Saturday, February 28, 2026

Pronoun

2.Pronoun ( နာမ်စား ) 
စကားလုံးများ အကြောင်း ။

နာမ် စကားလုံးတို့၏( ကိုယ်စား )
အသုံးပြုသော စကားလုံးများကို 
( နာမ်စား )ဟု ခေါ်ပါသည်။

ထို စကားလုံးများမှာ-
I , me , my , mine , myself 
We , us , our , ours , ourselves 
You , you , your , yours , yourselves 
He , him , his , his , himself 
She , her , her , hers , herself 
They ,them ,their,theirs, themselves 
It , it , its,  -  , itself 
This , that , these , those 
Who , whom , whose , which , what
Each other , one another 
Someone, anyone , everyone 
Somebody, anybody, everybody 
Something, anything, everything 
No one, nobody, nothing, 
စသဖြင့် -  ဖြစ်ကြပါသည်။

ဝါကျ အတွင်း၌ အသုံးပြုပုံပေါ်မှုတည်‌၍
အထက်ပါ( နာမ်စား )စကားလုံးများကို
အောက်ပါအတိုင်း အမျိုးအစား ( ၇ )မျိုး ခွဲခြား ထားပါသည်။

1. Personal Pronoun 
2. Demonstrative Pronoun
3. Relative Pronoun
4. Interrogative Pronoun 
5. Indefinite Pronoun 
6. Reciprocal Pronoun
7. Distributive pronoun 
စသည်တို့ ဖြစ်ကြပါသည်။

Pronoun နဲ့ ပတ်သတ်လာရင်
( Personal Pronoun ) တစ်ခုကိုသာ
အဓိကထားပြီး လေ့လာမှတ်သားပါ။
အခြေခံ level အတွက် လုံလောက်ပါသည်။
ကျန်သည့် Pronoun အမျိုးအစားများကို
ယေဘုယျ သဘောလောက် သိထားမယ်ဆိုရင်ရပါပြီ။

[ 1. Personal Pronoun ]
လူပုဂ္ဂိုလ် နှင့် အရာဝတ္ထုတို့၏ 
ကိုယ်စား အသုံးပြုသော စကားလုံးကို 
( ပုဂ္ဂလ နာမ်စား - Personal Pronoun ) ဟု
ခေါ်ပါသည်။

ထို စကားလုံးများမှာ---
I ,       me ,    my ,   mine ,   myself 
We ,   us ,     our ,   ours ,    ourselves 
You  , you  , your ,  yours ,  yourselves 
He ,    him ,  his ,    his ,       himself 
She ,  her ,   her ,    hers ,    herself 
They ,them ,their,   theirs,  themselves 
It ,      it ,        its,       -  ,       itself 

အထက်ပါ ( ပုဂ္ဂလ နာမ်စား ) စကားလုံးတို့သည် ဝါကျ အတွင်း၌ 
အသုံးပြုမှုပေါ် မူတည်၍
( ၅ )မျိုး ထပ်မံခွဲခြားထားပါသည်။
၎င်းတို့မှာ-
A. Subject pronoun 
B. Object pronoun 
C. Possessive (adjective) pronoun
D. Possessive pronoun 
E. Reflexive pronoun 
စသည်တို့ ဖြစ်ပါသည်။

A. Subject  pronoun 
Personal Pronoun စကားလုံးများ၏
ပထမ ကော်လံတိုင်၌

( I , We , You , He , She , They , It )

စသည့် စကားလုံးများကို တွေ့ရပါမည်။

ထိုစကားလုံးများသည် ဝါကျ တစ်ခု၏
subject နေရာ၌သာအသုံးပြုခြင်းကြောင့် 
၎င်းကို Subject pronoun( ကတ္တား နာမ်စား ) ဟု ခေါ်ပါသည်။
ထို့ကြောင့် Subject ( S ) နေရာအတွက်
၎င်းစကားလုံး (၇)လုံးကို သိထားအပ်ပါသည်။

I = ကျွန်တော် 
We = ကျွန်တော်တို့
You = သင် / သင်တို့ 
He = သူ
She = သူမ 
They = သူတို့ 
It = ထိုအရာ 

B. Object  pronoun 

ဒုတိယ ကော်လံတိုင်၌  ရှိသော

( me , us , you , him , her , them , it )

ထိုစကားလုံးများသည် ဝါကျ တစ်ခု၏
object နေရာ၌သာအသုံးပြုခြင်းကြောင့် ၎င်းကို object pronoun ( ကံ နာမ်စား ) ဟု ခေါ်ပါသည်။

me = ကျွန်ုပ်ကို
us = ကျွန်ုပ်တို့ကို
you = သင့်ကို
him = သူ့ကို
her = သူမကို
them = သူတို့ကို
it = ထိုအရာကို

C. Possessive( adjective ) pronoun 

တတိယ ကော်လံတိုင်၌ ရှိသော

( my, our, your, his, her, their, its )

ထိုစကားလုံးများသည် Noun( နာမ် )များကို 
ပိုင်ဆိုင်မှုအနေဖြင့်အထူးပြု‌‌ပေးသည့် အတွက်
၎င်းကို( Possessive adjective pronoun )
( ပိုင်ဆိုင်မှုပြ နာမဝိသေသန နာမ်စား ) ဟု ခေါ်ပါသည်။ထို စကားလုံးများ အနောက်၌ (noun) ရှိသည်ကို သတိထား၍ မှတ်သားသင့်ပါသည်။

ဥပမာ-
This is a book.
အဲ့ဒါ စာအုပ်တစ်အုပ်ပါ။

This is my book.
အဲ့ဒါ ငါ့စာအုပ်ပါ။

my book = ငါ့ (ရဲ့) စာအုပ်
our book = ငါတို့( ရဲ့)စာအုပ်
your book = သင့်(ရဲ့)စာအုပ်
his book = သူ့(ရဲ့)စာအုပ်
her book = သူမ(ရဲ့)စာအုပ်
their book = သူတို့(ရဲ့)စာအုပ်
its paw = သူ့(ရဲ့)ခြေဖဝါး

D. Possessive  pronoun 

စတုတ္ထ ကော်လံတိုင်၌ ရှိသော

( mine, ours, yours, his, hers , theirs)

ထိုစကားလုံးများသည် ပိုင်ဆိုင်မှုကို ပြဆိုသော နေရာ၌သာအသုံးပြုခြင်းကြောင့် ၎င်းကို Possessive pronoun ( ပိုင်ဆိုင်မှုပြ နာမ်စား ) ဟု ခေါ်ပါသည်။

That book is mine.
အဲ့ဒီစာအုပ်ဟာ ငါ့(ရဲ့)ဟာပါ။

That new book is mine.
အဲ့ဒီစာအုပ်သစ်ဟာ ငါ့(ရဲ့)ဟာပါ။

That new book of  mine was lost.
ငါ့ရဲ့အဲ့ဒီစာအုပ်သစ်ဟာ ပျောက်သွားပြီ။

mine = ငါ့ဟာ
ours = ငါတို့ဟာ
yours = သင်တို့ဟာ
his = သူ့ဟာ
hers = သူ့မဟာ
theirs = သူ့တို့ဟာ

E. Reflexive  pronoun 

ပဉ္စမ ကော်လံတိုင်၌ ရှိသော

( myself, ourselves, yourselves, himself, herself, themselves, itself)
(Yourself အနည်း/yourselves အများ)

ထိုစကားလုံးများသည် ဝါကျအတွင်း‌၌
( ကိုယ်တိုင် ) ဟူသော အဓိပ္ပာယ်ဖြင့်
သုံးစွဲကြပါသည်။

ဥပမာ
ငါ့ကားကို ငါကိုယ်တိုင်ပဲ ပြင်ခဲ့တယ်။
I myself fixed my car.
I fixed my car myself.
I fixed my car by myself.

