကို ရေတွက်နိုင်ပါသည်။
A kyat, a dollar , a euro 

Number ( ကိန်း )
နာမ်များကို ကိန်းအရေအတွက် အားဖြင့်အနည်းကိန်း နှင့် အများကိန်း ဟူ၍ နှစ်မျိုးခွဲခြားပါသည်။

ရှိရင်းစွဲနာမ်များကို ( singular noun) အနည်းကိန်း ဟုခေါ်ပါသည်။ ထိုနာမ်များ၏ အနောက်၌ ( s ) ပေါင်းထည့်ပေးခြင်းဖြင့် 
( plural noun ) အများကိန်းနာမ်များ ဖြစ်ပေါ်လာပါသည်။

ဥပမာ-
book . စာအုပ်/ books . စာအုပ်များ
cat . ကြောင် / cats . ကြောင်များ
car . ကား / cars . ကားများ

Noun များကို အနည်းကိန်းမှ အများကိန်း
သို့ ပြောင်းမည်ဆိုပါက
1.လိုက်နာရမည့် စည်းမျဉ်း( rule)များနဲ့
2.ချွင်းချက် ( exception ) များကို
သိရှိထားဖို့ လိုအပ်ပါသည်။

1. ပုံမှန် နည်းလမ်းအားဖြင့်
singular noun ရဲ့ နောက်မှာ ( -s ) ပေါင်းထည့် ပေးခြင်းအားဖြင့် အများကိန်းကို ရရှိပါသည်။
ဥပမာ-
cat → cats = ကြောင်များ
book → books = စာအုပ်များ
dog → dogs = ခွေးများ

2. (-s, -ss, -sh, -ch, -x, -z )နဲ့ဆုံးတဲ့ နာမ်များ -နောက်မှာ (-es ) ထည့်ပြီး  အများကိန်း လုပ်ရပါတယ်။
ဥပမာ

bus → buses = ဘက်(စ်)ကားများ
gas→ gases = ဓာတ်ငွေ့များ
ass→asses = လားများ
class→classes = အခန်းများ
glass→glasses = ဖန်ခွက်များ
bush→bushes = ချုံပုတ်များ
dish → dishes = ဟင်းခွက်များ
bench→benches = ခုံရှည်များ
branch→branches=အကိုင်းအခတ်များ
church → churches =ခရစ်ယာန်‌ ကျောင်းများ
ditch→ditches = မြောင်းများ
match→matches=ပြိုင်ပွဲများ
watch→watches = နာရီများ
box →boxes = သေတ္တာများ
fox →foxes = မြေခွေးများ
tax→taxes=အကောက်အခွန်များ
buzz→buzzes=တဝီဝီမြည်သံများ
fizz → fizzes = ရှူးခနဲမြည်သံများ
quiz →quizes ဉာဏ်စမ်းပဟေဠိများ

3. ( y ) နဲ့ဆုံးတဲ့ နာမ်များ

(-y )နဲ့ဆုံးပြီး  yရှေ့မှာ( ဗျည်း) ရှိရင်
(-y )ကို ( -i ) ပြောင်း (-es ) ပေါင်းပြီး 
အများကိန်း သို့ ပြောင်းရပါတယ်။
ဥပမာ
army →armies = စစ်တပ်များ
baby → babies = ကလေးများ
city → cities = မြို့ကြီးများ
fly →flies = ယင်ကောင်များ
lady→ladies = ဂုဏ်ရှိမိန်းမများ
spy →spies = သူလျှိုများ

(-y ) ရှေ့မှာ  ( သရ )ရှိရင် (-s ) ထည့်ရုံပါပဲ။
ဥပမာ
boy → boys = ယောက်ျားလေးများ
day →days = နေ့ရက်များ
donkey →donkeys = မြည်းများ
key →keys = သော့များ
monkey →monkeys = မျောက်များ
play→plays = ပြဇာတ်များ
toy→  toys = ကစားစရာများ
ray →rays = ရောင်ခြည်တန်းများ

4. (-f ) or (-fe ) နဲ့ဆုံးတဲ့ နာမ်များ

f နဲ့ fe ကို v ပြောင်း ( -es ) ပေါင်းပြီး အများကိန်းသို့ ပြောင်းရပါတယ်။
ဥပမာ
calf →calves = နွားငယ်ကလေးများ
half →halves = ထက်ဝက်များ
knife → knives = ဓားများ
leaf → leaves = သစ်ရွက်များ
life →lives = ဘဝများ
loaf →loaves = ပေါင်မုန့်လုံးများ
shelf →shelves = စင်များ
thief →thieves = သူခိုးများ
wife → wives = ဇနီးမယားများ

 **ခြွင်းချက်များ**
အောက်ပါ နာမ်များသည် ( f/fe ) များနှင့်ဆုံး
သော်လည်းပဲ ( s ) သာ ပေါင်းပါသည်။

chef→ chefs = စားဖိုမှူးများ
chief→ chiefs = အကြီးအကဲများ
cliff→ cliffs = အငူစွန်းများ
dwarf → dwarfs = လူပုများ
giraffe→giraffes=သစ်ကုလားအုပ်များ
hoof → hoofs = ခွာများ
roof → roofs = ခေါင်မိုးများ
belief → beliefs = ယုံကြည်မှုများ
proof→ proofs = သက်သေများ
safe→ safes = မီးခံသေတ္တာများ

