Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများ
====================================================
Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများရှိပါတယ်။ Windows , Linux, Mac OS X တို့မှာ Password နဲ့ ကာကွယ်ထားရုံနဲ့ ဖိုင်များကို ကာကွယ်နိုင်ခြင်း မရှိပါဘူး။ ဖိုင်များကို Encrypt လုပ်ထားမှသာ စိတ်ချရတယ်ဆိုတာကို သတိပြုပါ။ ဒီနည်းလမ်းများက သင့် Operating System ရဲ့ Password ကို မေ့သွားလို့ဖြစ်ဖြစ် သင့် Operating System ကို အခြားသူများ ဖောက်ထွင်းမရအောင် ကာကွယ်ဖို့ ဖြစ်ဖြစ် အသုံး၀င်မှာပါ။
Windows
------------
Windows Password ကို Reset လုပ်နိုင်တဲ့ နည်းများစွာရှိပါတယ်။ Windows က Password Reset Disk ပြုလုပ်ဖို့ ပံ့ပိုးပေးထားပါတယ်။ ဒါက Official Tool ပါ။ Password မမေ့ခင် Password Reset Disk တစ်ခုပြုလုပ်ထားရမှာပါ။
Official Tool မဟုတ်တဲ့ Tools တွေများစွာ ရှိပါသေးတယ်။ ဥပမာ အနေနဲ့ Offline NT Password & Registry Editor ကို အသုံးပြုလို့ရပါတယ်။ ပထမဆုံး Offline NT Password & Registry Editor ကို Disc ဒါမှမဟုတ် USB Drive မှာ ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ Disc or USB Drive နဲ့ ကွန်ပြူတာကို Boot တက်ရပါမယ်။ အဲဒီ Tool က Windows Registry ကို ပြုပြင်ပေးပြီး Password ကို ရှင်းလင်းပေးမှာပါ။
Windows 8 ကို Microsoft Account နဲ့ အသုံးပြုရင်လည်း Administrator Accont ရဲ့ Password ကို Reset လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေကို ကာကွယ်ဖို့အတွက် သင့်ကွန်ပြူတာရဲ့ BIOS ကို Password နဲ့ ကာကွယ်ထားရမှာပါ။ ဒီလိုကာကွယ်ထားရင် External Device တွေကနေ Boot တက်လို့ မရတော့ပါဘူး။ သင့်ရဲ့ Windows System Drive ကို BitLocker လို Tool မျိုးနဲ့ Encrypt လုပ်ထားမယ်ဆိုရင် Registry ကို ပြင်လို့ မရအောင် ကာကွယ်ထားနိုင်ပါတယ်။ Encryption လုပ်ခြင်းကသာ သင့်ရဲ့ ကွန်ပြူတာကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းပါ။
Linux
--------
ဒီနေရာမှာတော့ Ubuntu ကို အကောင်းဆုံး ဥပမာ ပေးပါမယ်။ Ubuntu က သူ့ရဲ့ Default Grub Boot Menu မှာ Recovery Mode ကို ထည့်သွင်းပေးထားပါတယ်။ Advanced Options ကနေ Recovery Mode ကို ရွေးချယ်ရမှာပါ။ Menu ကို မတွေ့ရရင် Boot တက်ချိန်မှာ Shift Key ကို ဖိထားလိုက်ရင် Menu ပေါ်လာမှာပါ။ ဒါဆိုရင် Root Shell Prompt ကို တိုက်ရိုက်သုံးနိုင်ပြီဖြစ်ပြီး Password ကို ဖျက်ပစ်နိုင်ပါပြီ။ Grub Boot Menu ကို Lock လုပ်ထားရင် Linux Live Media ကို သုံးပြီး Password ကို ဖျက်ပစ်နိုင်ပါတယ်။