[ 2. Demonstrative Pronoun ]

( This, That, These, Those )

ထိုစကားလုံးများသည် အနီး၊အဝေး ၌ ရှိသော အရာများအား ညွှန်ပြ လို‌သည့်အခါ
အသုံးပြုပါသည်။ထို့ကြောင့် ၎င်းတို့ကို
( ညွှန်ပြနာမ်စား )ဟု ခေါ်ပါသည်။

This / That = ဤ/ထို အရာသည်
These /Those =ဤ/ထိုအရာများသည်

မိမိ၏ အနီးဝန်းကျင်၌ ရှိသော အရာကို
( This ) ဖြင့် ညွှန်ပြ၍၊ အဝေး၌ ရှိသော
အရာကို ( That ) ဖြင့် ညွှန်ပြ ပါသည်။
နှစ်ခုစလုံး( အနည်းကိန်း )ဖြစ်ပါသည်။

မိမိ အနီးဝန်းကျင်၌ ရှိသော အရာများကို
( These ) နဲ့ ညွှန်ပြပြီး၊ အဝေး၌ ရှိသော
အရာများကို ( Those )နဲ့ညွှန်ပြပါသည်။
နှစ်ခုစလုံး( အများကိန်း )ဖြစ်ပါသည်။

စာအုပ်တစ်အုပ်ကို လက်နဲ့မြှောက်ပြပြီး
ပြောမယ်ဆိုရင်-
This is a book.

စားပွဲပေါ်က ဖေါင်တိန်ကို ညွှန်ပြလိုလျှင်
That is a pen.

( တစ်ခုထက်ပိုမယ်ဆိုရင်)
These are books.( အနီး )
Those are pens. ( အဝေး )

[ 3. Relative Pronoun ]
( Who, Whom, Whose, Which, That )
 
1. Who- လူတွေအတွက် သုံးပါတယ်။
2. Whom - လူတွေအတွက် သုံးပေမယ့် ဝါကျထဲမှာ ကံကြောင်းပြ (Object) အဖြစ် သုံးပါတယ်။
3. Whose - ပိုင်ဆိုင်မှုကို ဖော်ပြဖို့ သုံးပါတယ်။
4. Which - တိရစ္ဆာန်တွေ ဒါမှမဟုတ် အရာဝတ္ထုတွေအတွက် သုံးပါတယ်။
5. That - လူတွေ၊ တိရစ္ဆာန်တွေ၊ အရာဝတ္ထုတွေအတွက် သုံးပါတယ်

ထိုစကားလုံးများသည် ဝါကျအတွင်း၌

နာမ်စား အဖြစ်သော်လည်းကောင်း၊
ဝါကျအပိုင်း အဖြစ်လည်းကောင်း၊
စကားဆက် အဖြစ်လည်းကောင်း၊
ညွှန်းဆိုနာမ်စားအဖြစ်လည်းကောင်း
စသည့် တာဝန်များကို ထမ်းဆောင်ကြပါသည်။ဒါ့ကြောင့်( နာမ်စား ) ဆိုသည့်
အဓိပ္ပာယ်ထက် သာလွန်နေပါသည်။

( Relative Pronoun ) ကို မြန်မာလို
( အညွှန်းနာမ်စား )ဟု ဆိုခြင်းထက်
( ဆက်စပ် နာမ်စား ) ဟုသာ ခေါ်သင့်ပါသည်
ဥပမာ---
မိသားစုတစ်ခုမှာ
(အိမ်ထောင်ဦးစီး၊ အိမ်ထောင်ရှင်မ နှင့်သားသမီး )ဆိုတာရှိတယ်လို့ ယူဆကြည့်မယ်ဆိုရင်-

အိမ်ထောင်ရှင်မ ဟာ အိမ်ထောင်ဦးစီးအတွက်
( ဇနီးမယား ) ဖြစ်သလို၊
သားသမီးအတွက် ဆိုရင်(အမေ )ဖြစ်ပါတယ်။
( ဇနီးမယား နဲ့ အမေ )ဟာ တစ်ယောက်တည်းဖြစ်ပြီး ဆက်စပ် နေပါတယ်။
ဒါကို ( Relative ) ဖြစ်တယ်လို့ ခေါ်ပါတယ်။
ဒါ့ကြောင့် ထို စကားလုံးများ၏ အသုံးကို
( Relative Clause ) ဝါကျများ၌ တွေ့ရှိရခြင်းဖြစ်ပါသည်။

ဥပမာ ( ၁ )
1. The man is sitting over there.
2. He is my uncle.
ဟိုမှာ လူတစ်ယောက် ထိုင်နေတယ်။
သူက ငါ့ ဦးလေးပါ။

ပထမ စာကြောင်းရဲ့ subject နေရာက
The man ဆိုတဲ့ noun အနောက်မှာ
who အစားထိုး ထည့်ကြည့်လိုက်မယ်ဆိုရင်

The man who is sitting over there

The man အတွက် who က နာမ်စားဖြစ်ပြီး
is sitting over there. က who ကြောင့်
relative clause ဖြစ်သွားပါတယ်။
အဓိပ္ပာယ်မပြည့်စုံတော့သည့် ဝါကျပိုဒ်ငယ်
တစ်ခု ဖြစ်သွားပါတယ်။

who is sitting over there
( ဟိုမှာထိုင်နေတဲ့ သူက ) လို့ အဓိပ္ပာယ်
သက်ရောက်သွားပါတယ်။
ဟိုမှာထိုင်နေတဲ့သူ ဆိုတာ The man ကို
ပြောတာပါ။အတူတူပါဘဲ။
ဒါ့ကြောင့် The man ဆိုသည့် noun ကို
နာမ် အနောက်ကနေပြီး Post Modifier အနေဖြင့် သွားပြီး အထူးပြုလိုက်သည့်အခါ
( The man who is sitting over there )ဆိုပြီး
စကားစုအသစ်တစ်ခု ဖြစ်ပေါ်လာပါတယ်။

ဝါကျတစ်ခုက who ကြောင့် 
relative clause ပါတဲ့ Noun phase
တစ်ခု ဖြစ်သွားပါတယ်။ဒီသဘောတရားက
နာမဝိသေသန နဲ့ သက်ဆိုင်နေပါတယ်။

ဒုတိယ စာကြောင်းက ( He  ) ဆိုတာ
(The man who is sitting over there )
နဲ့ အတူတူဖြစ်တာကြောင့် he နေရာမှာ
အစားထိုးလိုက်ပြီး
The man who is sitting over there is
my uncle. ဆိုပြီး
စာကြောင်းနှစ်ခုကို ဆက်‌လိုက်ပါတယ်။

ဝါကျတည်‌ဆောက်ပုံ SVOCPMTR  အရ ခွဲခြမ်းကြည့်မယ်ဆိုရင်
The man who is sitting over there သည် subject ( S ) ဖြစ်သွားပါသည်။
is က verb ( V ) ဖြစ်ပြီး၊
my uncle က complement ( C ) ဖြစ်ပါသည်။

ဒါ့ကြောင့်
Relative pronoun ဟာ -နာမ်စား ဆိုတာထက် ပိုကျယ်ပြန့်နေပါတယ်။
( Adjective, Modifier, Phrase, Clause )များနဲ့ ပတ်သတ်နေပါတယ်။

ဥပမာ( ၂ )
1. Hla Hla is the girl.
2. I want to see her.
လှလှ က မိန်းကလေးပါ။
သူ့ကို ငါတွေ့ချင်တယ်။
Hla Hla is the girl whom I want to see.
လှလှက ငါတွေ့ချင်နေသည့် မိန်းကလေးပါ။

[ 4. Interrogative Pronoun ]
ဝါကျထဲက noun တွေကို ကွယ်ဝှက်ပြီး 
၎င်းတို့အစား အစားထိုး၍
မေးခွန်းထုတ်တက်ကြသော ( Wh ) စကားလုံးများကို ( အမေးနာမ်စား ) များဟု ခေါ်ပါသည်။၎င်းတို့မှာ
(Who, Whom, Whose, What, Which )
စသည်တို့ ဖြစ်ကြပါသည်။

ထိုစကားလုံးများ၏ အသုံးပြုမှုကို သိဖို့အတွက်( ဝါကျ - sentence )အကြောင်းကို 
အရင်နားလည်ထားဖို့၊သိရှိထားဖို့ လိုပါတယ်။

ဝါကျတစ်ခု၏
1. Structure ( တည်ဆောက်ပုံ ) - (၄)မျိုး
2. Function ( လုပ်ဆောင်ချက် ) -(၄)မျိုး
3. Form/polarity ( သဘောတရား ) (၃)မျိုး
စုစုပေါင်း ( ၁၁ )မျိုး ရှိသည့်အထဲက
Interrogative sentence ( အမေးဝါကျ )
အကြောင်းကို လေ့လာကြည့်ထားမှ နားလည်
နိုင်မှာ ဖြစ်ပါတယ်။

