Android OS Updates မရဘူလား? Google က ဒီနည်းလမ်းများနဲ့ သင့်ရဲ့ Android Device ကို Update လုပ်ပေးနေပါတယ်။
======================================================
Android OS Updates များဟာ အရင်လိုတော့ အရေးမကြီးတော့ပါဘူး။ Android Device အများစုဟာ Operating System Update ထွက်ရှိတာနဲ့ မရရှိကြပါဘူး။ ဒါပေမယ့် Google က Android Operating System ကို နောက်ကွယ်မှာ Update ပြုလုပ်ပေးနေပါတယ်။
Device ထုတ်လုပ်သူနဲ့ Carrier များကနေ မဟုတ်ဘဲ Google က Operating System နဲ့ သူ့ရဲ့ Apps များကို သီးခြား Update ပြုလုပ်ပေးနေပါတယ်။ ဒါဟာ Android Fragmentation ပြဿနာကို ဖြေရှင်းနေတဲ့ Google ရဲ့ အစီအစဉ်ပါ။ အဲဒီအတွက် Android Device အဟောင်းတွေဟာလည်း Update များကို ပုံမှန်ရရှိနေကြပါတယ်။
Android 4.2, 4.3, 4.4 ဟာ Minor Updates များဖြစ်ပါတယ်။
--------------------------------------------------------
Android Updates များဟာ တစ်ချိန်ကတော့ အလွန်အရေးကြီးပါတယ်။ ဥပမာအားဖြင့် Android 4.0 Ice Cream Sandwich ထွက်ရှိလာတဲ့ အချိန်မှာ User Interface တစ်ခုလုံးကို ပြောင်းလဲပေးလိုက်သလို စွမ်းဆောင်ရည်လည်း ကောင်းမွန်လာပါတယ်။ APIs အသစ်ကိုတောင် ထုတ်လုပ်ပေးလိုက်တာပါ။ အချို့ Apps များဟာ Android 4.0 မှာသာ အသုံးပြုလို့ရပါတယ်။ Google Chrome ဟာ Android 4.0 နဲ့ သူ့အထက်မှာသာ အလုပ်လုပ်ပါတယ်။ အဲဒီအတွက် Android 2.3 Gingerbread ကနေ Android 4.0 မတိုင်မီ အထိိ ဗားရှင်းများဟာ 4.0 ကို Upgrade မလုပ်ထားရင် ဒီနေ့အထိ Chrome ကိို အသုံးပြုလို့မရသေးတာပါ။ Android 4.0 နဲ့ အတူတူပဲ Android 4.1 မှာလည်း ပိုမိုကောင်းမွန်တဲ့ User Interface ကို အသုံးပြုထားပြီး ပိုမိုလျှင်မြန်လာတဲ့အတွက် အရေးကြီးပါတယ်။
Android 4.0 , Android 4.1 နောက်ပိုင်းထွက် Android Version များကတော့ အရေးသိပ်မကြီးတဲ့ Minor Updates များပါ။ Android 4.4 မှာ Memory အသုံးပြုမှုကို သိသာစွာ လျှော့ချပေးထားတဲ့အတွက် အရေးအကြီးဆုံး Update ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အရင်ထွက်ရှိတဲ့ ဗားရှင်းများကို သုံးနေသူများအတွက်လည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ပါတယ်။
Google Play Services Updates
---------------------------------------
Google က Android Operating System တစ်ခုလုံးကို Update လုပ်စရာမလိုဘဲ သင့်ရဲ့ Android Device ကို Update ပြုလုပ်ပေးနေပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူများက Android Device တစ်ခု ထုတ်လုပ်ချင်ရင် သူတို့ရဲ့ ဖုန်းများမှာ Google Play Store နဲ့ Google Apps များထည့်သွင်းဖို့ Google နဲ့ သဘောတူညီမှု ပြုလုပ်ရပါတယ်။ သဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအရ Google က ထုတ်လုပ်သူများရဲ့ Android Device များမှာ Google Play Service များကို ထည့်သွင်းဖို့ အခွင့်ရပါတယ်။ အဲဒီ Google Play Service များက သင့်ဖုန်းကို နောက်ကွယ်မှာ အလိုအလျှောက် Update ပြုလုပ်ပေးနေတာပါ။
Google က Google Play Service များကနေ Android မှာ စွမ်းဆောင်ချက်များကို ထည့်သွင်းပေးနေပါတယ်။ အဲဒီ Update များကို ၂၀၁၀ က ဖြန့်ချီတဲ့ Android 2.2 Froyo နဲ့ Android 2.3 Gingerbread များမှာတောင် ရရှိကြပါတယ်။
ဥပမာ အနေနဲ့ Google က Google Play Service များကနေ Android Device ကို ခြေရာခံနိုင်တဲ့ Android Device Manager ကို Android Device အားလုံးမှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ သင့် ဖုန်းမှာ အရင်က မရှိတဲ့ Google Settings App ဟာ အလိုအလျှောက် ရောက်ရှိနေတာ သင်တွေ့ရမှာပါ။ အဲဒီ App ကနေ Android Device Manager ကို အသုံးပြုနိုင်ပါတယ်။ Google Play Store ကနေ အင်စတော လုပ်တာမဟုတ်တဲ့ App များမှာ Malware ကို စစ်ဆေးပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း ဒီနည်းအတိုင်းထည့်သွင်းပေးထားတာပါ။ အဲဒီစွမ်းဆောင်ချက်ကြောင့် ဖုန်းအဟောင်းများမှာတောင် Malware လုံခြုံစေပါတယ်။
