နာမ် ကို အထူးပြုသော စကားလုံးအား
နာမဝိသေသန ( Adjective )ဟု ခေါ်ပါ
သည်။
အထူးပြုသည် ဆိုသည်မှာ ( noun )နာမ်ကို
- အရည်အသွေး ( Quality )
- ကန့်သတ်မှု ( Determiner )
စသည့် အင်္ဂါရပ်တို့ဖြင့် နာမ်အရှေ့မှနေ၍ ထပ်မံ တိုးမြှင့်ပြီး ဖော်ပြခြင်းကို
အထူးပြုသည် ဟု ခေါ်ပါသည်။
ထို့ကြောင့် နာမဝိသေသနကို အခြေခံအားဖြင့်
(၂)မျိုး ပိုင်းခြားထားပါသည်။၎င်းတို့မှာ
1. Descriptive adjective နှင့်
2. Limiting adjective တို့ ဖြစ်ကြပါသည်။
(1). Descriptive adjective
နာမ်၏ သဘာဝ လက္ခဏာ တွေဖြစ်သည့်
အရည်အသွေး (Quality )များအား ဖော်ပြပုံဖော်တက်သော စကားလုံးများကို
(Descriptive adjective)ဟုခေါ်ပါသည်။
(2). Limiting adjective
နာမ်အား မည်သည့်အရာဖြစ်ကြောင်း ချုပ်ချယ် ကန့်သတ်၍ ဖော်ပြသော စကားလုံးများကို( Limiting adjective ) ဟုခေါ်ပါသည်။
Limiting adjective အတွင်း၌ အသုံးပြု
သော စကားလုံးများကို ((Determiner)) ဟု
သတ်မှတ်ခေါ်ဆိုကြပါသည်။
၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြပါသည်။
( 1 ) Article
- a , an , the
( 2 ) Possessive
-my , our , your, his, her, their
( 3 ) Demonstrative
- this, that, these, those
( 4 ) Distributive
- each , every , either , neither ,
( all, both, half )
( 5 ) Interrogative
- what , which , whose
( 6 ) Quantifier
all , some , few , whole, helf , a lot of,
several , a few , a bit , a little , many....etc
( 7 ) numerals
one, first,two, second ,three , third....etc,
၁-Possessive Adjectives
( ပိုင်ဆိုင်မှုပြ နာမဝိသေသန )
( my , our , your , his , her , their, its )
ဥပမာ-
my book = ငါ့စာအုပ်
our school = ကျွန်ုပ်တို့ကျောင်း
your teacher = သင်တို့ဆရာ
his bag = သူ့လွယ်အိတ်
her pencil = သူ့မ ခဲတံ
their class = သူတို့အခန်း
Its color = အဲ့ဒီ အရောင်
၂. Demonstrative adjectives
( ညွှန်ပြ နာမဝိသေသန )
( this , that , these, those )
ဥပမာ-
this book = ဒီ စာအုပ်
that book = အဲ့ဒီ စာအုပ်
these books = ဤစာအုပ်များ
those books = ထို စာအုပ်များ
-This book is mine.
-Those shoes are expensive.
၃. Distributive adjectives
( ဖြန့်ဝေမှုပြ နာမဝိသေသန )
1. each , every ,either ,neither( အနည်း)
2. both( အများ ) ,
ဥပမာ-
each student = ကျောင်းသားတစ်ဦးချင်းစီ
every house = အိမ်တိုင်းတစ်ခုစီ
either book = စာအုပ် နှစ်အုပ်ထဲက
( တစ်အုပ် )
neither answer = အဖြေနှစ်ခုထဲကတစ်ခုမှ-
( မဟုတ် )
ဥပမာ-
- Each student has a book.
ကျောင်းသားတစ်ဦးစီ၌ စာအုပ်တစ်အုပ်စီရှိသည်။
-Neither answer is correct.
အဖြေနှစ်ခုစလုံး တစ်ခုမှ မမှန်ဘူး။
Both = နှစ်ခုစလုံး( အများ )
both books = စာအုပ် နှစ်အုပ်စလုံး
- Both books are interesting.