Who : ဘယ်သူ  
လူတစ်ဦးကို ရည်ညွှန်းတဲ့အခါမှာ အသုံးပြုပါတယ်။ Subject အဖြစ်သုံးပါတယ်။  
 ဥပမာ
 - Who is your best friend? 
(မင်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်းက ဘယ်သူလဲ)  
- Who wrote this book? 
(ဒီစာအုပ်ကို ဘယ်သူရေးခဲ့တာလဲ)  

2. Whom : ဘယ်သူ့ကို  
လူတစ်ဦးကို ရည်ညွှန်းတဲ့အခါမှာ အသုံးပြုပါတယ်။ Object အဖြစ်သုံးပါတယ်။  
ဥပမာ
- Whom did you call? 
(မင်းဘယ်သူ့ကို ဖုန်းခေါ်ခဲ့တာလဲ)  

3. Whose : ဘယ်သူ့၏
ပိုင်ဆိုင်မှုကို ရည်ညွှန်းတဲ့အခါမှာ အသုံးပြုပါတယ်။  
- Whose bag is this? 
(ဒီအိတ်က ဘယ်သူ့ဟာလဲ)  
- Whose car are you driving? 
(မင်းဘယ်သူ့ကားကို မောင်းနေတာလဲ)  

4. What : ဘာ  
အရာဝတ္ထု၊ အကြောင်းအရာ၊ လုပ်ဆောင်ချက်တွေကို ရည်ညွှန်းတဲ့အခါမှာ အသုံးပြုပါတယ်။  
ဥပမာ
- What is your name? 
(မင်း နာမည်က ဘာလဲ)  
- What are you doing? 
(မင်း ဘာလုပ်နေတာလဲ)  

5. Which : ဘယ်ဟာ  
ရွေးချယ်မှုတစ်ခုကို ရည်ညွှန်းတဲ့အခါမှာ အသုံးပြုပါတယ်။  
ဥပမာ
- Which color do you like? 
(မင်း ဘယ်အရောင်ကို ကြိုက်လဲ)  
- Which book should I read? 
(ငါ ဘယ်စာအုပ်ကို ဖတ်သင့်လဲ)  

[ 5. Indefinite Pronoun ]
လူ၊အရာဝတ္ထု၊ပမာဏ၊စသည်တို့အား သတ်သတ်မှတ်မှတ် မဟုတ်ဘဲ 
ယေဘုယျ သဘောဖြင့် ရည်ညွှန်းပြီး 
အစားထိုးသုံးစွဲသော စကားလုံးများကို
( Indefinite Pronoun) မတိမကျ နာမ်စား
ဟု ခေါ်ပါသည်။

၎င်းတို့မှာ-

Someone, anyone , everyone 
Somebody, anybody, everybody 
Something, anything, everything 

{၎င်း ( -one/ -body / -thing /-where ) တို့ကို
Subject ( S ) နေရာ၌ အသုံးပြုမယ်ဆိုရင်
Singular verb အနည်းကိန်းတို့နှင့်သာ
တွဲရသည်ကို ( သတိပြုပါ။ )}

-one/ -body/ -thing စကားလုံးများကို 
(Third person singular)
ဟု သတ်မှတ်ထားသောကြောင့် ဖြစ်ပါသည်။

(-where )စကားလုံး တွေတော့မပါဘူးပေါ့။
သူက Adverb စကားလုံး။Subject နေရာမှာ
Noun အနေဖြင့် အသုံးပြုရင် third person singular ဟု သဘောထားပြီး singular verb ကိုသာ အသုံးပြုပါသည်။

အငြင်းပါသည့် စကားလုံးများ
No one, nobody, nothing,
 စသဖြင့်- စသည်တို့ ဖြစ်ကြပါသည်။

Both, few , many , several စသည်တို့ကို အများကိန်း( plural ) အနေဖြင့် အသုံးပြုပါသည်။

All, some,most, none စသည်တို့ကို
အနည်းရော /အများပါ နှစ်ခုစလုံးတွင်
အသုံးပြုပါသည်။

ဥပမာ-
လူ/အရာကို မသတ်မှတ်ဘဲ ရည်ညွှန်းသော Pronouns များ
Someone (တစ်ယောက်ယောက်)  
Someone is knocking on the door. (တစ်ယောက်ယောက်က တံခါးကို ခေါက်နေတယ်။)  

Anyone (ဘယ်သူမဆို)  
Anyone can solve this problem. 
ဘယ်သူမဆို ဒီပြဿနာကို ဖြေရှင်းနိုင်တယ်။

No one (ဘယ်သူမှ)  
No one knows the answer. 
(ဘယ်သူမှ အဖြေကို မသိဘူး။)  

Everybody (လူတိုင်း)  
Everybody loves the new teacher. 
(လူတိုင်းက ဆရာမအသစ်ကို ကြိုက်တယ်။)  

ပမာဏကို မသတ်မှတ်ဘဲ ရည်ညွှန်းသော Pronouns များ

Some (တချို့)  
Some of the books are missing. 
စာအုပ်တချို့ ပျောက်နေတယ်။

Few (နည်းပါး)  
Few understand the concept. 
ဒီအယူအဆကို နားလည်သူက နည်းပါတယ်။

All (အားလုံး)  
All are welcome to join. 
အားလုံးကို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ 

အငြင်းသဘော ရည်ညွှန်းသော Pronouns များ

Nothing (ဘာမှ)  
Nothing is impossible. 
ဘာမှ မဖြစ်နိုင်တာမရှိဘူး။

Nobody (ဘယ်သူမှ)  
Nobody came to the party. 
ဘယ်သူမှ ပါတီကို မလာခဲ့ဘူး။

None (တစ်ခုမှ)  
None of the students passed the exam. 
ကျောင်းသားတွေထဲက တစ်ယောက်မှ စာမေးပွဲမအောင်ဘူး။

[ 6. Reciprocal Pronoun ]
1 . Each other 
2 . One another 
တစ်ယောက်ကိုတစ်ယောက်
တစ်ဦးကိုတစ်ဦး
ဟု အဓိပ္ပာယ်ရပါသည်။

လုပ်‌ဆောင်ချက် တစ်ခုကို အချင်းချင်း
အပြန်အလှန် လုပ်ဆောင်ကြတဲ့အခါမှာ
အသုံးပြုပါသည်။

Each other ကို လူနှစ်ဦး အတွက်သာ
အသုံးပြုပါသည်။

One another ကို လူနှစ်ဦး အထက် ရှိသောအခါ အသုံးပြုပါသည်။

Each other 
Mg Mg loves Mya Mya.
မောင်မောင် က မြမြ ကို ချစ်တယ်။
Mya Mya loves Mg Mg.
မြမြက မောင်မောင်ကို ချစ်တယ်။
( They love each other . )
သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး ချစ်ကြတယ်။

One another 

The students help one another.
ကျောင်းသားတွေ တစ်ယောက်ကိုတစ်ယောက် ကူညီကြတယ်။

The team members support one another.
အသင်းသားများ တစ်ဦးကိုတစ်ဦး 
ထောက်ပံ့ကြတယ်။

The neighbours greet one another.
အိမ်နီးနားချင်းများ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြတယ်။

[ 7. Distributive pronoun ]
( နှစ်ခုထဲက တစ်ခု )
( အများထဲက တစ်ခု )
စသည့် အဓိပ္ပာယ်ဖြင့် ရည်ညွှန်းပြီး ပြော
ဆိုသောအခါ မှာ အသုံးပြုပါသည်။
၎င်းကို ( ခွဲဝေပြ နာမ်စား ) ဟုခေါ်ပါသည်။ထိုစကားလုံးများမှာ-
( Each, either, neither, any, none )
စသည်တို့ ဖြစ်ကြပါသည်။

1. Each ( တစ်ခုချင်းစီ )
2. Either ( နှစ်ခုထဲက တစ်ခု )
3. Neither ( နှစ်ခုထဲက တစ်ခုမှမဟုတ် )
4. Any ( အများထဲက တစ်ခုခု )
5. None (အများထဲက တစ်ခုမှ မဟုတ် )

Each ကို ၂ ယောက်နှင့်အထက် အစုအဖွဲ့
ထဲက( တစ်ခုချင်းစီ ) အတွက်သုံးသည်။

Either နှင့် Neither ကို နှစ်ခုသာရှိတဲ့အခါ သုံးပါ။နှစ်ခုထဲက တစ်ခု အတွက် သုံးပါသည်။
ထို့ကြောင့် ၎င်းတို့သည် ( အနည်းကိန်း ) ဖြစ်သည်ကို သတိထားပါ။

