Friday, December 12, 2025

G-12 English Textbook



G-12  English Textbook ဖိုင်ကို download ဆွဲပြီး လေ့လာကြည့်မိတာ Unit -1 ထဲက ဝါကျတစ်ကြောင်းနဲ့တင် စဉ်းစားတာ ခေါင်းကိုက်သွားပါတယ်။

ကျွန်တော် လေ့လာသုံးသပ်မိတဲ့ ဝါကျကတော့
အောက်ပါအတိုင်း ဖြစ်ပါတယ်။

I have an interview next week for the post of staff officer at the Ministry of International Cooperation.

ဒီ ဝါကျက ရှည်ပေမယ့် ရိုးရှင်းစွာ တည်ဆောက်ထားတယ်လို့ မြင်ပါတယ်။
ဒါပေမယ့် အတွင်းကောက်ပါတယ်။

ဝါကျတခုကို လေ့လာသုံးသပ်တော့မယ်ဆိုရင်

( ဝါကျတခုကို ထိန်းချုပ်ထားတဲ့ 
နောက်ကွယ်အလွှာကို အရင်စဉ်းစားပါ ) လို့ 
ဒီလိုမျိုး သင်ခဲ့ရဖူးပါတယ်။

နောက်ကွယ် အလွှာဆိုသည်မှာ
1. Eight parts of Speech +(Determiner)
2. Body structure of the Sentence 
3. Verb tense /( other usage) 
ဒီသုံးခုကို ပြောတာ ဖြစ်ပါတယ်။

1. Nine parts of Speech နှင့် ထိုဝါကျထဲက စကားလုံးတွေကို အရင် သုံးသပ်ကြည့်ရမယ်
ဆိုရင် ---

( I )က pronoun 
( have )က verb
( an )က Article Determiner ,( interview) noun ကို ကန့်သတ်ပြီး အထူးပြုထားတာ။

( next ) က( week ) noun ကို ကန့်သတ်ပြီး အထူးပြုထားတဲ့ Demonstrative Determiner 
အချိန်ကို ရည်ညွှန်းပြီး အထူးပြုထားတာ။

နာမ်ကို အထူးပြုသည့် စကားလုံးကို 
(နာမဝိသေသန - Adjective )လို့ ခေါ်ပါတယ်။

Adjective အကြောင်းသင်ရင် Determiner ကိုပါ ပူးတွဲပြီး လေ့လာသင်ယူရပါတယ်။
သူတို့ နှစ်ခုရဲ့( Order )ကို သိဖို့ လိုအပ်ပါတယ်။
သိနေမှ ( Noun phrase - နာမ် စကားစု )တခုကို
ဘယ်လို တည်ဆောက်ရသလဲ ဆိုတာ သိရှိနားလည်ပြီး အသုံးချတက်လာမှာပါ။။

( for ) က Preposition ဝိဘတ် စကားလုံး။
( the )က Determiner (post of staff officer)
noun phrase တစ်ခုလုံးကို အထူးပြုထားတာ။

( of ) က ပိုင်ဆိုင်မှုပြ( possessive )စကားလုံး၊
noun အစု နှစ်ခုကို ချိတ်ဆက်ပေးထားတာပါ။
Head noun ဖြစ်တဲ့ post က အစုသေးဖြစ်ပြီး staff officer က အစုကြီးဖြစ်ပါတယ်။ထို့ကြောင့် staff officer က post ကို ပိုင်ဆိုင်သော ( owner ) ဖြစ်ပါတယ်။သက်မဲ့ပိုင်ဆိုင်မှုကို ဖော်ပြရာ၌ Apostrophe ( ' ) သင်္ကေတ
အစား of ကိုသာ အသုံးပြုပါသည်။
ထိုစကားစု တစ်ခုလုံးကို 
( Prepositional Phrase ) ဝိဘတ်နောက်ဆက်စကားစု ( သို့ ) ကြိယာဝိသေသန ပုဒ်စု လို့ ခေါ်ပါတယ်။