စာအုပ်နှစ်အုပ်စလုံး စိတ်ဝင်စားစရာ ကောင်းတယ်။
-He can speak both Myanmar and English.
မြန်မာစကား နဲ့ အင်္ဂလိပ်စကား နှစ်ခုစလုံးကို သူ ပြောနိုင်ပါတယ်။
Any = တခုခု / တယောက်ယောက်
= မည်သည့်( အရာကို ) မဆို
= ဘယ် ( အရာ ) မဆို
Any ကို (မေး/ငြင်း ) ဝါကျတို့၌ အသုံးပြုပါသည်။
မေး-( Q )
Do you have any book?
မင်းဆီမှာ စာအုပ်တအုပ်အုပ် ရှိသလား။
ငြင်း-( N )
I don't have any book.
ငါ့ ဆီမှာ စာအုပ်တအုပ်မှ မရှိဘူး။
၄. Interrogative adjective
( အမေး နာမဝိသေသန )
What , Which , Whose ..etc
What kind of , What type of
What = ( အမျိုးအစား )
Which=( ရွေးချယ်မှု )
Whose =( ပိုင်ဆိုင်မှု )
What book is it?
အဲ့ဒါ ဘာစာအုပ်လဲ။
( အမျိုးအစား )ကို မေး
Which book do you want?
ဘယ်စာအုပ်ကို သင်လိုချင်တာလဲ။
ဘယ်စာအုပ် လိုချင်လဲ။
( ရွေးချယ်မှု )ကို မေး
Whose book is this?
ဒီစာအုပ်က ဘယ်သူ့ဟာလဲ။
ဒါ ဘယ်သူ့စာအုပ်လဲ။
( ပိုင်ဆိုင်မှု )ကို မေး
- ( What kind of + Noun )
ယေဘုယျ ( အမျိုးအစား )
a general member of a group
What kind of vehicle do you prefer?
မင်း ဘယ်လိုယာဉ်အမျိုးအစားကို
ပိုပြီးနှစ်သက်ပါသလဲ။
I prefer a car.
- ( What type of + Noun )
ဒီဇိုင်း ( အမျိုးအစား )
a specific of a kind
What type of car are you looking for?
မင်း ဘယ်လိုကားမျိုးကို ရှာနေတာလဲ။
I am looking for Toyota.
a kind of နဲ့ a type of ကွာခြားပုံ
ဥပမာ-
Food ဆိုတဲ့ ( အစားအစာ )ထဲမှာ
1. meat = အသား
2. vegetable = ဟင်းသီးဟင်းရွက်
3. fruit = အသီး ...စသဖြင့် ပါဝင်ပါတယ်။
meat ဆိုတဲ့ အသား ထဲမှာ
၁. beef = အမဲသား
၂. mutton = သိုးသား ပါဝင်တယ်ဆိုပါစို့
Meat is a kind of food.
Mutton is a type of meat.
Bird is a kind of animal.
Sparrow is a type of bird.
Car is a kind of motor vehicle.
Toyota is a type of car.
Interrogative adjective အနေနဲ့
အမေးမှာ ဘာနဲ့ မေးမေး
အဖြေမှာ( type ) ကိုသာသုံးကြပါသည်။
What kind of book are you reading?
မင်းဖတ်နေတာ ဘာစာအုပ်လဲ။
I'm reading a fantasy novel.