နှစ်ခုအထက်ပိုရင် Any နဲ့ None တို့ကိုသုံးပါ။

Each, either, neither စကားလုံးများကို
( singular verb ) နှင့်သာ တွဲရပါသည်။

Any နှင့် none ကို singular or plural 
verb ဖြင့် အသုံးပြုနိုင်ပါသည်။

Each
Each of the students has a pen.
ကျောင်းသားတစ်ဦးစီတိုင်းတွင် ဘောပင်
တစ်ချောင်းစီ ရှိပါသည်။

Either 
Either of the answers is correct.
( အဖြေနှစ်ခုထဲကတစ်ခုသာ မှန်ပါသည်။)

Neither 
Neither of the answers is correct.
(အဖြေနှစ်ခုထဲကတစ်ခုမှ မမှန်ဘူး။)

Any 
You can take any of these books.
(စာအုပ်တွေထဲက မည်သည့်တစ်အုပ်ကိုမဆို ယူနိုင်သည်။)

None 
None of the students is absent.
(ကျောင်းသားများထဲက တစ်ဦးမှ မပျက်ကွက်ပါ။)
(ကျောင်းသားတစ်ဦးမှ မပျက်ကွက်ပါ။)

(Pronoun-နာမ်စား) စကားလုံး အတွက်
အထက်ပါ အကြောင်းအရာ တို့ကို သိရှိနားလည်ထားရန် လိုအပ်ပါသည်။

မှတ်ချက်။ ။
Personal pronoun ( ပုဂ္ဂလနာမ်စား ) ကို
လူ ( သုံး )မျိုးဖြင့် ခွဲခြားထားပါသည်။

၁.ပထမ လူကို( first person )ဟု ခေါ်ဆိုပြီး စကား‌ပြောသူ  ဟုသတ်မှတ်ထားပါသည်။
I     = ကျွန်တော်သည်
We = ကျွန်တော်တို့သည်

၂. ဒုတိယ လူကို ( second person ) ဟု
ခေါ်ဆိုပြီး နားထာင်သူ ဟု သတ်မှတ်ထားပါသည်။
You = သင်သည်
You = သင်တို့သည်

၃. တတိယ လူကို ( third person ) ဟုခေါ်ဆိုပြီး အပြောခံရသူ  ဟု သတ်မှတ်ထားပါသည်။
He   = သူသည်
She = သူမသည်
It     = ထိုအရာသည်
They = သူတို့သည်


အထက်ပါ နာမ်စား စကားလုံးများနှင့်
အမျိုးအစား များ မည်သို့ အသုံးပြုသည်ကို တစ်နေ့တစ်ခါ အပျင်းအပြေ
သဘောမျိုး ဖတ်ရှုထားသင့်ပါသည်။

ထိုကဲ့သို့ ဖတ်ရှုထားလျှင်
“Pronoun" နာမ်စား ဟု ဆိုလာပါက
မည်ကဲ့သို့ အသုံးချရသည်ကို သိရှိထားခြင်း ကြောင့် စားရးသားရာတွင် အသုံးပြုဖို့ လွယ်ကူစေနိုင်ပါသည်။

အဓိက အနေဖြင့်
( Parsonal pronoun )အကြောင်းကို လုံးဝဥဿုံ သိရှိထားဖို့ လိုပါသည်။

Sunday, February 15, 2026

Noun

( S.V ) pattern ကို အသုံးပြုဖို့ အတွက်
Subject နဲ့ Verb နေရာမှာ အသုံးပြုသည့်
စကားလုံးများအကြောင်း သိထားဖို့လိုပါတယ်။

ဝါကျတစ်ခုကို နောက်ကွယ်ကနေ ထိန်း‌ကြောင်း ထားတဲ့ အင်္ဂါသုံးရပ် ရှိပါတယ်။

၁. စကားလုံး အမျိုးအစား
သူ့ကို ( part of speech )လို့ခေါ် တယ်။

၂.ခန္ဓာကိုယ်တည်ဆောက်ပုံ
သူ့ကို ( Sentence Structure ) လို့
ခေါ်ပါတယ်။

၃.ကာလအပိုင်းအခြာ
သူ့ကို ( Verb Tense ) လို့ခေါ်ပါတယ်။

အထက်ပါ အင်္ဂါ သုံးရပ်ထဲမှ ပထမဆုံး
အကြောင်းအရာဖြစ်တဲ့

၁. စကားလုံး အမျိုးအစား ထဲက( Noun- နာမ်)
အကြောင်း လေ့လာကြည့်ကြမယ်။

ကျွန်‌တော်တို့ နေ့စဉ်‌နေ့တိုင်း ပြောဆိုနေတဲ့ စကား‌ထဲမှာ စကားလုံး အစိတ်အပိုင်းများစွာကို ချိတ်ဆက်ပြီးမှ ပြောဆိုနေကြရတယ် ဆိုတာကို
သတိပြုမိပါသလား။

ဥပမာ-
ထမင်းစားပြီးပြီလား။

အထက်ပါ ပြောဆိုလိုက်တဲ့ စကားထဲမှာ
စကားလုံးများစွာ ပါဝင် နေပါတယ်။

ထမင်း ၊ စား ၊ ပြီးပြီ ၊ လား စသည့် စကားလုံး လေးမျိုး ပါဝင် နေပါသည်။

ထိုစကားလုံးများ တစ်ခုချင်းစီဆိုရင်
စကားအစိတ်အပိုင်း လို့ ခေါ်ပါတယ်။
မြန်မာလို ( ဝါစင်္ဂ )၊
အင်္ဂလိပ်လို Part of speech လို့ ခေါ်ပါတယ်။

စကားလုံးများသည် တစ်ခုနှင့်တစ်ခု အရည်အသွေးခြင်း မတူညီကြပါ။
တူညီသော စကားလုံးများကို အုပ်စုဖွဲ့ ကြည့်မယ်ဆိုရင်-
အုပ်စု (၈)စု ထွက်ပေါ်လာပါမည်။
၎င်းကို ( ဝါစင်္ဂ )ရှစ်မျိုးဟုခေါ်ပါသည်။
အင်္ဂလိပ်လို ( Eight parts of speech )
ဟု ခေါ်ပါသည်။

Eight parts of speech

1. Noun ( နာမ် )
2. Pronoun ( နာမ်စား )
3. Verb  ( ကြိယာ )
4. Adjective ( နာမဝိသေသန )
5. Adverb ( ကြိယာဝိသေသန )
6. Preposition ( ဝိဘတ် )
7. Conjunction ( စကားဆက် )
8. Interjection ( အာမေဍိတ် )
စသည့် တို့ဖြစ်ကြပါသည်။

1. Noun ( နာမ် )
နာမ်ဆိုသည်မှာ သက်ရှိ၊သက်မဲ့၊ဒြပ်ရှိ၊ဒြပ်မဲ့ တို့၏ ( အမည် ) ဟူသမျှကို နာမ်ဟု‌ ခေါ်ပါသည်။
ဥပမာ-
မောင်ဘ၊ ခွေး၊စာအုပ်၊မေတ္တာ
Mg Ba , Dog ,Book , Love 

ထို အမည်စကားလုံးများကို ရေဘုယျ အကြမ်းဖျင်း အားဖြင့် ( နှစ်မျိုး ) ခွဲခြားပါသည်။၎င်းတို့မှာ-
A. Proper Noun     ( တစ်ဦးဆိုင် နာမ် )
B. Common Noun ( အများဆိုင် နာမ် )
ဟူ၍ ဖြစ်ပါသည်။

A. Proper Noun ( တစ်ဦးဆိုင် နာမ် ) -
တစ်ဦး တစ်ယောက် တစ်ခု နှင့်သာ သီးသန့် သက်ဆိုင်သော အမည်များကို
တစ်ဦးဆိုင်နာမ် ဟု ခေါ်ပါသည်။
( အင်္ဂလိပ် ဘာသာစကား၌ ထို အမည်များ၏ အစ စာလုံးကို Capital Letter စာလုံးအကြီး ဖြင့် ရေးသားပါသည်။ )
ဥပမာ-
Mg Ba . မောင်ဘ
Myanmar . မြန်မာ
Mandalay . မန္တလေး
Moon . လ