( at )က Preposition ဝိဘတ် စကားလုံး။
( the )က Determiner 
( Ministry of International Cooperation ) ဆိုတဲ့ noun group တစ်ခုလုံကို (this/that )အစား အသုံးပြုထားတဲ့ Demonstrative Determiner 
ဖြစ်ပါတယ်။

Ministry နဲ့ International Cooperation ရဲ့ကြားက ( of )ဟာ ပိုင်ဆိုင်မှုပြ Apostrophe 
( 's) အစား အသုံးပြုထားတာ။သက်မဲ့ ပိုင်ဆိုင်မှု ဖြစ်လို့ of အသုံးပြုထားတာ။ဒါ့ကြောင့် Head noun ဖြစ်တဲ့( Ministry )က အစုအကြီးဖြစ်ပြီး( International Cooperation )က အစုကြီးရဲ့ပိုင်ဆိုင်မှုကိုပြတဲ့ အစုသေး ဖြစ်ပါတယ်။

2. Body structure of the Sentence အနေဖြင့်သုံးသပ်ရမယ်ဆိုရင် ---

I က Subject ( S )
have an interview next week for the post of staff officer at the Ministry of International Cooperation. 
( Predicate )လို့ ခေါ်သည့် ဝါစက အပိုင်း
ဖြစ်ပါတယ်။

Predicate ၏ အတွင်းကလီစာများကို ဖြည်ကြည့်ရရင်

have က Verb ( V )
an interview  က Object ( O )
next week က Time ( T ) အနာဂတ် ကာလပြ
အချိန်စကားစု

for the post of staff officer စကာစုက
for နောက်ဆက် Prepositional Phrase 
ရည်ရွယ်ချက် ( Purpose )ဖြင့် 
အကြောင်းပြစကားစု ( R )

at the Ministry of International Cooperation စကားစုက 
at နောက်ဆက် Prepositional Phrase 
နေရာပြ စကားစု ( P )

3 . Tense verb အချိန်ကာလ တစ်ခုအနေဖြင့်
have က(  present simple tense  )
သူ့ကို အထူးပြုထားတဲ့ Time က 
အနာဂတ် ကာလပြ စကားလုံး ( next week ) ကိုအသုံးပြုထားပါတယ်။
မနီးမဝေး အနာဂတ်ကာလမှာ ရှိတဲ့
( အစီအစဉ် )တွေကို ဖော်ပြချင်တဲ့ အခါမှာ အသုံးပြု‌လေ့ရှိပါတယ်။

အနာဂတ်မှာ ဖြစ်ပျက်မည့် အစီအစဉ်
သေချာပြီးသား (Fixed/Scheduled) အဖြစ်အပျက်တစ်ခုကို ရည်ညွှန်းဖော်ပြခြင်း ဖြစ်ပါတယ်။

အထက်ပါ သုံးသပ်ချက်များဟာ
ဝါကျတခုကို သူ့နောက်ကွယ်ကနေ ထိန်းချုပ်ထားသည့် အကြောင်းအရာ  သုံးခုဖြင့် သုံးသပ်ထားခြင်းဖြစ်ပါတယ်။

ထို့ကြောင့် ၎င်းဝါကျ၏ Body structure 
ဖွဲ့စည်းတည်‌ ဆောက်ပုံမှာ ( SVOCTRP )ဖြစ်ပါသည်။

Body structure of sentenceကို စသင်တုန်းက
အခြေခံအားဖြင့်
1. SVOC( PMTR ) ဖြစ်ပါတယ်။

ဝိသေသန ပုဒ်စုများကို ( Flexible Order ) အနေဖြင့် ပြုပြင်ပြီး ရေးသားနိုင်ပါတယ်။

2. SVOC ( MPTR ) နှင့်
3. SVOC ( T. R/M .P ) အစရှိသဖြင့် ‌ပြုပြင်ပြီး ရေးသားနိုင်ပါတယ်။

Body structure တွေ ဘယ်လို အလုပ် လုပ်သလဲဆိုတာ သိထားမယ်ဆိုရင် ဝါကျတခုကို အလွယ်တကူ တည်ဆောက်နိုင်ပါလိမ့်မယ်။
နောက်ပြီး လိုသလို ထိန်းချုပ်၍ ပြုပြင်ပြီး ရေးသားနိုင်ပါတယ်။