၁
Google က ဘက်ထရီ အသုံးပြုမှုနည်းပါးတဲ့ တည်နေရာ လမ်းညွှန်တဲ့ API အပါအ၀င် APIs အသစ်များကို Developer များအတွက် ဖြန့်ချီပေးထားပါတယ်။ နည်းလမ်းဟောင်းတွေမှာတော့ သင့်တည်နေရာကို သိနိုင်ဖို့ အတွက် GPS Hardware ကို လှုပ်နှိုးဖို့ ဆိုရင် သီးခြား App တစ်ခုလိုအပ်ပါတယ်။
ဒီလို Updates များကို ဖြန့်ချီဖို့ဆိုရင် အခြား Platform များမှာ Operating System တစ်ခုလုံးကို Update ပြုလုပ်ပေးမှသာ ရတာပါ။ ဒါပေမယ့် Google ကတော့ Android Device အားလုံးမှာ Update ပြုလုပ်ပေးနေပါတယ်။ သင့် Device မှာ Play Store ရှိနေရင် Google က Update လုပ်ပေးနေတာပါပဲ။
Official Google Apps in Google Play
-------------------------------------------
Google က Android ကနေ Apps များကို ခွဲထုတ်ပြီး Play Store မှာ သီးခြား Apps အနေနဲ့ တင်ပေးထားပါတယ်။ ဒါ့ကြောင့် Android Operating System တစ်ခုလုံးကို Update လုပ်စရာမလိုဘဲ App များကို Update လုပ်နိုင်တာပါ။ ဒါ့အပြင် ဖုန်းအဟောင်းများမှာလည်း App များကို အင်စတော လုပ်နိုင်မှာပါ။
Gmail, Google Calendar, Google Keyboard, Hangouts, Chrome, Google Maps, Drive, YouTube, Keep, Google Plus, Google Search စတဲ့ Apps များကို Google Play မှာ ပုံမှန် Update လုပ်ပေးနေပြီး ဖုန်းအဟောင်းများမှာ အင်စတော လုပ်နိုင်ပါတယ်။ Apple ရဲ့ iOS မှာတော့ Mail, Calendar, Messages, Safari တို့လို System Apps များရဲ့ Update ကို လိုချင်ရင် iOS Operating System တစ်ခုလုံးကို Update လုပ်မှရမှာပါ။ Android မှာတော့ အားလုံးကို အလိုအလျှောက် Update လုပ်ပေးနေပါတယ်။
Nexus 5 နဲ့ အတူ မိတ်ဆက်ခဲ့တဲ့ Google Now Launcher ဟာလည်း Nexus နဲ့ Google Play Edition များမှာသာ ရရှိနေရာကနေ အခုဆိုရင် Android 4.1 နဲ့ သူ့အထက်မှာ သုံးနိုင်ပါပြီ။
Operating System Updates လိုအပ်နေသေးတဲ့ အရာများ
---------------------------------------------------
အချို့ အရာတွေက Operating System တစ်ခုလုံးကို Update ပြုလုပ်မှရမှာပါ။ Multiple User Accounts , Memory လျှော့ချမှုနဲ့ Bluetooth 4.0 လို Hardware စံနှုန်း အသစ်များကို ထောက်ပံ့ပေးဖို့တို့လို Operating System အဆင့် စွမ်းဆောင်ချက်များကိုတော့ နောက်ကွယ်ကနေ Update လုပ်ပေးလို့မရပါဘူး။ သူတို့ကို ရရှိဖို့အတွက် ပင်မ Operating System အသစ်လိုအပ်ပါတယ်။
ဒါပေမယ့်လည်း Operating System အသစ်များဟာ တစ်ဖြည်းဖြည်း အရေးမကြီးတော့ပါဘူး။ Google က စွမ်းဆောင်ချက်အသစ်များကို Play Service နဲ့ App Updates များကနေ တတ်နိုင်သလောက် Update လုပ်ပေးနေလို့ပါပဲ။ Google က Android Operating System ကနေ Apps များကို တစ်ဖြည်းဖြည်းခွဲထုတ်နေတဲ့အတွက် Device တိုင်းဟာ Google Play Store ကနေ Update လုပ်နိုင်မှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ Android Operating System များဟာ တစ်ဖြည်းဖြည်း အရေးမပါတော့ပါဘူး။ သင့်မှာ Android 4.1 ဒါမှမဟုတ် 4.2 ရှိနေပြီဆိုရင် နောက်ဆုံးထုတ် စွမ်းဆောင်ချက်များပါတဲ့ Android ဖုန်းတစ်လုံး ရှိနေတာပါပဲ။ Google က နောက်ဆုံးထုတ် APIs ကို ဖြန့်ချီပေးနေတဲ့အတွက် သင်ဟာ နောက်ဆုံးထွက် Apps များကို အသုံးပြုနိုင်မှာပါ။ Operating System များရဲ့ ဗားရှင်းနံပါတ်များဟာ အရေးမကြီးတော့ပါဘူး။ Android Fragmentation ပြဿနာကို တစ်ဖြည်းဖြည်းချင်း ဖြေရှင်းပေးနေပါတယ်။
ဒါဟာ Developer များအတွက်ရော User များအတွက်ပါ Android Fragmentation ကို တိုက်ခိုက်ဖို့ Google ရဲ့ စီမံကိန်းပါ။ Developer များက Android Device အားလုံးမှာ တူညီတဲ့ APIs ကို သုံးနိုင်မှာ ဖြစ်သလို User များအနေနဲဲ့လည်း စွမ်းဆောင်ချက်များနဲ့ Apps အသစ်များကို ထိတွေ့ခံစားနိုင်မှာပါ။ Google ရဲ့ စီမံကိန်းက အလုပ်ကောင်းကောင်း ဖြစ်နေပါတယ်

No comments:
Post a Comment