B. Common Noun ( အများဆိုင် နာမ် )
အများနှင့် သက်ဆိုင်သော ဘုံ အမည် များကို အများဆိုင်နာမ် ဟု ခေါ်ပါသည်။
ဝေါဟာရနာမ် ဟုလည်း ခေါ်ပါသည်။
ဥပမာ-
teacher . ဆရာ
car . ကား
cat . ကြောင်
capital . မြို့တော်
city . မြို့

အထက်ပါ ဝေါဟာရနာမ်များကို တူရာအစုပြု၍ အောက်ပါအတိုင်း ( လေမျိုး ) ထပ်မံ ခွဲခြားပါသည်။

၎င်းတို့မှာ-

C. Collective Noun( အစုအဖွဲ့ပြ နာမ် )
D. Abstract Noun ( စိတ္တဇ နာမ် ) 
E. Concrete Noun ( အာရုံငါးပါး နာမ် )
(ထိ၊မြင်၊ကြား၊အနံ့ ၊အရသာ)ခံစားနိုင်
F. Material Noun(တွင်းထွက်ပစ္စည်းနာမ် )

ဟူ၍ စသည်တို့ ဖြစ်ကြပါသည်။

C. Collective Noun
ပေါင်းစုထားခြင်း၊ဖွဲ့စည်းထားခြင်း သဘောရှိသော စကားလုံးများကို 
အစုအဖွဲ့ပြနာမ် ဟု ခေါ်ပါသည်။

အစုအဖွဲ့ပြ နာမ်များကို အောက်ပါအမျိုးအစားများအလိုက် ခွဲခြားနိုင်ပါသည်။

1. လူအုပ်စု
2. တိရစ္ဆာန်အုပ်စု
3. အရာဝတ္ထုအုပ်စု

1. လူအုပ်စု
army . စစ်တပ် 
band . အဖွဲ့
crew . အမှုထမ်း
family . မိသားစု
group . အုပ်စု
team . အသင်း
party . ပါတီ
league . အဖွဲ့

2.တိရစ္ဆာန်အုပ်စု
flock . ( ငှက် )အုပ်
herd . ( သိုး )အုပ်
hive . ( ပျား )အုံ

3.အရာဝတ္ထုအုပ်စု
bunch . အစည်း
bundle . အထုပ်
pile . အပုံ
library . စာကြည့်တိုက်

D . Abstract Noun 
ထိတွေ့ကိုင်တွယ်၍ မရသော အမည်စကားလုံးများကို စိတ္တဇနာမ် ဟုခေါ်ပါသည်။ထို ဝေါဟာရ စကားလုံးများသည် စိတ်ဖြင့်သာ ခံစားသိရှိနိုင်ပါသည်။ထိုနာမ်များကို အောက်ပါအတိုင်း‌ လေးမျိုး ခွဲခြားနိုင်ပါသည်။
1. ခံစားချက်များ ( Emotion )
2. အရည်အသွေးများ ( Quality )
3. အခြေအနေများ ( State )
4.စိတ်ကူးများ ( Idea )
စသည်တို့ ဖြစ်ကြပါသည်။

1. စိတ်ခံစားချက်များ ( Emotion )
love  . ချစ်ခြင်း
hate . မုန်းတီးခြင်း
happiness  . ပျော်ရွှင်မှု
sadness  . ဝမ်းနည်းမှု
fear . ကြောက်ရွံ့မှု
bravery . ရဲရင့်မှု
anger . ဒေါသ

2 . အရည်အသွေးများ ( Quality )
honest . ရိုးသားမှု
bravery . ရဲရင့်မှု
kindness . ကြင်နာမှု
intelligence  . အသိဉာဏ်ကြီးမားမှု
patience . သည်းခံမှု

3 . အခြေအနေများ ( State )
peace . ငြိမ်းချမ်းမှု
freedom . လွတ်လပ်မှု
justice  . တရားမျှတမှု
poverty . ဆင်းရဲမွဲတေမှု
wealth . ချမ်းသာမှု
success . အောင်မြင်မှု

4 . စိတ်ကူးများ ( Idea )
idea . စိတ်ကူး
thought . အတွေးအမြင်
philosophy . ဒဿန
theory  . သီအိုရီ
concept . အယူအဆ
belief  . ဘာသာ အယူဝါဒ

E . Concrete Noun
ထိတွေ့ကိုင်တွယ်၍ မရသော၊မမြင်ရသော စိတ္တဇ အမည်စကားလုံးများနှင့်
ဆန့်ကျင်သော အမည်စကားလုံးများကို
Concrete Noun ဟုခေါ်ပါသည်။
ထိုအမည်စကားလုံးများသည် အာရုံငါးပါးနှင့်ထိတွေ့ကိုင်တွယ်၍ ရကြပါသည်။
ဥပမာ -
book . စာအုပ်
table . စားပွဲ
pencil . ခဲတံ
car . မော်တော်ယာဉ်

F . Material Noun 
သဘာဝထွက်ကုန်၊ တွင်းထွက်ပစ္စည်းများနှင့် စားကုန်များ၏ အမည်များကို ဖော်ပြသော စကားလုံးများအား Material Noun ဟုခေါ်ပါသည်။
ဥပမာ-
paddy . စပါး
rice . ဆန်
gold . ရွှေ
silver . ငွေ
teak . ကျွန်းသစ်
wood . သစ်သား
paper . စက္ကူ
milk . နို့
coffee . ကော်ဖီ
water . ရေ
beef . အမဲသား
pork . ဝက်သား
fish . ငါး
suger . သကြား
salt . ဆား 

G. Compound Noun 
နာမ် အချင်းချင်း သော်လည်‌ကောင်း၊အခြား
စကားလုံးများ အချင်းချင်း သော်လည်းကောင်း ပေါင်းစပ်၍
အမည်အသစ်တစ်ခု ဖြစ်ပေါ်လာသော စကားလုံးကို ပေါင်းစပ်နာမ် ဟု ခေါ်ပါသည်။
ဥပမာ-
ရေ + အိုး = ရေအိုး
ဆီ  + ဘူး = ဆီဘူး

Tooth = သွား  
Paste = ကော်
Toothpaste = သွားတိုက်ဆေး

Rain = မိုး
Bow = လေးကွေး
Rainbow = သက်တန့်

Home = အိမ်
Work  = အလုပ်
Homework = အိမ်စာ

Light = ရောင်ခြည်
House = အိမ်
Lighthouse = မီးပြတိုက်

Bed = အိပ်ရာ
Room = အခန်း
Bedroom = အိပ်ခန်း

Pan = ဒယ်အိုး
Cake = ကိတ်မုန့်
Pancake = မုန့်ကြွပ်

Compound noun ရေးသားပုံ (၃)မျိုး ရှိပါသည်။
1. ပေါင်းစပ်၍ ရေးသားခြင်း
Homework = အိမ်စာ

2. ခြား၍ ရေးသားခြင်း
High school = အထက်တန်းကျောင်း

3. Dash ( - ) hyphen ခံ၍ ရေးသားခြင်း
Mother-in-law  = ယောက္ခမ

အထက်ဖော်ပြပါ အရာအားလုံး၏ အမည်များကို( Noun ) လို့ခေါ်သည်ဟုသာ
မှတ်သားထားလိုက်ပါ။

ထို Noun များကို
*ရေတွက်လို့ ရသော နာမ် နှင့် ရေတွက်လို့မရသော နာမ် ဟူ၍ လည်းကောင်း၊

+ကိန်းအရေအတွက်အားဖြင့် အနည်းကိန်းနာမ် နှင့် အများကိန်း နာမ် ဟူ၍ လည်း ကောင်း ၊ 

ထပ်မံ ခွဲခြား ထားပါသည်။၎င်းတို့မှာ

* Countable noun 
* Uncountable noun 

+ Singular noun 
+ Plural noun 

စသည်တို့ ဖြစ်ကြပါသည် 

* လက်ဖြင့် တစ်ဦး၊တစ်ယောက်၊တစ်ခုစီ
အစရှိသဖြင့် ရေတွက်၍ ရသော နာမ်များကို  
( Countable noun ) ဟု ခေါ်ဆိုပြီး၊

* လက်ဖြင့် ရေတွက်ရိုးထုံးစံမရှိဘဲ အတိုင်းအတာ၊အချိန်အတွယ် တို့ဖြင့်သာ
ရေတွက်နိုင်သော နာမ်များကို
( Uncountable noun  ) ဟုခေါ်ဆိုပါသည်။