အဲ့ဒီလို ရေးသားနိုင်ဖို့ အတွက် 
( ကြိယာဝိသေသန ပုဒ်စု ) အကြောင်း ကောင်းကောင်းကြီး သိထားဖို့ လိုပါတယ်။

ကြိယာဝိသေသန များဟာ ဝါကျတခုကို (အရောင်၊အဆင်း၊အနံ့၊အရသာ၊အသံ )တွေ ထွက်ပေါ်စေပါတယ်။

ဝိသေသန ပုဒ်စု နှစ်မျိုး ရှိပါတယ်။
1. Adverbial နဲ့
2. Adjunct    ဖြစ်ပါတယ်။

သူတို့နှစ်ခုက တူသလိုလိုနဲ့ မတူကြပါဘူး။။

1. Adverbial  လေးမျိုး ရှိတယ်။
. Adverbial of Place 
. Adverbial of Manner 
. Adverbial of Time 
. Adverbial of Reason 

2. Adjunct လေးမျိုး ရှိတယ်။
. Adjunct of Place 
. Adjunct of Manner 
. Adjunct of Time 
. Adjunct of Reason 

Adverbial တွေက ကြိယာကို တိုက်ရိုက် အထူးပြုပါတယ်။ဝါကျတခုကို အသံ၊အနံ့၊အရသာတွေ ပြည့်စုံစေဖို့ အတွက် ( Colour )
တင်ပေးပါတယ်။

Adjunct တွေက အရောင်ထွက်လာတဲ့ ဝါကျကို
စကားအပို ထပ်ထည့်ခါ ပိုမိုပြီး ပြည့်စုံစေပါတယ်။
ဒါပေမယ့် သူ့တို့မပါလည်း ရပါတယ်။

ဝိသေသနပုဒ်စုများကို အသုံးပြုသည့် အခါ

Adverbial (၁) ခု သုံးရင် Adjunct (၂)ခုလိုက်
Adverbial (၂) ခု သုံးရင် Adjunct (၁)ခုလိုက်
ဒီလိုမျိုး သိရှိ နားလည် ထားတာ တစ်ခုတော့ရှိ‌နေပါတယ်။

အဓိက ဝါကျက ဘယ်ဟာလဲ။ထိုဝါကျကို မည်သည့်အရာက ဆက်ပြီး အထူးပြုထားသလဲဆိုတာ ခွဲခြားပြီး သိရှိနားလည်‌စေဖို့ အတွက်ပါ။

တကယ်လို့
ဝါကျစီးဆင်းမှု ( flow ) ကို ကြည့်ပြီး 
မည်သည့် ဝိသေသနပုဒ်စုကို မှ
ဖြုတ်လို့မရရင် ( Adverbial )လို့ မှတ်တဲ့။

ဥပမာ
I went to school yesterday.
S   V.         P.               T
ဒီဝါကျမှာ ဝိသေသနပုဒ်စု (၂)ခု ပါဝင်နေပါတယ်။ to school နဲ့ yesterday ဖြစ်ပါတယ်။
သူတို့ နှစ်ခုစလုံးကို ဖြုတ်လို့မရပါဘူး။
ကြိယာကို တိုက်ရိုက်အထူးပြုသည့် Adverbial များ ဖြစ်လို့ပါပဲ။
သူတို့နှစ်ခုကို ဖြုတ်လိုက်ရင် 
I went စကားလုံးနှစ်ခုဟာ
( Subject + Verb )ဖြစ်နေပေမယ့် 
ကာလာမဲ့နေသောကြောင့် အဓိပ္ပာယ် ပြည့်စုံတဲ့
ဝါကျ တစ်ခုလို့ ပြောဖို့ ခက်ပါတယ်။