ထပ်သတိပေးချင်တာက Encryption လုပ်ထားမှသာ သင့် ကွန်ပြူတာကို အကောင်းဆုံး ကာကွယ်နိုင်တယ်ဆိုတာပါ။ ဒီနေရာမှာ Ubuntu ကို ဥပမာပေးထားပါတယ်။ Linux Distribution အားလုံးနီးပါးဟာ Grub ကို သုံးကြပါတယ်။
Mac OS X
-------------
Macs မှာ Password Reset Tool ဟာ Built-In ပါရှိပြီး အလွယ်တကူ သုံးနိုင်ပါတယ်။ Recovery Mode ထဲ၀င်သုံးရမှာပါ။ ဒီလိုလုပ်ဖို့ Apple Menu ကို နှိပ်ပြီး Restart ကို ရွေးချယ်ပါ။ Boot တက်လာရင် Command + R ကို ဖိထားပါ။ ဒါဆိုရင် Recovery Mode ထဲရောက်သွားမှာဖြစ်ပါတယ်။
Recovery Mode ထဲမှ Utilities Menu ကိုနှိပ်ပါ။ Terminal ကို ရွေးပြီး resetpassword လို့ရိုက်ပါ။ အန်းတားနှိပ်ပါ။ Reset Password Utility ကိုတွေ့ရမှာ ဖြစ်ပြီး Mac ကွန်ပြူတာမှ ဘယ်လို User Account ကိုမဆို Reset လုပ်နိုင်ပါပြီ။ အဲဒီ Tool ကို Mac OS X Installation Disc ကနေလည်း သုံးနိုင်ပါသေးတယ်။
သင့် Mac ရဲ့ Password ကို Reset လုပ်ခံရခြင်းမှ ကာကွယ်ဖို့ FileVault Disk Encryption ကို Enable လုပ်နိုင်သလို Recovery Mode ထဲမှာ Firmware Password ကိုသတ်မှတ်နိုင်ပါတယ်။ နှစ်မျိုးစလုံးကိုလည်း ပြုလုပ်နိုင်ပါတယ်။
Chrome OS
---------------
သင့် Chromebook ရဲ့ User Account Password ဟာ သင့်ရဲ့ Google Account Password ပါပဲ။ Web ပေါ်မှ Google Account Password ကို Reset လုပ်ရင် Chromebook ရဲ့ User Account Password ကို ပြောင်းလဲနိုင်မှာပါ။
သင့်ရဲ့ Google Password ကိုမေ့သွားလို့ Chromebook ကို Signin လုပ်လို့မရဘူးဆိုရင် ဒါမှမဟုတ် Chromebook ပိုင်ရှင်အဟောင်းရဲ့ Password ကို မသိဘူးဆိုရင်Chromebook ရဲ့ Signin Screen ကို သွားပါ။ Ctrl+Shift+Alt+R ကိုတစ်ပြိုင်နက်နှိပ်ပါ။ ဒါဆိုရင် Powerwash နဲ့ Chromebook ကို Factory Reset လုပ်ဖို့ ပေါ်လာမှာပါ။ Reset လုပ်ပြီးရင် Chromebook ကို သင့်ရဲ့ Google Account နဲ့ Login ၀င်လို့ရပါပြီ။ ဒီလိုလုပ်ရင် Chromebook ပိုင်ရှင် အဟောင်းရဲ့ ဒေတာအားလုံးကို ဖျက်ပစ်မှာဖြစ်ပေမယ့် အွန်လိုင်းမှာ သိမ်းထားပေးမှာဖြစ်ပါတယ်။
Chromebook မှာ ပိုင်ရှင်ရဲ့ Password မသိဘဲနဲ့ ဖိုင်တွေကို သုံးလို့မရပါဘူး။ ဖိုင်အားလုံးကို Default အားဖြင့် Encrypt လုပ်ထားတာပါ။
Android
-------------