ငါ စိတ်ကူးယဉ် ဝတ္ထု ဖတ်နေတာ။
၅. Quantifier adjective
( ပမာဏပြ နာမဝိသေသန )
နာမ်၏ အရေအတွက်ကို ယေဘုယျပမာဏ
( amount ) ဖြင့် ရေတွက် ဖော်ပြပေးသော စကားလုံးများအား ပမာဏပြ နာမဝိသေသန ဟု ခေါ်ပါသည်။
၎င်းတို့မှာ---
All, some,any,every, many, much ,few ,
a few , little, a little, bit , a bit of, half ,
several, a lot of, lots of....etc
ထိုစကားလုံးများကို အပိုင်း သုံးပိုင်းခွဲပြီး
မှတ်သားရပါလိမ့်မည်။
1. How Many
( countable noun [C] )နဲ့ တွဲပြီးသုံးပါသည်။
2. How Much
( uncountable noun[U] )နဲ့ တွဲပြီးသုံးပါသည်
3. Other ( [C]/[U] နှစ်ခုစလုံး ) နဲ့ တွဲပြီးသုံး
Some / all / whole / no / any / a lot of /
plenty of
( How Many ) အုပ်စုထဲမှာ---
few,a few, several ,a number of, many ,
a lot of , plenty of စသည်တို့ ပါဝင်ပါသည်။
few =နည်းနည်း
a few = အနည်းငယ်
several = အတော်အတန်
a number of = အတော်များများ
many = အများကြီး
a lot of = များစွာ
plenty of = အမြောက်အများ( အလျှံပယ် )
5% few
15% a few
25% several
40% a number of
50% half
65% many
75% a lot of
100% whole
110% plenty of
ဒီလိုမျိုး အလွယ် မှတ်ထားလိုက်ပါ။
( How Much )အုပ်စုထဲမှာ---
little, a little, much, a lot of, plenty of စသည်တို့ ပါဝင်ကြပါသည်။
little = နည်းနည်း
a little = အနည်းငယ်
much = အများကြီး
a lot of = များစွာ
plenty of = အမြောက်အများ
ဥပမာ ဝါကျများ
1. I have few books.
2. There are a few books on the table.
3. Several books are missing.
4. A number of students are absent today.
5. I have many friends in my school.
6. A lot of students in our school passed this year.
7. Plenty of people come to the party.
8. There is little water in the glass.
9. I need a little water.
10. Do you have much water?
11. I have a lot of water.
12.There is plenty of food.
၆. Numeral adjective
( ကိန်းဂဏန်းပြ နာမဝိသေသန )
နာမ်၏ အရေအတွက်ကို ကိန်းဂဏန်းများဖြင့်
ဖော်ပြသော စကားလုံးများ ကို
( numeral adjective ) ဟု ခေါ်ပါသည်။
၎င်း၌ Number နှစ်မျိုးရှိပါသည်။၎င်းတို့မှာ-
1. Cardinal number နှင့်
2. Ordinal number တို့ဖြစ်ကြပါသည်။
1. Cardinal number ( မူလသင်္ချာ ဂဏန်း )
one, two, three, four, five, six, seven,etc...
- l have two books.
ကျွန်တော့်မှာ စာအုပ်နှစ်အုပ် ရှိတယ်။
- You have three books.
သင့်မှာ စာအုပ် သုံးအုပ် ရှိတယ်။
- She has four pencils.
သူ့မမှာ ခဲတံလေးချောင်း ရှိတယ်။
2. Ordinal number( အစဉ်ပြကိန်း )
first, second ,third, fourth, fifth, sixth,etc..
last, next, previous
- This is my first job.
ဒါက ကျွန်ုပ်ရဲ့ ပထမဆုံးအလုပ်ပါ။
- This is my second phone.
ဒါက ကျွန်ုပ်ရဲ့ ဒုတိယမြောက် ဖုန်းပါ။
This is the last chance.
ဒါနောက်ဆုံး အခွင့်အရေးပဲ။
အခု ဖော်ပြခဲ့တဲ့ limiting adjective (၆)မျိုးဟာ Determiner တွေ ဖြစ်ကြပါတယ်။
Article ( a,an, the)ကိုပါ ထည့်ပြီးရေတွက်လိုက်ရင် စုစုပေါင်း(၇)မျိုး ဖြစ်သွားပါမည်။
ညီအစ်ကို တော့ ညီအစ်ကိုပါပဲ။ဒါပေမယ့်
(ကျွန်တော်က အကြီး၊သူက အငယ်)ဆိုတာမျိုး
သဘောထားပြီး မှတ်သားကြပါ။
ထို(၇)မျိုးဟာ Adjective တော့ adjective ပါပဲ
ဒါပေမယ့် (( Determiner )) ဖြစ်သည်ဟုသာ မှတ်သားလိုက်ပါ။
အဘယ့်ကြောင့်ဆိုသော်-
ထို (၇)မျိုးသော နာမဝိသေသနတို့သည်
သူ့ အနောက်၌ရှိသော( Adjective Order ) အတွင်း၌ မပါဝင်သောကြောင့် ဖြစ်ပါသည်။
Determiner ဆိုတာ
Common noun ( အများဆိုင် နာမ် ) များကို
တဦး၊တယောက်၊တခု နဲ့သာ သက်ဆိုင်သည့်
နာမ်အဖြစ် ပြောင်းလဲခြင်းဟု မှတ်ပါ။
Determine ( V ) = အဆုံးအဖြတ်ပေးသည်။
Determiner ( N )=စီရင်ဆုံးဖြတ်ပေးသူ(or)
ချုပ်ချယ်ကန့်သတ်သူ
Deter + miner
Deter = ဟန့်တားသည်။
Miner = မိုင်းတွင်းအလုပ်သမား လို့ ဘာသာမပြန်ဘဲ = ( ဖြိုခွဲဖျက်ဆီးသူ )ဟု ဘာသာပြန်မယ်ဆိုရင်-
ဥပမာ-book ( common noun)
စာအုပ် ဆိုတာ အများဆိုင်နာမ် ဖြစ်ပါသည်။
ဒီစကားလုံးကို( miner)က ဖြိုခွဲလိုက်ပါတယ်။
စာအုပ်၊စာအုပ်၊စာအုပ် ဆိုပြီး အသေးငယ်ဆုံးသော စာအုပ်တွေ ပြိုကွဲပြီးထွက်လာတာကို
( deter)က လိုက်ပြီး ကန့်သတ်လိုက်ပါတယ်။
This is ( a ) book.
This is ( my ) book.
This is ( your ) book.
This is ( his ) book.
This is ( her ) book.
( This ) book is mine.
( That ) book is your.
Determiners စကားလုံးများကြောင့် စာအုပ်ဟာ အများနဲ့ မသက်ဆိုင်ဘဲ တဦး၊တယောက်၊တခု နှင့်သာ သက်ဆိုင်တဲ့ စာအုပ် ဖြစ်သွားပါတယ်။ဒါ့ကြောင့် ( Determiner )ကို ချုပ်ချယ်ကန့်သတ်သူ ဟုမှတ်ပါ။
Noun အရှေ့မှာ Determiner ထည့်ရန်
[( slot ) သုံးခု ] ရှိတယ်ဆိုတာ သိဖို့လိုပါတယ်။
ဒါကို determiner ရဲ့ ( order ) လို့ခေါ်ပါတယ်။
၎င်းတို့မှာ--
1. Predeterminer
2. Central Determiner
3. Post Determiner
စသည်တို့ ဖြစ်ကြပါသည်။
Pre - Central - Post လို့သာ မှတ်ထားပါ။
ရှေ့ - လယ် - နောက်
Central Determiner က အဓိက ကျပါတယ်။
သူ့ကို မှီငြမ်းပြီး ( ရှေ့ ၊နောက် )ထပ်ဖြည့်ကာ noun ကို ပိုပြီး ရုပ်လုံးကြွလာအောင် ပြုလုပ်ပါတယ်။အများအားဖြင့် နာမ်(noun)များကို
central determiner မပါဘဲ သုံးစွဲလို့ မရပါ။
Central Determiner ( အလယ်ဗဟို )
1. Article determiner
( a , an , the )
2. Demonstrative determiner
( this, that, these, those)
3. Possessive determiner
( my, our, your, his, her, its , they )
ဤ စကားလုံး ( ၁၄ ) လုံးကို central slot ၌
( တစ်လုံး )သာ အသုံးပြုခွင့်ရှိပါသည်။
( နှစ်လုံး ) တွဲရိုး ထုံးစံ မရှိပါ။
( Pre )determiner ( အရှေ့ )
Predeterminer မှာ (5)မျိုး ရှိပါသည်။
1. Quantifier ( ပမာဏ )
all , both, half
2. Multiplier ( နှစ်ဆကိန်း )
အကြိမ်/အခါ၊ အဆ ဆိုပြီး နှစ်မျိုး ရှိပါတယ်။
၁.အကြိမ်/အခါ ( နှိုင်းယှဉ်မှုပြ )
twice = နှစ်ကြိမ်( comparison )နိုင်းယှဉ်မှုပြ
three times = သုံးကြိမ်
fore times, five times,etc...
I eat three times a day.
တစ်နေ့သုံးကြိမ်စားပါတယ်။
၂.အဆ ( တိုးတက်မှုပြ )
double = နှစ်ဆ ( Total amount=စုစုပေါင်း ပမာဏ )ပြ
triple = သုံးဆ ...etc...
We need triple the amount of water.
ကျွန်တော်တို့ ရေသုံးဆလိုပါတယ်။
3. Fraction ( အပိုင်းဂဏန်း/အစိတ်အပိုင်း )
one-third =သုံးပုံတစ်ပုံ
three-fifth =ငါးပုံသုံးပုံ
half =ထက်ဝက်
quarter =လေးပုံတပုံ
I ate half the apple.
ပန်းသီးတစ်ဝက်ကို ငါစားလိုက်တယ်။
Half of my friends are teachers.
ကျွန်တော့်သူငယ်ချင်း တစ်ဝက်ဟာ
ဆရာ/ဆရာမ တွေ ဖြစ်ကြပါတယ်။
One-third of the students failed the test.
ကျောင်းသားသုံးပုံတစ်ပုံ စာမေးပွဲ ကျရှုံးခဲ့ပါတယ်။
4. Exclamatory ( အံ့ဩမှုပြ )(!)
What, Such
what =ဘယ်လောက်
such = အလွန့်အလွန်၊အတော့်ကို၊အင်မတန်
What a nice dress!
ဘယ်လောက်လှတဲ့ ဝတ်စုံလဲ
What a pity!
တကယ်ကို နှမြောဖို့ကောင်းလိုက်တာ။
What a mess!
တကယ့်ကို ရှုပ်ပွနေတာပဲ။
Such an interesting story!
အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်ပဲ။
5. Intensifiers ( အလွန်အကျွံဖြစ်မှုပြ )
(Degree )အဆင့်အတန်းကို Pre slot ၌ပြခြင်း
quite, rather, ကို ပုံစံ နှစ်မျိုး သုံးလို့ရတယ်။
Quite a surprise!
တော်တော် အံ့ဩစရာ ကောင်းတယ်။
It was quite a surprise.
အတော်လေးကို အံ့ဩစရာ ကောင်းခဲ့ပါတယ်။
It is quite a long way.
အတော်လေးကို ဝေးပါတယ်။
Rather a boring movie!
အတော်ကို ပျင်းစရာကောင်းတဲ့ ဇာတ်ကားတခုပါ။
The exam results were rather a disappointment.
စာမေးပွဲရလဒ်တွေက အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။
Postdeterminer ( အနောက် )
၎င်း၌ အသုံးပြုသော အရာ (၂)မျိုးရှိပါသည်။
Numeral ( ကိန်းဂဏန်း )နှင့်
Quantifier ( ပမာဏ ) တို့ ဖြစ်ပါသည်။
Numeral ကို (2)ပိုင်းထပ်ခွဲပါသည်။
1. Ordinal ( အစဉ်ပြ )
2. Cardinal ( အရေအတွက်ပြ )
စသည်တို့ ဖြစ်ပါသည်။
1.Ordinal ( အစဉ်ပြ)
၎င်းကို ( ၄ )မျိုးပိုင်းခြားထားပါသည်။
၎င်းတို့မှာ-
၁.Numeral order ( နံပါတ်အစဉ်ပြ)
first, second, third,fourth ,fifth ,sixth,etc...
- the first two days
၂.Time sequence ( အချိန်အစဉ်ပြ )
last, next, previous , initial
- the last two years
- the next two weeks
၃.Comparative sequence ( နှိုင်းယှဉ်မှုပြ)
Same , other
- the same three habits
- the other two questions
၄.Finality ( အဆုံးသတ်ပြ )
final, ultimate
- the final two tasks
နောက်ဆုံး တာဝန် နှစ်ခု
- the ultimate two stages
နောက်ဆုံး အဆင့်နှစ်ဆင့်
2.Cardinal ( အရေအတွက် )
one, two, three, four , five, six , etc...
3.Quantifier ( ပမာဏ )
many, few , several , etc....
ဤစကားလုံးများကို post slot ၌ တစ်လုံးသာ
အသုံးပြုပါသည်။ ချွင်းချက် အနေဖြင့်
အကယ်၍ (central )က( pre slot )နေရာသို့ ပြောင်းပါက post နှစ်ခု တွဲသုံးနိုင်ပါသည်။
( Central+Ordinal+Cardinal)
( Central+Ordinal+Quantifier)
ဟူ၍ အသုံးပြုရပါမည်။
ဥပမာ
The first two days.
ပထမ နှစ်ရက်
The last two weeks.
နောက်ဆုံး နှစ်ပတ်
The last few days.
ပြီးခဲ့သည့်ရက်အနည်းငယ်
- The first two chapters are easy.
- The last two chapters are difficult.
- The sun was not shining for the last few days, so the last few days were not bright.
- I am not going to school for the next few days.
Reality Adjective
နာမ်စကားစု များတည်ဆောက်ပုံကို လေ့လာ
ကြည့်ရင် အမှန်တကယ်ရှိသည့် နာမဝိသသန
( Reality Adjective) များမှာ အောက်ပါအတိုင်းသာ ရှိနေကြောင်း တွေ့ရှိရပါမည်။
၎င်းတို့မှာ ( OSASCoMP ) ဟု လူသိများသည့်
Adjective order အစီအစဉ်တိုင်းသာ ရှိနေကြပါသည်။
ထို နာမဝိသေသနများကို
( Descriptive Adjective )ဟု ခေါ်ပါသည်။
Descriptive Adjective နှစ်မျိုးရှိပါသည်။
၎င်းတို့မှာ
၁. Opinion ( ထင်မြင်ယူဆချက် ) နှင့်
၂. Fact ( အချက်အလတ် ) တို့
ဖြစ်ကြပါသည်။
Opinion သည် မိမိတစ်ဦးတစ်ယောက်၏ ထင်မြင်ယူဆချက် တစ်ခုသာဖြစ်ပါသည်။
၎င်းသည် မိမိ၏ စိတ်အတွင်းမှ လာပါသည်။
Fact သည် မိမိ၏ ထင်မြင်ယူဆချက်မဟုတ်ပဲ
သဘာဝ ၌ တည်ရှိနေသော အရှိတရားများသာ
ဖြစ်ပါသည်။ထို့ကြောင့် ၎င်းသည် Nature law
နိယာမ ဥပဒေသမှ လာပါသည်။
၁. Opinion သည် နာမ်တို့၏ အရည်အသွေး
( Quality ) များကို ဖော်ပြပေးပါသည်။၎င်းသည် မြန်မာစာ အဓိပ္ပာယ်၌ ( သော )ဖြင့် အဆုံးသတ်သော ( Reality Adjective )များ ဖြစ်ကြပါသည်။၎င်းတို့မှာ
beautiful = လှပသော
clever = ကျွမ်းကျင်သော
dark = မှောင်မိုက်သော
ever = ထာဝရဖြစ်သော
famous = ကျော်ကြားသော
good = ကောင်းသော
happy = ပျော်ရွှင်စရာဖြစ်သော
honest = ရိုးသားသော
ill = နေမကောင်းသော
just = တရားမျှတသော
kind = ကြင်နာသော
loud = ကျယ်လောင်သော
main = အဓိကဖြစ်သော
near = အနီး၌ဖြစ်သော
open = ဖွင့်ထားသော
painful = စိတ်ညစ်စရာဖြစ်သော
quite = တကယ့်ကို အဟုတ်၊အမှန် ဖြစ်သော
religious = ဘာသာရေးနှင့်ဆိုင်သော
safe = ဘေးအန္တရာယ်ကင်းသော
tall = အရပ်ရှည်သော
useful = အသုံးဝင်သော
vertical = ဒေါင်လိုက်ဖြစ်သော
wealthy= ချမ်းသာကြွယ်ဝသော