ကြိယာ went ဟာ ရွေ့လျားမှုပြ စကားလုံးဖြစ်လို့ ( direction / location )ဖြစ်တဲ့ to school ကို ဖြုတ်လို့မရသလို ၊ ကြိယာဟာ အတိတ် ကာလပြ စကားလုံး V2 ဖြစ်လို့ yesterday ကိုပါ ဖြုတ်လို့မရပါဘူး။

ဝါကျစီးဆင်းမှု ( flow ) ကို ကြည့်ပြီး
မည်သည့် ဝိသေသနပုဒ်စုကိုမှ
ဖြုတ်လို့မရရင် ( Adverbial )လို့ မှတ်ဆိုတာ
ဒီလို သဘောတရားကို ဆိုလိုခြင်းပါ။

အထက်ပါ အကြောင်းအရာများနဲ့
G-12 Unit -1 ထဲက ဝါကျကို သုံးသပ်ကြည့်သောအခါ

I have an interview next week for the post of staff officer at the Ministry of International Cooperation.

ဒီဝါကျမှာ ဝိသေသန ပုဒ်စုက ( ၃ ) ခုတောင်ရှိနေပါတယ်။ဒါက စဉ်းစားစရာပါ။
1. next week ( T )
2. for the post of staff officer ( R )
3. at the Ministry of International Cooperation ( P )

အထက်ပါ ဝါကျကို တည်ဆောက်ပြရရင်-
( S + V )အနေဖြင့် ဝါကျကို အထိုင်စချပါမယ်။
I have.ငါ့မှာ ရှိတယ်။

ဝါကျတစ်ခု ဖြစ်နေပေမယ့် အဓိပ္ပာယ်က မပြည့်စုံသေးပါဘူး။ဒါ့ကြောင့် ကြိယာကို What ဖြင့် ပထမဆုံး မေးခွန်းထုတ်ကြည့်ရပါမယ်။
What?ဘာရှိတာလဲ။တခုခု ရှိလို့ ရနေပါတယ်။

Have ဟာ ( Transitive verb ) အမျိုးအစားအနေဖြင့် တည်ရှိနေသောကြောင့် ကံလိုကြိယာဟု သတ်မှတ်ရပါမယ်။သူ့နောက်မှာ မဖြစ်မနေ
ကံပုဒ် ( object )တစ်ခု ထည့်‌ပေးဖို့လိုပါတယ်။

I have an interview.
ငါ့မှာ အင်တာဗျူး တခုရှိတယ်။
( S.V.O ) pattern ကို အသုံးပြုထားပါတယ်။
အမှီအခိုကင်းတဲ့ ဝါကျတစ်ခု ဖြစ်သွားပါပြီ။

ဒါပေမယ့် အရောင်မဲ့ နေပါသေးတယ်။
ဒါကို ( Adverbial ) အသုံးပြု၍ အရောင်ထပ်တင်ပါတယ်။

(  I have an interview next week. )
လာမည့်အပတ်တွင် ငါမှာ အင်တာဗျူးတခုရှိတယ်။

ဒီဝါကျက  Main sentence လို ဖြစ်သွားပြီး

ကျန်တဲ့ ဝိသေသနပုဒ်စု( ၂ ) က 
ဒီဝါကျတစ်ခုလုံး၏ အဓိပ္ပာယ်ကို ပိုပြီးပြည့်စုံသွားအောင် ထပ်ပေါင်းထည့်ထားသည့် 
( more information ) များ ဖြစ်ပုံ ပေါ်‌ နေပါတယ်။သူ့တို့(၂)ခု မပါတဲ့ လက်ရှိ ဝါကျကိုက
အဓိပ္ပာယ် ပြည့်စုံနေတာမို့ပါ။

ဒီအတိုင်းသာဆိုရင် 
ထိုဝါကျ တည်ဆောက်ပုံဟာ
Main ဝါကျ+Adverbial (1)+Adjunct (2)
ဖြစ်ပါတယ်။