* Countable noun 
ရေတွက်နိုင်သော နာမ်များထဲ၌ 
( Collective Noun )နှင့် 
( Concrete Noun )တို့
ပါဝင်ကြပါသည်။
ဥပမာ-
teacher . ဆရာ 
a teacher  . ဆရာ တစ်ယောက်

book . စာအုပ်
a book . စာအုပ် တစ်အုပ်

cat . ကြောင်
a cat . ကြောင် တစ်ကောင်

hive . အုံ
a hive of bees . ပျားတစ်အုံ

flock  . အုပ်
a flock of cows . နွားတစ်အုပ်

bunch . အစည်း
a bunch of flowers . ပန်းတစ်စည်း

* Uncountable noun 
ရေတွက်၍မရသော နာမ်များထဲ၌ သဘာဝထွက်ကုန်များ၊တွင်းထွက်ပစ္စည်းများ နှင့် စားကုန်များဖြစ်ကြသော ( Material Noun )  နှင့် 
တစ်ဦးတစ်ယောက်၊တစ်ခု နဲ့သာ သီးသန့် သက်ဆိုင်သော( Proper Noun ) များပါဝင်ကြပါသည်။

water . ရေ
a glass of water . ရေတစ်ခွက်

coffee . ကော်ဖီ
a cup of coffee . ကော်ဖီတစ်ခွက်

gold . ရွှေ
a gram of gold . ရွှေ တစ်ဂရမ်

wood . သစ်သား
a piece of wood . သစ်သားအပိုင်းအစတစ်ခု

ထို့ကြောင့်  ရေတွက်လို့မရသော material noun များကို  ( a , an ) နှင့် တိုက်ရိုက်မတွဲရပါ။အများကိန်းမပြောင်းရပါ။

ဥပမာ 
gold  . a gold ဟု ရေးလို့ မရသလို
gold  . golds ဟု ရေလို့ မရပါ။

Mass ( အစုအပုံ ) အနေဖြင့် ရှိမနေဘဲ
ကွဲထွက်သွားသည့် uncountable noun များ၊
၎င်း uncountable noun များ၏
( Unit of Measurement ) များကို 
ရေတွက်လို့ရပါသည်။

Time ဟာ uncountable noun ဖြစ်ပေမယ့်
အချိန်ကို တိုင်းတာသည့် ( Unit )များကို
ရေတွက်နိုင်ပါသည်။
A second, a minute , an hour 

Money = uncountable noun 
‌ငွေ ၏ Unit များကို ရေတွက်နိုင်ပါသည်။
A kyat, a dollar , a euro 

Number ( ကိန်း )
နာမ်များကို ကိန်းအရေအတွက် အားဖြင့်အနည်းကိန်း နှင့် အများကိန်း ဟူ၍ နှစ်မျိုးခွဲခြားပါသည်။

ရှိရင်းစွဲနာမ်များကို ( singular noun) အနည်းကိန်း ဟုခေါ်ပါသည်။ ထိုနာမ်များ၏ အနောက်၌ ( s ) ပေါင်းထည့်ပေးခြင်းဖြင့် 
( plural noun ) အများကိန်းနာမ်များ ဖြစ်ပေါ်လာပါသည်။

ဥပမာ-
book . စာအုပ်/ books . စာအုပ်များ
cat . ကြောင် / cats . ကြောင်များ
car . ကား / cars . ကားများ

Noun များကို အနည်းကိန်းမှ အများကိန်း
သို့ ပြောင်းမည်ဆိုပါက
1.လိုက်နာရမည့် စည်းမျဉ်း( rule)များနဲ့
2.ချွင်းချက် ( exception ) များကို
သိရှိထားဖို့ လိုအပ်ပါသည်။

1. ပုံမှန် နည်းလမ်းအားဖြင့်
singular noun ရဲ့ နောက်မှာ ( -s ) ပေါင်းထည့် ပေးခြင်းအားဖြင့် အများကိန်းကို ရရှိပါသည်။
ဥပမာ-
cat → cats = ကြောင်များ
book → books = စာအုပ်များ
dog → dogs = ခွေးများ

2. (-s, -ss, -sh, -ch, -x, -z )နဲ့ဆုံးတဲ့ နာမ်များ -နောက်မှာ (-es ) ထည့်ပြီး  အများကိန်း လုပ်ရပါတယ်။
ဥပမာ

bus → buses = ဘက်(စ်)ကားများ
gas→ gases = ဓာတ်ငွေ့များ
ass→asses = လားများ
class→classes = အခန်းများ
glass→glasses = ဖန်ခွက်များ
bush→bushes = ချုံပုတ်များ
dish → dishes = ဟင်းခွက်များ
bench→benches = ခုံရှည်များ
branch→branches=အကိုင်းအခတ်များ
church → churches =ခရစ်ယာန်‌ ကျောင်းများ
ditch→ditches = မြောင်းများ
match→matches=ပြိုင်ပွဲများ
watch→watches = နာရီများ
box →boxes = သေတ္တာများ
fox →foxes = မြေခွေးများ
tax→taxes=အကောက်အခွန်များ
buzz→buzzes=တဝီဝီမြည်သံများ
fizz → fizzes = ရှူးခနဲမြည်သံများ
quiz →quizes ဉာဏ်စမ်းပဟေဠိများ

3. ( y ) နဲ့ဆုံးတဲ့ နာမ်များ

(-y )နဲ့ဆုံးပြီး  yရှေ့မှာ( ဗျည်း) ရှိရင်
(-y )ကို ( -i ) ပြောင်း (-es ) ပေါင်းပြီး 
အများကိန်း သို့ ပြောင်းရပါတယ်။
ဥပမာ
army →armies = စစ်တပ်များ
baby → babies = ကလေးများ
city → cities = မြို့ကြီးများ
fly →flies = ယင်ကောင်များ
lady→ladies = ဂုဏ်ရှိမိန်းမများ
spy →spies = သူလျှိုများ

(-y ) ရှေ့မှာ  ( သရ )ရှိရင် (-s ) ထည့်ရုံပါပဲ။
ဥပမာ
boy → boys = ယောက်ျားလေးများ
day →days = နေ့ရက်များ
donkey →donkeys = မြည်းများ
key →keys = သော့များ
monkey →monkeys = မျောက်များ
play→plays = ပြဇာတ်များ
toy→  toys = ကစားစရာများ
ray →rays = ရောင်ခြည်တန်းများ

4. (-f ) or (-fe ) နဲ့ဆုံးတဲ့ နာမ်များ

f နဲ့ fe ကို v ပြောင်း ( -es ) ပေါင်းပြီး အများကိန်းသို့ ပြောင်းရပါတယ်။
ဥပမာ
calf →calves = နွားငယ်ကလေးများ
half →halves = ထက်ဝက်များ
knife → knives = ဓားများ
leaf → leaves = သစ်ရွက်များ
life →lives = ဘဝများ
loaf →loaves = ပေါင်မုန့်လုံးများ
shelf →shelves = စင်များ
thief →thieves = သူခိုးများ
wife → wives = ဇနီးမယားများ

 **ခြွင်းချက်များ**
အောက်ပါ နာမ်များသည် ( f/fe ) များနှင့်ဆုံး
သော်လည်းပဲ ( s ) သာ ပေါင်းပါသည်။

chef→ chefs = စားဖိုမှူးများ
chief→ chiefs = အကြီးအကဲများ
cliff→ cliffs = အငူစွန်းများ
dwarf → dwarfs = လူပုများ
giraffe→giraffes=သစ်ကုလားအုပ်များ
hoof → hoofs = ခွာများ
roof → roofs = ခေါင်မိုးများ
belief → beliefs = ယုံကြည်မှုများ
proof→ proofs = သက်သေများ
safe→ safes = မီးခံသေတ္တာများ

5. -o နဲ့ဆုံးတဲ့ နာမ်များ
o နဲ့ဆုံးတဲ့ နာမ်တွေကို -es ထည့်ရပါတယ်။
 ဥပမာ

-buffalo →buffloes = ကျွဲများ
-cargo →cargoes = ကုန်စည်များ
-echo →echoes = ပဲ့တင်သံများ
-hero →heroes = သူရဲကောင်းများ
-mango →mangoes = သရက်သီးများ
-motto →mottoes = ဆောင်ပုဒ်များ
-potato → potatoes အာလူးများ
-tomato→tomatoes ခရမ်းချဉ်သီးများ
-volcano→volcanoes = မီးတောင်များ