yellow = အဝါရောင်ဖြစ်သော
zoological = သတ္တဗေဒနှင့်ဆိုင်သော ..etc
ထိုစကားလုံးများကို ( fact )အရှေ့၌
အသုံးပြုရပါသည်။
၂. fact ကို နာမ်တို့၏ အကြောင်းအရာ အချက်အလတ်များ ဖော်ပြရာ၌ အသုံးပြုပါသည်။
Fact အမျိုးအစား(၇)မျိုး ရှိပါသည်။
၎င်းတို့မှာ-
1.Size ( အရွယ်အစား )
small, big, tiny , long , short
2. Age ( အသက်/သက်တမ်း/ခေတ် )
old, new, young, ancient, modern
3. Shape ( ပုံစံ )
round, square , flat , circular , triangular
4.Color ( အရောင် )
red, white ,black, green , blue, yellow,pink
5.Origin ( မူရင်း ဇစ်မြစ် )
English, Myanmar, France, China, Thailand
6. Material ( ဒြပ်စင် ပစ္စည်း ရုပ်ဝတ္ထု )
metal, plastic, cotton, gold, silver
7. Purpose ( အသုံးချမှု ရည်ရွယ်ချက် )
sleeping, wedding , walking, washing
စသည်တို့ ဖြစ်ကြပါသည်။
အတိုကောက် အနေဖြင့် ( SASCOMP )ဖြစ်ပါသည်။Opinion ကိုပါ ထည့်ပေါင်းမယ်ဆိုရင်
( OSASCOMP ) ဆိုပြီး Adjective Order
တစ်ခု ဖြစ်ပေါ်လာပါတယ်။
တကယ်တမ်းက purpose နဲ့ noun အကြားမှာ
Classifier ( အမျိုးအစား ခွဲခြားခြင်း )ကို ပြုလုပ်ပေးသူ တစ်ဦး ရှိနေပါတယ်။
( Purpose / Classifier )လို့ တွဲပြီး ဖော်ပြပေမယ့် မတူပါဘူး။
Purpose က ဘာလုပ်ဖို့လဲ ( What for? )
Classifier က ဘာအမျိုးအစားလဲ What type?
ဖြစ်ပါတယ်။
Purpose က အများအားဖြင့် V-ing နဲ့ ဆုံးပြီး
Classifier က အများအားဖြင့်( -al ,-ic ,-ary )
စသည်တို့ဖြင့် အဆုံးသတ်ပါသည်။
Purpose က (Adjective Order )ဘက်ကိုယိမ်းပြီး ၊ Classifier က( Noun )ဘက်ကို ယိမ်းပါတယ်။
ဥပမာ-
Medical doctor = ဆေးဘက်ဆိုင်ရာ ဆရာဝန်
Historical event = သမိုင်းဝင် အဖြစ်အပျက်
Atomic bomb = အက်တမ်ဗုံး
Military base = စစ်အခြေစိုက်စခန်း
Noun တွေကိုပါ အသုံးပြုပါတယ်။
မြန်မာစာ အနေဖြင့် ကြည့်မယ်ဆိုရင်
(ရေအိုး၊ ထမင်းအိုး၊ ဟင်းအိုး ) စသည့် စကားလုံးတို၌ ရေ၊ ထမင်း၊ ဟင်း တို့သည်
(အိုး)အမျိုးအစားကို ခွဲခြားပြထားပါသည်။
၎င်းသဘောကို ( Classifier )လို့ခေါ်တာပါ။
Rice cooker = ထမင်းချက်အိုး
Diamond ring= စိန်လက်စွပ်
Medical technology
Electronic devices စတဲ့ စကားလုံးတွေကို
ဒီနည်းနဲ့ ခွဲခြားကြည့်လို့ ရပါတယ်။
ဥပမာ
A walking medical robot.
ဆေးဘက်ဆိုင်ရာသုံး လမ်းလျှောက်စက်
A racing electric car.
လျှပ်စစ်သုံး ပြိုင်ကား
A new plastic folding garden chair.