သင့် Android ရဲ့ Lock Screen Code ကို မေ့သွားရင် Reset လုပ်နိုင်ပါတယ်။ Password , PIN, Pattern ကို အကြိမ်အနည်းငယ် မှန်းဆထည့်ကြည့်လို့မမှန်သေးရင် “Forgot Password”, “ Forgot PIN” , “ Forgot Pattern” ဆိုတဲ့ Option များကို တွေ့ရမှာပါ။ အဲဒီ Option တစ်ခုကိုရွေးချယ်ပြီး သင့်ရဲ့ Android မှာ ချိတ်ဆက်ထားတဲ့ Google Account ရဲ့ Username, Password ကိုထည့်ပေးရင် Android ရဲ့ Lock Screen ကို ကျော်ဖြတ်နိုင်မှာပါ။
Google Account မရှိဘူးဆိုရင်လည်း Lock Screen ကို ကျော်ဖြတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အဲဒီနည်းတွေကတော့ USB Debugging ကို Enable လုပ်ထားတဲ့ Android Device တွေမှာဆိုရင် လွယ်ကူပါတယ်။ Android ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး ADB Command များနဲ့ Lock Screen ကို ကျော်ဖြတ်နိုင်ပါတယ်။
နောက်တစ်နည်းက Android ရဲ့ Recovery Mode ထဲကနေ Factory Reset ချခြင်းဖြင့် Password ကို ကျော်ဖြတ်နိုင်ပါတယ်။ ဒီလိုလုပ်ရင် Android ရဲ့ ဒေတာများကို ဖျက်ပေးမှာ ဖြစ်ပြီး စက်ရုံထုတ်အခြေအနေကို ရောက်ရှိသွားမှာပါ။ Android မှာ Recovery Mode ထဲ၀င်ဖို့ နှိပ်ရတဲ့ ကီးများဟာ Device တစ်ခုနဲ့ တစ်ခုမတူညီပါဘူး။ အဲဒီအတွက် မိမိ Device အလိုက် အင်တာနက်မှာ ရှာဖွေပါ။
iOS
--------
iPhones, iPads, iPod Touch များမှာ Password ကို Reset ချလို့မရအောင် ပြုလုပ်ထားတာပါ။ Android လိုမဟုတ်ဘဲ သင့်ရဲ့ Apple ID နဲ့ Password ကို Reset ချလို့မရပါဘူး။ သင့် iOS Device ရဲ့ Password ကိုမေ့သွားရင် Factory Reset ချမှရမှာပါ။ Factory Reset ချရင် ဒေတာများကို ဖျက်ပစ်မှာ ဖြစ်ပေမယ့်လည်း သင့် Device မှ ဒေတာများကို Apple Account နဲ့ Sync လုပ်ထားရင် iCloud Bakcups ကနေ ပြန်လည်ရယူနိုင်ပါတယ်။ Factory Reset ချပြီးလို့ ဒေတာများကို ပြန်လည်ရယူနိုင်တဲ့ နောက်နည်းက Apple Device ကို ကွန်ပြူတာမှ iTunes မှာ Backup လုပ်ထားတယ်ဆိုရင် Device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး iTunes Backup ကနေ ပြန်လည်ရယူနိုင်ပါတယ်။
iDevice ကို Recovery Mode ထဲကနေ Reset ချဖို့ Device ကို ပိတ်ပြီး Home Button ကို ဖိထားပါ။ Device ကို USB Cable ကနေ ကွန်ပြူတာနဲ့ ချိိတ်ဆက်ပါ။ iTunes အလိုလို မပွင့်ရင် ဖွင့်ပါ။ iTunes က Recovery Mode ထဲရောက်နေတဲ့ Device ကို တွေ့နေတယ်လို့ အသိပေးမှာ ဖြစ်ပြီး Factory Reset ချပေးမှာ ဖြစ်ပါတယ်။
Password တွေဟာ လုံခြုံမှုမရှိဘူးဆိုတာ စာဖတ်သူသိရှိပါပြီ။ အဲဒီအတွက် အရေးကြီး ဒေတာများကို Encrypt လုပ်ထားသင့်ကြောင်း တင်ပြလိုက်ပါတယ်

No comments:
Post a Comment