 **ခြွင်းချက်များ**
ဤ စကားလုံး (၈)လုံးသည် -O ဖြင့်ဆုံးသော် လည်းပဲ (-s) သာ ပေါင်းထည့်ရပါသည်။

auto.  →autos = မော်‌တော်ကားများ
dynamo →dynamos=ဒိုင်နမိုများ
hippo → hippos = ရေမြင်းများ
photo → photos = ဓာတ်ပုံများ
piano → pianos = စန္ဒရားများ
rhino → rhinos = ကြံ့များ
solo  → solos=တစ်ကိုယ်တော်များ
two →twos = နှစ်ခုတွဲများ

( O ) နဲ့ဆုံးပြီး O ရှေ့မှာ သရ ရှိတဲ့အခါ
( -s ) သာ ပေါင်းပါတယ်။

-bamboo→bamboos = ဝါးများ
-cuckoo→cuckoos = ဥဩငှက်များ
-studio →studios = စတူဒီယိုများ
-video →videos= ဗီဒီယိုတိပ်ခွေများ
-zoo →zoos =တိရစ္ဆာန်ဥယျာဉ်များ

6. ပုံမှန်မဟုတ်သော နာမ်များ
 (Irregular Plurals)
ဒီနာမ်တွေကို ပုံမှန်နည်းလမ်းတွေနဲ့ မပြောင်းလဲနိုင်ပါဘူး။ မှတ်ထားပါ ။
- ဥပမာ
- child → children = ကလေးများ
- man → men = ယောကျ်ားများ
- woman → women = မိန်းမများ
- foot → feet  = ခြေထောက်များ
- tooth → teeth = သွားများ
- mouse → mice= ကြွက်များ
-goose→ geese =   ငန်းများ
-person→people = လူများ
- ox →oxen = နွားထီးများ

7. ပုံစံမပြောင်းလဲသော နာမ်များ (Unchanging Nouns)
 - တချို့နာမ်တွေက အနည်းကိန်း နဲ့ အများကိန်း ပုံစံတူပါတယ်။
 ဥပမာ
 -sheep → sheep = သိုးများ
 - deer → deer = သမင်များ
 - fish → fish = ငါးများ
series→ series = ဖြစ်ရပ်များ
species→ species = မျိုးစိတ်များ

(အခြေအနေအရ "fishes" လည်းသုံးနိုင်ပါတယ်)

8. Latin or Greek မူလနာမ်များ
 Latin or Greek ကလာတဲ့ နာမ်တွေကို မူလပုံစံအတိုင်း အများကိန်း လုပ်ရပါတယ်။ မှတ်ထားပါ။
- ဥပမာ
analysis→ analyses
basis→ bases
criterion → criteria
datum → data
phenomenon → phenomena

9. တချို့ နာမ် များသည် အများကိန်းသာ
ရှိကြပါသည်။အနည်းကိန်း အနေဖြင့် ဖော်ပြမည်ဆိုပါက တချို့ကို ( a pair of ) နှင့်တွဲ၍ ဖော်ပြကြပါသည်။

binoculars = မှန်ဘီလူး။
goggles = လေကာ၊ရေကာမျက်မှန်
jeans = ဂျင်းဘောင်းဘီ
pliers = ပလာယာ။
pincers = ဇာဂနာ
scissors  = ကတ်ကြေး။
spectacles = မျက်မှန်။
thanks = ကျေးဇူး
tongs = မီးညှပ်
trousers = ဘောင်းဘီရှည်

ဤသို့အားဖြင့် - အချုပ်ဆိုရသော်
Noun ကို
*( kind ) အမျိုးအစား အားဖြင့်
( ၇ ) မျိုး
*( count) ရေတွက်ခြင်း အားဖြင့်
( ၂ ) မျိုး
*( number ) ကိန်း အားဖြင့်
( ၂ ) မျိုး
စုစုပေါင်း ( ၁၁ ) မျိုး ရှိပါသည်။

Noun 
1. Proper Noun 
2. Common Noun 
3. Collective Noun
4. Abstract Noun 
5. Concrete Noun 
6. Material Noun
7. Compound Noun 
8*Countable noun 
9*Uncountable noun 
10+Singular noun 
11+Plural noun 

အထက်ပါ နာမ် ( ၁၁ )မျိုးကို သိထား
သင့်ပါသည်။

[ S.V ] pattern ကို အသုံးပြုမည်ဆိုပါက
Subject နေရာ၌ အသုံးပြုသည့် noun အကြောင်းကို ဒီထက်ပိုပြီး သိထားဖို့ လိုအပ်
ပါ‌‌သည်။
Pronoun( ‌‌‌နာမ်စား ) အကြောင်း
Adjective ( နာမဝိသေသန ) အကြောင်း တို့ကိုပါသိထားဖို့ လိုပါတယ်။

နာမဝိသေသန အကြောင်းသိထားပါမှ
Noun phrase ( နာမ်စကားစု ) ဖွဲ့စည်းပုံကို
ပိုပြီး သိနားလည်းမှာ ဖြစ်ပါတယ်။

Noun phrase အကြောင်းသိတော့မှ
Subject ( S ) နေရာမှာ အသုံးပြုရမည့်
စကားလုံးကို ကျွမ်းကျင်စွာ အသုံးချတက်လာမှာ ဖြစ်ပါတယ်။

Thursday, February 5, 2026

S.V

ဝါကျ တစ်ခု၏( body structure ) 
ဖြစ်ပေါ်လာပုံကို သိထားပြီးပြီ ဆိုရင်
ဘယ်လို အသုံးပြုရသလဲဆိုတာ ဆက်လေ့လာကြည့်ကြမယ်။

ဝါကျ တစ်ခု တည်ဆောက်တော့မယ် ဆိုရင်
အရင်ဆုံး ( SVOCPMTR )ကို စိတ်ထဲမှာ လက်ကိုင်တုတ်အဖြစ် ကိုင်ထားဖို့လိုပါတယ်။

မြန်မာလို ရေးသားထားသည့် ဝါကျတစ်ခုကို subject, verb, object, complement အစရှိသဖြင့် သူ့အစီအစဉ် အတိုင်း ခွဲခြမ်းရပါမည်။

ထို့နောက် ခွဲခြမ်းထားသည့် အရာများကို
အင်္ဂလိပ် စကားလုံး အဖြစ်သို့ ပြောင်းပြီး
( SVOCPMTR ) ၏ အစဉ်တိုင်း အထိုင်ချခါ
ရေးသားရပါမည်။

ထိုအစဥ်တိုင်း ရေးသားခြင်းအားဖြင့် 
အထားအသို မမှန်မှုကို ကင်းဝေးစေပါသည်။

ဝါကျ တစ်ခု အတွင်းမှာ ထိုစကားလုံး ရှစ်လုံးစလုံး ပါဝင်ခြင်လည်း ပါဝင် နေပါလိမ့်မည်။
ဒါ့မှမဟုတ် အနည်းဆုံး ၂-လုံး၊၃-လုံး၊၄-လုံး၊၅လုံး အစရှိသဖြင့် ပါဝင် နေနိုင်ပါတယ်။

ဒါကို ( pattern ) လို့ ခေါ်ပါတယ်။
Pattern ဆိုတာ-
SVOCPMTR ကို မှီငြမ်းပြီး စားရေးသားဖို့ အတွက် တီထွင်ထားသည့် ( ပုံစံ )တစ်ခုသာဖြစ်သည်ဟု မှတ်ပါ။

SVOCPMTR ၏ အခြေခံအကျဆုံး pattern မှာ [ S . V ] ဖြစ်ပါသည်။

ဝါကျတစ်ခုမှာ
၁။ ဝါကျတစ်ခု ဖြစ်ပေါ်လာအောင် ပြုလုပ်သူ
( Doer ) နှင့်

၂။ ၎င်း Doer က ( ဘာလုပ်တယ်ဆိုတာကို ) ဖော်ပြသည့် အပိုင်းဆိုပြီး
နှစ်မျိုးသာ ရှိပါသည်။

ဒါကို ( Subject + Predicate ) ဟု ခေါ်ပါသည်။

Subject က ပြုလုပ်သူ ( Doer ) ဖြစ်ပါသည်။
Predicate က ( ဘာလုပ်တယ်ဆိုတာကို ) ဖော်ပြသည့် အပိုင်းဖြစ်ပါသည်။