A new plastic folding အတွဲက Adjective Order ဖြစ်ပြီး၊( garden chair )က noun အတွဲဖြစ်ပါတယ်။Noun group လို့ ခေါ်ပါတယ်။
စကားလုံး အကုန်လုံးကို တွဲစပ်လိုက်သောအခါ
Noun phrase တစ်ခု ဖြစ်ပေါ်လာပါတယ်။
Phrase ဆိုတာ ( စကားစု )ကို ခေါ်ခြင်းဖြစ်ပါတယ်။ Noun နဲ့ ပတ်သတ် နေသောကြောင့်
Noun phrase လို့ ခေါ်ရခြင်း ဖြစ်ပါတယ်။
( Phrase )ကိုသိထားပါမှ ( Modifier ) အကြောင်း နားလည်လွယ်မှာပါ။
Modifier ကလည်း အထူးပြုတာပါပဲ။
ဒါပေမယ့် သူက noun အရှေ့ကအထူးပြုနိုင်သလို၊ noun အနောက်ကလည်း အထူးပြုနိုင်ပါတယ်။ ဒါ့ကြောင့် Modifier မှာ
(1)Pre Modifier နဲ့
(2) Post Modifier ဆိုပြီး(၂)မျိုးရှိပါသည်။
Pre Modifier
ဖော်ပြခဲ့သည့် Adjective သဘောများဟာ
Noun အရှေ့ကနေ အထူးပြုသောကြောင့်
Pre Modifier ထဲ၌ အကျုံးဝင်ပါသည်။
Post Modifier
Noun ကို အနောက်ကနေ အထူးပြုခြင်း
၎င်းအထဲမှာ
Prepositional Phrase
Relative Clause
V-ing
V3
With ( နှင့်အတူ )
စသည်တို့ပါဝင်နေပါသည်။
Post-modifier အကြောင်းသိဖို့ဆိုရင်
Verb အကြောင်းသိဖို့တော့ လိုပါသည်။
[ S.V ] pattern ကို လက်ကိုင်ပြုဖို့ အတွက်
Noun, Pronoun and Adjective သဘောတရားများကို သိထားရပါမည်။
သေသေချာချာကို သိထားပါမှ
Subject (S) နေရာအတွက် ပြီးပြည့်စုံပြီး
( 50% ) တော့ ခရီးရောက်သွားပါလိမ့်မည်။
ကျန်ရှိ နေသော (50%)ဟာ
Verb အပိုင်ဖြစ်ပါတယ်။
Verb and Adverb အကြောင်းသာ ပိုင်နိုင်ထား
မယ်ဆိုရင် အင်္ဂလိပ်စာ ဝါကျ တစ်ကြောင်းကို
ဘယ်လိုတည်ဆောက်ရသလဲဆိုတာ ပိုပြီးနားလည်လာပါလိမ့်မည်။
အချုပ်အားဖြင့်
Noun ကို အထူးပြုသည့် Order ပုံစံသည်
Determiner + Adjective ( Classifier+Noun)
ဖြစ်ပါသည်။
Central Determiner + Noun
Pre-determiner+Central Determiner+Noun
Pre-D + Central-D + Post-D + Noun
Central -D + Post -D + Noun
(Central+Ordinal+Cardinal) + Noun
( Central+Ordinal+Quantifier)+ Noun
OSASCOMP + Noun
စသည့် ပုံစံများ၏ ဖွဲ့စည်းမှုများအား
Noun Phrase နာမ်စကားစု ဟု ခေါ်ပါသည်။
ထို နာမ်စကားစုများသည် Noun အရှေ့ကနေ
အထူးပြုသည့် အတွက် ( Pre Modifier )ဟု
ခေါ်ခြင်းဖြစ်ပါသည်။
ဤ သဘောတရားကို သိမှ ( Subject )ဆိုတာ
ဘာလဲလို့ သိမြင်နိုင်သည့် အစွမ်း တစ်ခုကို
သူ့အလိုလို ပိုင်ဆိုင်သွားပါလိမ့်မည်။
ဆယ်တန်းကျောင်းသား ဘဝက အတွေ့အကြုံများကို ဖော်ပြခြင်း ဖြစ်သည့်အတွက်
အမှားပါရင် ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။