ဒါမှမဟုတ်

I ( have an interview. )
ငါ့မှာ အင်တာဗျူးတခု ရှိ‌တာ
When? ဘယ်အချိန်လဲ။
For what? ဘာ့အတွက်လဲ။ 
ဆိုပြီး

အချိန်ရဲ့အနောက်မှာ
ရည်ရွယ်ချက်( purpose )ဖြင့် အကြောင်းပြပြီး ( Adverbial )တစ်ခု ထပ်ထည့်ထားတာလား။

ဒီလိုဆိုရင် Main sentence မှာ
Adverbial ( ၂ )ခု ပါဝင်နေမှာပါ။

I have an interview next week for the post of staff officer.
အရာရှိဝန်ထမ်း နေရာအတွက် နောက်လာမည့်
အပတ်ထဲ အင်တာဗျူး ရှိတယ်။

နောက်လာမည့်အပတ်ထဲ အရာရှိဝန်ထမ်းနေရာအတွက် အင်တာဗျူးရှိတယ်။

အထက်ပါ ဝါကျက Main sentence လိုဖြစ်သွားမယ်ဆိုရင် ထိုဝါကျတစ်ခုလုံး ဖြစ်စဉ်ဟာ
Where? ဘယ်နေရာမှာ ဖြစ်သလဲ ဆိုတာ
ကျန်နေတဲ့ (at the Ministry of International Cooperation -အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန )က - Adjunct အနေဖြင့် စကားအပို( more information )
ထပ်ထည့်ထားပုံ ပေါ်ပေါက်နေပါလိမ့်မယ်။

ဥပမာ အနေဖြင့် ပြန်ပြင်ကြည့်ရမယ်ဆိုရင်
Next week, I have an interview for the post of staff officer. 
နောက်လာမည့် အပတ်မှာ အရာရှိဝန်ထမ်း ရာထူးအတွက် အင်တာဗျူး တခု ရှိတယ်။

နေရာပြပုဒ် မပါလည်း သူ့ချည်း အဓိပ္ပာယ်ရှိစွာ
ရပ်တည်နေနိုင်ပါတယ်။

ဒီလိုဆိုရင် ထိုဝါကျ ဖွဲ့စည်းပုံက
Main ဝါကျ+Adverbial (2)+Adjunct (1)
ဖြစ်မှာပါ။

ဒါမှမဟုတ်-
at the Ministry of International Cooperation စကားစုဟာ
ကြိယာ( have )၏ ရှိခြင်းကို တိုက်ရိုက် အထူးပြုသည့် ( Adverbial of Place )တစ်ခုလား။

ဟုတ်ပါတယ် လို့ သတ်မှတ်မယ်ဆိုရင်
၎င်းဝါကျတစ်ခုမှာ Adverbial သုံးခုပါဝင်နေပြီး၊ပြုပြင်ထားသော Main sentence တစ်ခု အနေဖြင့် ရပ်တည်နေပါလိမ့်မည်။

မိတ်ဆွေ သူငယ်ချင်းတို့ အနေနဲ့
ဘယ်လို မြင်ပါသလဲ။
1. ပြုပြင်ပြောင်းလဲထားတဲ့
Main sentence က ဘယ်ဟာလဲ။
၁. I have an interview next week.
၂. I have an interview next week for the post of staff officer.
၃. I have an interview next week for the post of staff officer at the Ministry of International Cooperation.

2. ဝါကျ အတွင်းမှာ ပါဝင်နေတဲ့ ကြိယာပုဒ်စု (၃)ခု၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ
၁ . Adverbial (၁)ခု နှင့် Adjunct ( ၂ )ခု
၂. Adverbial ( ၂ )ခု နှင့် Adjunct ( ၁ )ခု
၃. Adverbial ( ၃ )ခု
၄. Adjunct ( ၃ )ခု
ဘယ်ဟာ ဖြစ်နိုင်ပါသလဲ။

ကျွန်တော် စဉ်းစားကြည့်တာ အမျိုးမျိုး မြင်ပါတယ်။ခေါင်းကိုက်သွားတာလေး တစ်ခုက
နောက်ဆုံး ရလာဒ်ပါပဲ။