“ပြုခြင်းကို ဖြစ်စေ၊ရှိခြင်းကို ဖြစ်စေ၊ ဖြစ်ခြင်းကို ဖြစ်စေ ဖော်ပြသော စကားလုံးကို ကြိယာဟု
ခေါ်သည်။ ” ဟု သတ်မှတ်ထားသောကြောင့်
Predicate ၏ အဓိက ဇာတ်ကောင်ဟာ ကြိယာ ( Verb ) သာ ဖြစ်တည်နေပါတယ်။

ဒါကြောင့် အင်္ဂလိပ်စာ၏ ဝါကျတည်ဆောက်မှုအခြေခံအကျဆုံး ပုံစံမှာ ( Subject + Verb )
[ S.V ] ဖြစ်နေရခြင်း ဖြစ်ပါသည်။

[ S.V ] pattern ကို အသုံးပြုတော့မယ်ဆိုရင်
ထိုနေရာ နှစ်ခုမှာ အသုံးပြုရမည့် စကားလုံးများ အကြောင်းကို သိထားဖို့ လိုပါတယ်။

Subject [ S ] နေရာမှာ အသုံးပြုရမည့် စကားလုံးများမှာ-
၁. Noun ( နာမ် ) စကားလုံးများ
၂. Pronoun ( နာမ်စား ) စကားလုံးများ
၃. Noun phrase ( နာမ်စကားစု ) များ

အဓိက က ( Noun - နာမ် ) အကြောင်းကို
မကျဉ်းမကျယ် သိထား သင့်ပါတယ်။

Verb [ V ] နေရာ အသုံးပြုရမည့် စကားလုံးများမှာ
၁. Verb ( ကြိယာ ) စကားလုံးများ
၂. Verb Form ( ကြိယာပုံစံ )များ
၃. Verb Tense ( ကြိယာ၏ ကာလ ပုံစံ )များ
သို့မဟုတ်( ကာလပြ ကြိယာ ပုံစံ )များ

အဓိက က ( Verb - ကြိယာ ) အကြောင်းကို
မကျဉ်းမကျယ် သိထားဖို့ လိုပါတယ်။

Eight Parts of Speech ( ဝါစင်္ဂ ရှစ်မျိုး )ထဲက
Noun နဲ့ Verb စကားလုံးများသာ ခေါင်းထဲမှာ
ရှိနေဖို့ပဲ လိုပါတယ်။ဒါဆို [ S.V ] pattern ကို
အသုံးပြုပြီး စာရေးလို့ ရပါပြီ။

Noun 
သက်ရှိ၊သက်မဲ့ - ဒြပ်ရှိ၊ဒြပ်မဲ့ တို့၏ 
“ အမည် " ဟူသမျှကို
Noun ( နာမ် )-ဟု ခေါ်ပါသည်။

What is this? အဲ့ဒါဘာလဲ။
ဒီမေးခွန်းရဲ့ အဖြေအားလုံးကို ခေါ်တာလို့မှတ်။

Verb 
(ပြုလုပ် ဆောင်ရွက် )ခြင်းကို ဖြစ်စေ၊
( ရှိ ) ခြင်းကို ဖြစ်စေ၊
( ဖြစ် ) ခြင်းကို ဖြစ်စေ ဖော်ပြသည့် စကားလုံးကို ကြိယာ ( verb ) ဟု ခေါ်ပါသည်။

What does it do? အဲ့ဒါ ဘာလုပ်နေတာလဲ။
ဒီမေးခွန်းရဲ့ အဖြေအားလုံးကို ခေါ်တာလို့မှတ်။

ဒါ့ကြောင့်
Noun ဟာ ညွှန်းဆိုပြသည့် ( Label ) စကားလုံးများဖြစ်ပြီး၊
Verb ဟာ လှုပ်းရှား ဆောင်ရွက်မှုပြ ( Action )
စကားလုံများ သာ ဖြစ်ကြပါသည်။

သူတို့ နှစ်ခုအကြောင်း သိထားမယ်ဆိုရင်
စကားလုံး (၅)မျိုး အထိ သိရှိလာပါမည်။
နာမ်၏အစား သုံးသောစကားလုံးကို
နာမ်စား ( Pronoun )ဟု ခေါ်ပါသည်။
နာမ်ကို အထူးပြုသော စကားလုံးကို
နာမဝိသေသန( Adjective )ဟုခေါ်ပါသည်။
ကြိယာကို အထူးပြုသော စကားလုံးကို
ကြိယာဝိသေသန ( Adverb ) ဟုခေါ်ပါသည်။
Noun နဲ့ Verb တို့၏ အဓိပ္ပာယ် အကျဉ်းဖြစ်ပါတယ်။

ဒီတော့
[ S.V ] pattern ကို အသုံးပြုပြီး ဝါကျများ ရေးကြည့်ကြမယ်။

ခွေးများ /ဟောင်ကြသည်။
    S                 V
Dogs bark.

ငှက်များ / ပျံသန်းကြသည်။
    S.                V
Birds fly.

ငါးများ / ရေကူးကြသည်။
   S.                V
Fish swim.

နေ / ထွက်သည်
S.        V
The Sun rises.

နေ / သာသည်။
 S.         V
The Sun shines.

နေ /ဝင်သည်။
  S     V
The Sun sets.

ကလေး / ငိုသည်။ 
    S             V
The baby cries.

ပန်းများ / ပွင့်ကြသည်။
   S.                V
Flowers bloom.

-ကလေးတွေ / ကစားကြသည်။
Children play.
ကား /ရပ်သွားသည်။
The car stops.
သူ / သီချင်းဆိုတယ်။
He sings.
သူမ/ ကခုန်သည်။
She dances.
မိုး / ရွာတယ်။
It rains.
လေ / တိုက်တယ်။
The wind blows.
ငါ / နားထောင်တယ်။
I listen.
နာရီ / တချက်ချက်မြည်သည်။
The clock ticks.

ဒီဝါကျတွေ အားလုံးဟာ present simple tense တစ်ခုကိုသာ အသုံးပြုပြီး ရေးထားတာဖြစ်ပါတယ်။ကျန်တဲ့ကာလတွေ မပါသေးဘူး။

Present simple tense ကာလ၏ ကြိယာပုံစံ
( V / V .s_es ) ကို အသုံးပြုထားပါသည်။

Subject နဲ့ Verb ကို ကိုက်ညီလိုက်ဖက်မှု ရှိအောင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

Subject (နည်း)ရင် - Verb (နည်း)ရပါမည်။
Subject (များ)ရင် - Verb (များ)ရပါသည်။

ဒါကို( Subject and Verb agreement ) ဟုခေါ်ပါသည်။အနည်း၊အများ ညှိခြင်း ဟု မှတ်ပါ။ဒါကို မဖြစ်မနေ သိထားဖို့ လိုပါတယ်။

Subject ကို ( s )ထည့်ရင် များပြီး
Verb ကို ( s )ထည့်ရင် နည်းသွားပါတယ်။


Summary ( အကျဉ်းချုပ် )
[ S.V ] pattern ကို အသုံးပြုမယ်ဆိုရင်-
၁. Eight Parts of Speech ( ဝါစင်္ဂ )ရှစ်မျိုးထဲက ( Noun - နာမ် ) နဲ့ ( Verb - ကြိယာ ) နှစ်ခုအကြောင်း သိထားဖို့ လိုပါတယ်။
၂. Subject and Verb Agreement စည်းမျဉ်းကို သိထားဖို့ လိုပါမယ်။
၃. Verb Form ( ကြိယာ တို့၏ ပုံစံများ ) ပြုပြင်ပြောင်းလဲမှု ( Verb Conjugation  ) အပိုင်းကို သိထားဖို့ လိုပါမည်။
၄. Verb Tense ( ကြိယာတို့၏ အချိန်ကာလပြမှု ) ပုံစံများ ဖြစ်သည့် ကာလ(၁၂)ခုတို့၏ ပုံစံများကို သိထားဖို့ လိုပါတယ်။

အထက်ပါ အကြောင်းအရာများသည်
ဆက်လက် လေ့လာမည့် pattern တို့၏
အခြေခံ Unit တစ်ခု ဖြစ်ပါသည်။

ဒါတွေကို သိရှိထားမည်ဆိုပါက
လျင်မြန်စွာ အသုံးချနိုင်သည့် အတွက်
ဝါကျတည်ဆောက်မှု နှင့် လေ့လာသင်ယူမှု
များကို ပိုမိုလွယ်ကူ စေပါမည်။