5. -o နဲ့ဆုံးတဲ့ နာမ်များ
o နဲ့ဆုံးတဲ့ နာမ်တွေကို -es ထည့်ရပါတယ်။
 ဥပမာ

-buffalo →buffloes = ကျွဲများ
-cargo →cargoes = ကုန်စည်များ
-echo →echoes = ပဲ့တင်သံများ
-hero →heroes = သူရဲကောင်းများ
-mango →mangoes = သရက်သီးများ
-motto →mottoes = ဆောင်ပုဒ်များ
-potato → potatoes အာလူးများ
-tomato→tomatoes ခရမ်းချဉ်သီးများ
-volcano→volcanoes = မီးတောင်များ

 **ခြွင်းချက်များ**
ဤ စကားလုံး (၈)လုံးသည် -O ဖြင့်ဆုံးသော် လည်းပဲ (-s) သာ ပေါင်းထည့်ရပါသည်။

auto.  →autos = မော်‌တော်ကားများ
dynamo →dynamos=ဒိုင်နမိုများ
hippo → hippos = ရေမြင်းများ
photo → photos = ဓာတ်ပုံများ
piano → pianos = စန္ဒရားများ
rhino → rhinos = ကြံ့များ
solo  → solos=တစ်ကိုယ်တော်များ
two →twos = နှစ်ခုတွဲများ

( O ) နဲ့ဆုံးပြီး O ရှေ့မှာ သရ ရှိတဲ့အခါ
( -s ) သာ ပေါင်းပါတယ်။

-bamboo→bamboos = ဝါးများ
-cuckoo→cuckoos = ဥဩငှက်များ
-studio →studios = စတူဒီယိုများ
-video →videos= ဗီဒီယိုတိပ်ခွေများ
-zoo →zoos =တိရစ္ဆာန်ဥယျာဉ်များ

6. ပုံမှန်မဟုတ်သော နာမ်များ
 (Irregular Plurals)
ဒီနာမ်တွေကို ပုံမှန်နည်းလမ်းတွေနဲ့ မပြောင်းလဲနိုင်ပါဘူး။ မှတ်ထားပါ ။
- ဥပမာ
- child → children = ကလေးများ
- man → men = ယောကျ်ားများ
- woman → women = မိန်းမများ
- foot → feet  = ခြေထောက်များ
- tooth → teeth = သွားများ
- mouse → mice= ကြွက်များ
-goose→ geese =   ငန်းများ
-person→people = လူများ
- ox →oxen = နွားထီးများ

7. ပုံစံမပြောင်းလဲသော နာမ်များ (Unchanging Nouns)
 - တချို့နာမ်တွေက အနည်းကိန်း နဲ့ အများကိန်း ပုံစံတူပါတယ်။
 ဥပမာ
 -sheep → sheep = သိုးများ
 - deer → deer = သမင်များ
 - fish → fish = ငါးများ
series→ series = ဖြစ်ရပ်များ
species→ species = မျိုးစိတ်များ

(အခြေအနေအရ "fishes" လည်းသုံးနိုင်ပါတယ်)

8. Latin or Greek မူလနာမ်များ
 Latin or Greek ကလာတဲ့ နာမ်တွေကို မူလပုံစံအတိုင်း အများကိန်း လုပ်ရပါတယ်။ မှတ်ထားပါ။
- ဥပမာ
analysis→ analyses
basis→ bases
criterion → criteria
datum → data
phenomenon → phenomena

9. တချို့ နာမ် များသည် အများကိန်းသာ
ရှိကြပါသည်။အနည်းကိန်း အနေဖြင့် ဖော်ပြမည်ဆိုပါက တချို့ကို ( a pair of ) နှင့်တွဲ၍ ဖော်ပြကြပါသည်။

binoculars = မှန်ဘီလူး။
goggles = လေကာ၊ရေကာမျက်မှန်
jeans = ဂျင်းဘောင်းဘီ
pliers = ပလာယာ။
pincers = ဇာဂနာ
scissors  = ကတ်ကြေး။
spectacles = မျက်မှန်။
thanks = ကျေးဇူး
tongs = မီးညှပ်
trousers = ဘောင်းဘီရှည်

ဤသို့အားဖြင့် - အချုပ်ဆိုရသော်
Noun ကို
*( kind ) အမျိုးအစား အားဖြင့်
( ၇ ) မျိုး
*( count) ရေတွက်ခြင်း အားဖြင့်
( ၂ ) မျိုး
*( number ) ကိန်း အားဖြင့်
( ၂ ) မျိုး
စုစုပေါင်း ( ၁၁ ) မျိုး ရှိပါသည်။

Noun 
1. Proper Noun 
2. Common Noun 
3. Collective Noun
4. Abstract Noun 
5. Concrete Noun 
6. Material Noun
7. Compound Noun 
8*Countable noun 
9*Uncountable noun 
10+Singular noun 
11+Plural noun 

အထက်ပါ နာမ် ( ၁၁ )မျိုးကို သိထား
သင့်ပါသည်။

[ S.V ] pattern ကို အသုံးပြုမည်ဆိုပါက
Subject နေရာ၌ အသုံးပြုသည့် noun အကြောင်းကို ဒီထက်ပိုပြီး သိထားဖို့ လိုအပ်
ပါ‌‌သည်။
Pronoun( ‌‌‌နာမ်စား ) အကြောင်း
Adjective ( နာမဝိသေသန ) အကြောင်း တို့ကိုပါသိထားဖို့ လိုပါတယ်။

နာမဝိသေသန အကြောင်းသိထားပါမှ
Noun phrase ( နာမ်စကားစု ) ဖွဲ့စည်းပုံကို
ပိုပြီး သိနားလည်းမှာ ဖြစ်ပါတယ်။

Noun phrase အကြောင်းသိတော့မှ
Subject ( S ) နေရာမှာ အသုံးပြုရမည့်
စကားလုံးကို ကျွမ်းကျင်စွာ အသုံးချတက်လာမှာ ဖြစ်ပါတယ်။

No comments: