Thursday, September 29, 2016

ဖုန်းများအတွက် AntiVirus

Mobile Phone တွေမှာ ဆောင်ထားသင့်သည့်
Virus ရန်မှကာကွယ်ပေးတဲ့ အကြိုက်ဆုံး apk
လေးတွေကို ဖော်ပြပေးမယ်နော်။
၁။ Kaspersky Internet & Security
၂။ AVG AntiVirus
၃။ Avira AntiVirus
All of them,helps protect your smartphones and tablets, as well as any personal data stored on your devices, against dangerous mobile threats, viruses, spyware, Trojans etc.
Product features
► Scan and detect dangerous viruses, malware, spyware and Trojans
► Remove viruses and other threats from smartphones and tablets
► Protect your personal data and privacy: calls, SMS texts, contacts
► Keep financial data secure while surfing the Web
► Block unwanted phone calls and SMS texts
► Filter out dangerous links and sites – to protect your phone or tablet.
► Find your Android phone in case of theft or loss အစရှိသဖြင့် လုပ်ဆောင်ချက်တွေ
ကို လုပ်ဆောင်နိုင်ပါကြောင်း ဖော်ပြလိုက်ပြီနော်

Kaspersky

AVG AntiVirus

Avira


Monday, September 26, 2016

Opera browser ကိုအသုံးပြု၍ Fb video တွေ အလွယ်တကူ ဒေါင်းကြမယ်

Opera လို့အမည်ရတဲ့ web browser လေးဟာ
Facebook ပေါ်က video တွေကို ဒေါင်းရာမှာ
အလွယ်ကူဆုံး နဲ့ အရိုးရှင်းဆုံး ဒေါင်းလုပ်ဆွဲနိုင်
ခြင်းပါဘဲ။ ဒီBrowser လေးနဲ့ fb ရဲ့log in to
account ကိုသွားပြီး မိမိရဲ့ gmail နဲ့ password
ထည့်ပြီး log in ဝင်မယ်။မိမိရဲ ့page ထဲရောက်
ရင် video တစ်ခုကိုရှာပြီး လက်ကလေးနဲ့ ထောက်ကြည့်လိုက်ပါ။ Download ဆိုပြီးpop up boxလေးပေါ်လာမယ်။Down ကိုနှိပ့်ပြီးဒေါင်း
လိုက်ရုံပါဘဲ။ဒါမှမဟုတ် video အောက်ခြေဘား
လေးမှာ အသံ အတိုးအကျယ် /ဒေါင်းခလုပ်မျှား/
မြင်ကွင်း အကျယ်ချဲ့ ကရိယာများထဲက မျှာခလုပ် ကိုနှိပ့်၍ ဒေါင်းနိုင်ပါတယ်ဗျား။

( play store )

( pCloud )

{ MyVideoDownloader }for Fb Video

MyVideoDownloader ဆိုတဲ့
Fb video downloader apkလေးနဲ့မိတ်ဆက်ပါ
ရစေ။ဒီapk လေးကလည်းတစ်မျို းတစ်ဖုံကောင်း
နေတာမို ့Fbပေါ်ကဗွီဒီယိုတွေ ဒေါင်းချင်သူတွေ
အတွက် စိတ်ကြိုက်တွေ့စေမှာပါ။ပါဝင် ဖွဲ့စည်း
ထားတဲ့ chapter လေးတွေကိုကြည့်ရအောင်...
News feed ထဲက ဗွီဒီယိုတွေ
My Videos ကဏ္႑ထဲမှာတော့ 
- like ပေးဘူးတဲ့ဗွီဒီယိုတွေ
- shared ထားဘူးတဲ့ ဗွီဒီယိုတွေ
- Tagged ထားဘူးတဲ့ ဗွီဒီယိုတွေ
- save ထားသမျှ ဗွီဒီယိုတွေ
- on my timeline ထဲက ဗွီဒီယိုတွေကို ပြန်ရှာပြီး ဒေါင်းနိုင်သလို မိမိ friends များ/joinထားသမျှ Groups များ pages များ နှင့်
search box ထဲမှလည်း အလိုရှိသလို ရှာဖွေ၍
ဒေါင်းနိုင်ပါသည်။ တစ်ခုတော့ သတိပေးပါရစေ
Android 4.4+ အထက်ဖုန်းတွေမှာ ဒီ apkလေး
ကို uninstall မပြုလုပ်မှီ မိမိဒေါင်းထားဘူးသမျှ
ဗွီဒီယို ဖိုင်များကို external sd card ထဲသို့ Move လုပ်၍ ရွေ့ထားရပါမည်။ Move မလုပ်မိပါ
က (Delete) ပျက်သွားပါလိမ့်မည်။
စိတ်ဝင်စားတယ် ဆိုပါက.....
DOWNLOAD HERE--------
Take a look at "MyVideoDownloader for Facebook"

Gplay store

pcloud

{SVD} FB Video Downloader

SVD လို့အမည်နာမ ရှိတဲ့ ဖွဘုတ် ဗီဒီယို downloader လေးနဲ့မိတ်ဆက် ပါရစေလား။
ဒီ SVD Apk လေးကိုအကြိုက်တွေ့စေမှာပါ။
video ဒေါင်းနိုင်တဲ့ အခန်းကဏ္႑ chapter ဆယ်ခုပါဝင်ဖွဲ့စည်းထားပါတယ်။
မိမိရဲ့Newsfeed ထဲက ဗွီဒီယိုတွေ
Timeline video တွေ / Tagged လုပ်ထားတဲ့
video တွေ / Uploaded ထားတဲ့video တွေ /
Save ထားတဲ့ video တွေ / Browser Mode
ထဲဝင်ပြီး menuမှတဆင့် မိမိsaveထားသမျှ videoတွေကို ရွေးချယ် ဒေါင်းနိုင်ခြင်း အပြင် /
Group ထဲကvideo တွေ/Friendsများအားလုံးရဲ့
တင်ထားသမျှ video တွေကို ရှာဖွေဒေါင်း
နိုင်သလို / Page ဆိုဒ်များမှ တင်ထားသမျှ
video တွေ နှင့် Funny and Crazy video တွေ
ကို စိတ်ကြိုက် ဝင်ရောက်ရွေးချယ်ပြီးDownload
ဆွဲချနိုင်ပါတယ်ဗျား။
မိတ်ဆွေစိတ်ဝင်စားပါတယ် ဆိုရင်တော့ File size 5.2MB
Download Here----------
Take a look at "Video Downloader for Facebook"

https://play.google.com/store/apps/details?id=com.xcs.fbvideos
            ( 0r )
DOWNLOAD HERE


Facebook video Downloaderများ အကြောင်း

How to Save Facebook Video
အထက်ပါ အကြောင်းအရာကို ရှင်းလင်းပြသထားမှု့အား သိလိုလျှင် အောက်ပါပုံများတွင် ကြည့်ရှု့လေ့လာနိုင်ငပါသည်။အဆိုပါ apk လေးအတွင်းမှာ Download link များ ပါဝင်သဖြင့် official application များကို တိုက် ရိုက်
ဒေါင်းချင် သူများအတွက်

Download here

Download Here.

Friday, September 23, 2016

{ကှေးဇူးတောရှှငှ မိုးကုတဆှရာတောဘှုရားကှီး၏ ပဋိဈစသမုပပှါဒှ စကှ၀ိုငှးဒသနော လညပှတပှုံ

၁။ မူလနှစ်ဖြာ
(၁) အဝိဇ္ဇာ - သစ္စာမသိမှု
(၂) တဏှာ - လိုချင် နှစ်သက်မှု
၂။ သစ္စာနှစ်ခု
(၁) သမုဒယသစ္စာ - စွဲလန်းကြောင်း အမှန်
(၂) ဒုက္ခသစ္စာ - စက်ဆုတ်စရာ၊ အသုံးမကျကြောင်း အမှန်
၃။ လေးခုအလွှာ
(၁) အတိတ်အကြောင်း - ယခင်က ပြုခဲ့သော ကံ
(၂) ပစ္စုပ္ပန်အကျိုး - ယခု ရရှိနေသော ဘဝ
(၃) ပစ္စုပ္ပန်အကြောင်း - ယခု အသစ်ထပ်မံပြုလုပ်သောကံ
(၄) အနာဂတ်အကျိုး - နောင်တစ်ချိန်တွင်ရရှိမည့် ဘဝ
၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး
(၁) အဝိဇ္ဇာ - သစ္စာမသိမှု
(၂) သင်္ခါရ - ပြုလုပ်ခြင်း (ကာယသင်္ခါယ၊ ဝဇီသင်္ခါယ၊ စိတ္တသင်္ခါယ) (အတိတ်ကံ)
(၃) ဝိဉာဏ် - မြင်စိတ်၊ ကြားစိတ်၊ စသော ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ 
  (တစ်နည်း) ပဋိသနေ္ဓ စိတ်။
(၄) နာမ်ရုပ် - နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်စသောနာမ်(ဓါတ်-၈ပါး/ နဝကလာပ်-၉ပါး)၊ 
  (နာမ်တရားဆိုတာ စေတသိတ်တွေ (ဝိဉာဏ်နဲ့ တွဲဖြစ်တယ်)
  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး)(ရုပ်တရားဆိုတာ နာမ်တရားတွေ မှီတွယ်ဖို့)
(၅) သဠာယတန - မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။
(၆) ဖဿ - မျက်စိနှင့် အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊ စသော 
  အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။
(၇) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 
  သောမနဿ၊ ဒေါမနဿ စသော ခံစားချက်များ။
(၈) တဏှာ - လိုချင် နှစ်သက်မှု
(၉) ဥပါဒါန် - စွဲလန်းမှု (ကြွက်ကလေးကို ကြောင်က မလွတ်တမ်း ကိုက်ထားတဲ့သဘော)
(၁၀) ကမ္ပဘဝ - စေတသိတ်တို့၏ တိုက်တွန်းမှုကြောင့် ပြုလုပ် အားထုတ်ခြင်း
(၁၁) ဇာတိ(ဥပ္ပတ္တိဘဝ) - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 
(ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။ (တစ်နည်း)   
ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ကွဲပြားရသော ဘဝများ )
(၁၂) ဇရာ၊ မရဏ - အိုမင်းလာခြင်း။ သေဆုံးခြင်း။
၅။ သုံးပါးအစပ်
(၁) သင်္ခါရ နှင့် ဝိညာဏ် - အတိတ်ကပြုခဲ့သော ကံသင်္ခါရကြောင့် ယခုရရှိထားသော ဝိဉာဏ် ဖြစ်ရသည်။
(၂) ဝေဒနာ နှင့် တဏှာ - ယခုရရှိထားသော ဝေဒနာအပေါ်၌ နှစ်သက်စွဲလန်းမှု ဖြစ်ရသည်။
(၃) ကမ္မဘဝ နှင့် ဇာတိ - ယခုပြုလုပ်သော ကံကြောင့် နောင်အခါ ရရှိမည့် ဘဝ၏အစ။
၆။ ဝဋ် သုံးဝနှင့်
(၁) ကမ္မဝဋ်(၂)ပါး - အကြောင်းပြုလုပ်ခြင်းကြောင့် သံသရာ၌ လှည့်ပတ်ရခြင်း။
(က) သင်္ခါရ - အတိတ်ကပြုလုပ် ခဲ့သော ကုသိုလ်၊ အကုသိုလ်။
(ခ) ကမ္မဘဝ - ယခုကြုံတွေ့ရသော လောကဓံများအပေါ်တွင် ပြန်လည်တုံ့ပြန်သော ကုသိုလ်၊ အကုသိုလ်။
(၂) ဝိပါကဝဋ် (၈)ပါး - အကျိုးရရှိခံစား ရင်း သံသရာ၌လှည့်ပတ်ခြင်း။
(က) ဝိညာဏ် - အတိတ်ကံကြောင့်အာရုံဒွါရ တိုက်ခြင်းမှ ရရှိသော မြင်စိတ်၊ ကြားစိတ်၊ စသော 
  ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ (တစ်နည်း) ပရိသနေ္ဓ စိတ်။
(ခ) နာမ်ရုပ် - အတိတ်ကံကြောင့် ရရှိသော -
  နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်စသော နာမ်(ဓါတ်-၈ပါး)၊ 
  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး+ နဝကလာပ်= ၉ပါး)
(ဂ) သဠာယတန - အတိတ်ကံကြောင့် ရရှိသော မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။
(ဃ) ဖဿ - အတိတ်ကံကြောင့် ရရှိသော မျက်စိနှင့်အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊စသော 
   အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။
(င) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 
   သောမနဿ၊ ဒေါမနဿ စသော ခံစားချက်များ။
(စ) ဇာတိ - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 
(ဆ) ဥပ္ပတ္တိဘဝ - ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။
(ဇ) ဇရာ ၊ မရဏ - အိုမင်းလာခြင်း၊ သေဆုံးခြင်း။
(၃)ကိလေသဝဋ်(၃)ပါး
(စ) တဏှာ - နှစ်သက်မှု၊ လိုချင်မှု
(ဆ) ဥပါဒါန် - စွဲလန်းမှု
(ဇ) အဝိဇ္ဖာ - မသိမှု
၇။ ကာလ(၃)ဖြာ
(၁) လွန်လေပြီးသော အတိတ်ကာလ 
(၂) ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ
(၃) နောက်ဖြစ်လတ္တံ့သော အနာဂါတ်ကာလ
၈။ ခြင်းရာ နှစ်ဆယ်
အတိတ်အကြောင်းချင်းရာ(၅)ပါး
(က) အဝိဇ္ဇာ 
(ခ) သင်္ခါရ 
(ဂ) တဏှာ 
(ဃ) ဥပါဒါန်
(င) ဘဝ
ပစ္စုပ္ပန်အကျိုးခြင်းရာ(၅)ပါး
(က) ဝိညာဏ် 
(ခ) နာမ်ရုပ်
(ဂ) သဠာယတန 
(ဃ) ဖဿ 
(င) ဝေဒနာ
ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး
(က) တဏှာ
(ခ) ဥပါဒါန် 
(ဂ)ကမ္မ္ပဘဝ
(ဃ) အဝိဇ္ဇာ 
(င) သင်္ခါရ
အနာဂါတ်အကျိုးအခြင်းအရာ(၅)ပါး
(က) ဝိညာဏ် 
(ခ) နာမ်ရုပ်
(ဂ) သဠာယတန 
(ဃ) ဖဿ 
(င) ဝေဒနာ
အဝိဇ္ဇာနှင့် တဏှာ အရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး ၊ မျိုးမှအပင်၊ 
အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့် ကံ၊ အဖန်ဖန် ပြန်နည်း အလျှော်၊ ဗြဟ္မာ - သိကြား စသည်များက ထင်ရှားပြုပြင် ၊စီရင် ဖန်ဆင်း၊ အကြောင်းရင်းကြောင့် လူနတ် များစွာ ၊ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟု ဉာဏ်ဖြင့် ရှု ၍မျှော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝိဘင်္ဂသုတ် 
________
မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်။
မြတ်စွာဘုရားသည် သာဝတၳိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ သင်တို့အား အကြောင်းကြောင့် ဖြစ်သော ‘ပဋိစ္စသမုပ္ပါဒ်’ တရားကို ခွဲခြားဝေဖန်၍ ဟောကြားအံ့၊ ထိုပဋိစ္စသမုပ္ပါဒ်တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏။ ”ကောင်းပါပြီ အသျှင်ဘုရား”ဟူ၍ ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရား စကားကို ဟောတော်မူ၏-
ရဟန်းတို့ ‘ပဋိစ္စသမုပ္ပါဒ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏၊ သိမှု ‘ဝိညာဏ်’ အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး ဖြစ်ရ၏၊ တည်ရာ ‘အာယတန’ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်ရ၏၊ တွေ့ထိမှု ‘ဖဿ’ အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ရ၏၊ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ရ၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသနေ္ဓနေမှု ‘ဇာတိ’ ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ ဖြစ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲဲအစု ဖြစ်ပွား၏။
ရဟန်းတို့ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အိုမင်းခြင်း အိုမင်းသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ယုတ်လျော့ခြင်း ဣနြေ္ဒတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုမှု ‘ဇရာ’ဟု ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း့သေခြင်း ဘဝအဆုံးပြုခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရား ကို သေမှု ‘မရဏ’ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤကား အိုမှု ‘ဇရာ’တည်း၊ ဤကား သေမှု ‘မရဏ’တည်း၊ ရဟန်းတို့ ဤသဘောတရားကို ”ဇရာမရဏ”ဟု ဆိုအပ်၏။
ရဟန်းတို့ ပဋိသနေ္ဓနေမှု ‘ဇာတိ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ် လာခြင်း အပြည့်အစုံဖြစ်ပေါ်လာခြင်း အမိဝမ်းသို့ ဝင်ရောက်ခြင်း ထင်ရှားဖြစ်ပေါ်ခြင်း ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း တည်ရာအာယတနတို့ကို ရခြင်းဟူသော ဤသဘောတရားကို ”ဇာတိ”ဟု ဆိုအပ်၏။
ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝတို့သည် ကာမဘဝ, ရူပဘဝ, အရူပဘဝ ဤသုံးပါးတို့တည်း။ ဤတရားသုံးပါးကို ”ဘဝ”ဟု ဆိုအပ်၏။
ရဟန်းတို့ ပြင်းစွာ စွဲဲလမ်းမှု ‘ဥပါဒါန်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲဲလမ်းမှု ‘ဥပါဒါန်’တို့သည် ကာမတို့ကို ပြင်းစွာ စွဲဲလမ်းမှု ကာမုပါဒါန်၊ အယူကို ပြင်းစွာ စွဲဲလမ်းမှု ဒိဋ္ဌုပါဒါန်၊ အလေ့ အကျင့်ကို ပြင်းစွာ စွဲဲလမ်းမှု သီလဗ္ဗတုပါဒါန်၊ အတ္တကို ပြင်းစွာ စွဲဲလမ်းမှု အတ္တဝါဒုပါဒါန် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးကို ပြင်းစွာ စွဲဲလမ်းမှု ”ဥပါဒါန်”ဟု ဆိုအပ်၏။
ရဟန်းတို့ တပ်မက်မှု ”တဏှာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာအပေါင်းတို့သည် အဆင်းကို တပ်မက်မှု ရူပတဏှာ၊ အသံကို တပ်မက်မှု သဒ္ဒတဏှာ၊ အနံ့ကို တပ်မက်မှု ဂန္ဓတဏှာ၊ အရသာကို တပ်မက်မှု ရသတဏှာ၊ အတွေ့ကို တပ်မက်မှု ဖောဋ္ဌဗ္ဗတဏှာ၊ သဘောကို တပ်မက်မှု ဓမ္မတဏှာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တပ်မက်မှု ”တဏှာ”ဟု ဆိုအပ်၏။
ရဟန်းတို့ ခံစားမှု ”ဝေဒနာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် မျက်စိ အတွေ့ကြောင့်ဖြစ်သော ခံစားမှု စက္ခုသမ္ဖဿဇာဝေဒနာ၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု သောတ သမ္ဖဿဇာဝေဒနာ၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ဃာနသမ္ဖဿဇာဝေဒနာ၊ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှု ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ကာယသမ္ဖဿဇာဝေဒနာ၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု မနောသမ္ဖဿဇာဝေဒနာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤ တရားခြောက်ပါးကို ခံစားမှု ”ဝေဒနာ”ဟု ဆိုအပ်၏။
ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဖဿအပေါင်းတို့သည် မျက်စိဖြင့် တွေ့ထိမှု စက္ခုသမ္ဖဿ၊ နားဖြင့် တွေ့ထိမှု သောတသမ္ဖဿ၊ နှာခေါင်းဖြင့် တွေ့ထိမှု ဃာနသမ္ဖဿ၊ လျှာဖြင့် တွေ့ထိမှု ဇိဝှါသမ္ဖဿ၊ ကိုယ်ဖြင့် တွေ့ထိမှု ကာယသမ္ဖဿ၊ စိတ်ဖြင့် တွေ့ထိမှု မနောသမ္ဖဿ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို ထိတွေ့မှု ”ဖဿ”ဟု ဆိုအပ်၏။
ရဟန်းတို့ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ မျက်စိ ဟူသော တည်ရာ စက္ခာယတန၊ နားဟူသော တည်ရာ သောတာယတန၊ နှာခေါင်းဟူသော တည်ရာ ဃာနာယတန၊ လျှာဟူသော တည်ရာ ဇိဝှါယတန၊ ကိုယ်ဟူသော တည်ရာ ကာယာယတန၊ စိတ်ဟူသော တည်ရာ မနာယတန ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တည်ရာ ”အာယတန” ခြောက်ပါးဟု ဆိုအပ်၏။
ရဟန်းတို့ နာမ်ရုပ်ဟူသည် အဘယ်နည်း။ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော်မှု စေတနာ၊ တွေ့ထိမှု ဖဿ၊ နှလုံးသွင်းမှု မနသိကာရ ဤတရားကို နာမ်ဟု ဆိုအပ်၏။ မဟာဘုတ် လေးပါးတို့လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ရုပ်လည်းကောင်း ဤတရားကို ရုပ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်ကား နာမ်တည်း၊ ဤသည်ကား ရုပ်တည်း၊ ဤသဘောတရားကို နာမ်ရုပ်ဟု ဆိုအပ်၏။
ရဟန်းတို့ သိမှု ‘ဝိညာဏ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှုဝိညာဏ်အပေါင်းတို့သည် မျက်စိကို မှီ၍ သိမှု စက္ခုဝိညာဏ်၊ နားကို မှီ၍ သိမှု သောတဝိညာဏ်၊ နှာခေါင်းကို မှီ၍ သိမှု ဃာန ဝိညာဏ်၊့လျှာကို မှီ၍ သိမှု ဇိဝှါဝိညာဏ်၊ ကိုယ်ကို မှီ၍ သိမှု ကာယဝိညာဏ်၊ စိတ်ကို မှီ၍ သိမှု မနော ဝိညာဏ် ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို သိမှု ”ဝိညာဏ်”ဟု ဆိုအပ်၏။
ရဟန်းတို့ ပြုစီရင်မှု ”သင်္ခါရ”တို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ကာယသင်္ခါရ၊ နှုတ်ဖြင့် ပြုစီရင်မှု ဝစီသင်္ခါရ၊ စိတ်ဖြင့် ပြုစီရင်မှု စိတ္တသင်္ခါရ ဤသုံးပါးတို့ တည်း။ ရဟန်းတို့ ဤတရားသုံးပါးကို ပြုစီရင်မှု ”သခ ၤါရ”တို့ဟု ဆိုအပ်ကုန်၏။
ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဆင်းရဲဲ၌ မသိမှု၊ ဆင်းရဲဖြစ်ပေါ် ကြောင်း၌ မသိမှု၊ ဆင်းရဲဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှုတည်း။ ရဟန်းတို့ ဤတရားကို မသိမှု ”အဝိဇ္ဇာ”ဟု ဆိုအပ်၏။
ရဟန်းတို့ ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကြရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲဲအစု ဖြစ်ပွားရ၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု (ဟောတော်မူ၏)။
(သံယုတ္တနိကာယ်၊ နိဒါနဝဂ်)
___________________________________________________
ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ တရားကို အလွယ်တကူ နားလည်သဘောပေါက်ကြစေရန်။
☘☘☘☘☘☘☘☘☘☘☘☘☘
(လင်္ကာဆောင်ပုဒ် ၁ )
အ၀ိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန်ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာသိကြား  
စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်းအကြောင်းရင်းကြောင့် လူနတ်များစွာ၊ သတ္တဝါတို့ ဖြစ်လာရမှု၊ မဟုတ်ဟု ဉာဏ်ဖြင့် ရှု၍မျှော်။
လူနတ်ဗြဟ္မာ၊ သတ္တဝါများသည် မသိမှု အ၀ိဇ္ဇာ အကြောင်းခံကြပြီးလျှင် 
လိုချင်မှု တဏှာစွဲလမ်းမှု ဥပါဒါန်၊ ပြုလုပ်အားထုတ်မှုကံ ဆိုတဲ့ အကြောင်း
အရာ ငါးပါးကို ကြိုးစားမိခဲ့ကြသောကြောင့် ရုပ်နာမ်နှစ်ပါး ဖြစ်ပေါ်ရရှိ
ကြရပါသည်။
             ဥပမာအားဖြင့် ပြောရပါလျှင် အပင်အမျိုးမျိုးမှ မျိုးစေ့ အသွယ်သွယ် ကျရောက်ပေါက်ပွားကြသောအခါ၊ ၄င်းမျိုးစေ့ အသွယ်သွယ်မှ အပင်အမျိုးမျိုး
ကို တစ်ဖန်ပေါက်ရောက်စေကြပြန်သဖြင့် အပင်နှင့်မျိုး၊ မျိုးနှင့်အပင်များဟာ အမျှင်မပြတ်၊ တရစပ် ဆက်ခါဆက်ခါပေါက်ရောက်စည်ကား ကြီးပွားနေကြ
သလို.......
           ထို့အတူသာလျှင် ကံဆိုသော အကြောင်းတရားကြောင့် နာမ်ရုပ်တွေ ဖြစ်လိုက်ကြနာမ်ရုပ်ပေါ်မှာ ဖြစ်ပျက်မမြင်သောကြောင့် ကံဆိုသော အကြောင်းတရားတွေ ပြန်ကြိုးစားလိုက်ကြနှင့် သုံးဆယ့်တစ်ဘုံဆိုသော သံသရာကြီးထဲမှာ ကံနှင့်နာမ်ရုပ်တွေဟာ အမျှင်မပြတ်ဆက်ခါဆက်ခါဖြစ်ပွားလျက် နေကြပါသည်။
          လူနတ်ဗြဟ္မာ သတ္တဝါတွေ သုံးဆယ့်တစ်ဘုံမှာ ဖြစ်ကြရတာဟာ သိကြားဗြဟ္မာ၊ ထာ၀ရဘုရား စသည်များက ဖန်ဆင်းလို့ ဖြစ်ကြရတာ မဟုတ်ပါဘူး၊ အကြောင်းကမ္မ တရားတွေကြောင့်အကျိုး၀ိပါက 
တရားတွေ ဖြစ်ပေါ်လာရတာပါပဲဟု ဉာဏ်ဖြင့် သိရမည် ဆိုလိုပါသည်။ ။
(လင်္ကာဆောင်ပုဒ် ၂ )
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊တရားကိုယ်
များနှင့် သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ၀ဋ်သုံး၀နှင့်၊ ကာလသုံးဖြာ၊ ခြင်းရာ
နှစ်ဆယ်၊ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊  
သံသရာမှလွတ်ကြောင်းတည်း။
၁။ မူလနှစ်ဖြာ == အ၀ိဇ္ဇာ၊ တဏှာ။
၂။ သစ္စာနှစ်ခု ==သမုဒယသစ္စာ၊ ဒုက္ခသစ္စာ။
၃။ လေးခုအလွှာ ==အတိတ်အကြောင်းတစ်လွှာ၊ ပစ္စုပ္ပန်အကျိုးတစ်လွှာ။
                                  ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊ အနာဂတ်အကျိုးတစ်လွှာ။
၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး ==အ၀ိဇ္ဇာ၊ သင်္ခါရ၊ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ၊ ေ၀ဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀၊ ဇာတိ၊ ဇရာမရဏ။
၅။ သုံးပါးအစပ် ==သင်္ခါရနှင့် ၀ိညာဏ်တစ်စပ်၊ 
                                 (အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတစ်စပ်)
ေ၀ဒနာနှင့် တဏှာတစ်စပ်၊    
(ပစ္စုပ္ပန်အကျိုးနှင့်ပစ္စုပ္ပန်အကြောင်း၊ သို့မဟုတ် အနာဂတ်ဖြစ်ကြောင်းတစ်စပ်)
                                 
ကမ္မဘ၀နှင့် ဇာတိတစ်စပ်၊    
(ပစ္စုပ္ပန်အကြောင်းသို့မဟုတ်အနာဂတ် ဖြစ်ကြောင်းနှင့်အနာဂတ်အကျိုးတစ်စပ်) 
၆။ ၀ဋ်သုံး၀နှင့် ==ကိလေသာ၀ဋ်သုံးပါး (အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်)
                                   ကမ္မ၀ဋ်နှစ်ပါး (သင်္ခါရ၊ ကမ္မဘ၀)
                                   ၀ိပါက၀ဋ်ရှစ်ပါး(၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ 
                                   ေ၀ဒနာ၊ ဇာတိ၊ ဇရာ မရဏ၊ ဥပပတ္တိဘ၀)
ရ။ကာလသုံးဖြာ ==လွန်လေပြီးသော အတိတ်ကာလ၊
                                   ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊
                                   နောင်ဖြစ်လတ္တံ ့သော အနာဂတ်ကာလ။
၈။ ခြင်းရာနှစ်ဆယ် ==အတိတ် အကြောင်းအခြင်းအရာ ငါးပါး၊
                                   (အ၀ိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀)
                                   ပစ္စုပ္ပန် အကျိုး အခြင်းအရာငါးပါး၊
                                   (၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ေ၀ဒနာ)
                                    ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါး၊
                                    (တဏှာ၊ဥပါဒါန်၊ ဘ၀၊ အ၀ိဇ္ဇာ၊ သင်္ခါရ)
                                    အနာဂတ်အကျိုး အခြင်းအရာငါးပါး၊
                                    (၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ေ၀ဒနာ)
    ဤရှစ်သွယ် ==အမှတ်စဉ်(၁)မှ အမှတ်စဉ်(၈)ထိ။
.
{ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်၀ိုင်းဒေသနာ လည်ပုံပြတ်ပုံနှင့် ဇနိတာရာမကျောင်းတိုက်ဆရာတော်၏ 
ပဋိစ္စသမုပ္ပါဒ် စက်၀ိုင်းဒေသနာ အမေးနှင့်အဖြေတို့မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်၊}

နေတက်ဖို ့ထက် သေတက်ဖို ့က ပိုအရေးကြီးသည်

သေနည်း။
မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စၦာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။
မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ်သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။ စိတ်ကို ရှင်းရှင်းထား အားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။
သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက်တစ်ဘဝ အတွက် အကျိုးပေး သဖြင့် ဘဝကူး အတွက် အလွန် အရေးကြီး သည် ။ သေခါ နီး ကာလ ဆိုတာ ကိုယ်အား နှုတ်အား တွေ လျော့ ပါး နေတဲ့ အတွက် ကာယကံ မှု ၊ ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရမည် ။ မနောကံ အလုပ် ၊ စိတ်ထဲက နှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။ သေခါ နီး ဆိုတာ များများ မလုပ်နိုင်တော့ ဘူး ။ လုပ်သလောက်ဟာကလေး တိတိကျကျ မိမိရရ ရှိဖို့ အရေး ကြီးပေသည် ။
ဒီဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ်ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံး ချုပ်မယ့် ပုံစံကို တိတိကျကျ ရေးဆွဲ ထားရမည် ။ ဘယ် အသက် အရွယ်မှာ ၊ ဘယ် အနာ ရောဂါ နှင့် ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမည် ဆိုတာ ဘယ်သူမှ ကြိုတင် မသိ နိုင်တဲ့ အတွက် သေနည်းကို ကြိုတင် လေ့ကျင့် ထားဖို့ လိုသည် ။ ညစဉ် အိပ်ယာ ဝင်တိုင်း တကယ်သေခါ နီး အချိန်လို့ သဘောထား ပြီး အစမ်းလေ့ကျင့် ထားဖို့ လိုသည် ။ အလေ့ အထ ဖြစ်အောင် ၊ ခိုင်မာ အောင် မကြာ ခဏ အာရုံပြု လေ့ကျင့် ထားရမည် ။ မိမိ စိတ် အာရုံတွင် နှစ်သက် ကြည်လင် မှုရှိတဲ့ နည်းတစ်မျိုးမျိုး ကို ထပ်ကာ ထပ်ကာ မီးထိုး ပေးနေရမည် ။ တဖန် တလဲလဲ လေ့ကျင့်နေရမည် ။ သေနည်း ငါးမျိုး အနက် ကြိုက် နှစ်သက်ရာ တစ်မျိုး ကို ရွေးချယ်ပြီး သေမင်းကို မကြောက် မရွံ ရင်ဆိုင် နိုင်အောင် အသင့် ပြသ်ထား ရမည် ။
သေနည်း ငါးမျိုး
၁။ သရဏဂုံနှင့် ဘဝ ကူး နည်း ။
၂။ ဒါန နှင့် ဘဝ ကူး နည်း ။
၃။ သီလ နှင့် ဘဝ ကူး နည်း ။
၄။ သမထ နှင့် ဘဝ ကူး နည်း ။
၅။ ဝိပဿနာ နှင့် ဘဝ ကူး နည်း ။
သရဏဂုံ နှင့် ဘဝ ကူး နည်း ။
*********************
သရဏဂုံ တည်ဆောက် ပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။ အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့် နေသွားပါ ။သေခါ နီးမှာ
ဗုဒ္ဒံသရဏံ ဂစၦာမိ ( မြတ်စွာ ဘုရား ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
ဓမ္မံ သရဏ ဂစၦာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
သံဃံ သရဏံ ဂစၦာမိ ( သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
လို့ အဓိပာယ် ပါ အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။ သရဏဂုံ နှင့် ဘဝ ကူး ရင် ကောင်းရာ သုဂတိ ရောက်သည် ။
ဒါန နှင့် ဘဝ ကူးနည်း
++++++++++++
ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေကျပ်ဆုံး ၊ အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ ။
ပီတိ အားကောင်းမှ အကျိုးပေး ထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု ကို ခုလောလောဆယ် လှူ နေရသလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်း ဖြစ်နေ စဉ် အလှူ ဒါန ပြုပြီး ပြုခဲ့ သော အလှူဒါနကို နှလုံးသွင်း ပီတိ ဖြစ်သည် အထိ အားရုံ ပြု ပွားများ၍ လည်း ရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်း ဆင်ခြင် ရပါမည် ။
မိမိ လှူ ထားသော အဆောက် အဦး ၊ လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။ မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။
သီလနှင့် ဘဝ ကူးနည်း
****************
နေ့ စဉ် ပုံမှန် ငါးပါး သီလ ခံယူပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ သေခါ နီး သံယောဇဉ် ဖြတ်ပြီး စိတ်ကို ငြိမ်အောင် ထားပါ ။ မိမိ သီလကို နှလုံးသွင်းပြီး သီလ နုဿတိ ဖြစ်နေ အောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ ။ သေခါ နီး တွင် လည်း ဘုရား အာရုံ ပြုပြီး ငါးပါး သီလ ခံယူ ပါ ။ အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံ ပြုပါ ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
သမထ နှင့် ဘဝ ကူး နည်း
xxxxxxxxxxxxxxxxxx
သမထ ဆိုတာ တစ်ခုကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ်ကို ဟို သည် မပျံ ့ လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။ သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။ သေခါ နီး သူ သည် အများ အပြား မလုပ်နိုင်တော့ သဖြင့် တိုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြု ပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း - အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊ လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံး သွင်း ပွားများရပါ မည် ။ မေတ္တာ ဘာဝနာ ပွား များနည်း - သတ္တဝါ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေ နှလုံးသွင်း ပွားများရ ပါမည် ။
ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများ နည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကို ကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံပြုပါ ။ ကောင်းရာ သုဂတိ ရောက်သည် ။
ဝိပဿနာ နှင့် ဘဝ ကူးနည်း
++++++++++++++++
ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ ကိုယ် အမှု အရာ ဘာပဲ ပြုပြု - ပြုနေစဉ် ၊ စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် - ဖြစ်နေစဉ် ၊ နေ့ စဉ် တိုင်း နေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွား ရန် ဖြစ်သည် ။ ရုပ် နာမ် တရား တို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့် အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများ အားထုတ်ခြင်း ဖြစ်သည် ။ ဝိပဿနာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်း နာခံပြီး စနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿနာ အားထုတ် ရမည် ။ အိမ် မှာလည်း နေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ ဝိ ပဿနာ ကို နှလုံး သွင် ပြီး ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
( မိုးကုတ် ဆရာတော်ဘုရား ကြီး ၏ ဝေဒနာ ကုန်ပျောက် နိဗာန် ပေါက် တရား တော်မှ ဝိ ပဿနာ နှင့် ဘဝ ကူး နည်း ကို အကျဉ်းချုပ် ကောက် နှုတ် ဖော် ပြ ပါမည် ။ ဘုရား ရှင်က သေနည်း ၆=မျိုး ဟော ကြား ထားပါသည် ။ ပုထုဇဉ် တို့၏ သေ နည်း က ၃-မျိုး ၊ သောတာပန်- သကဒါဂါမ် ၊ အနာဂါမ် တို့ သေနည်းက ၃-မျိုး ပေါင်း -၆-မျိုး ရှိပါသည် ။ အဲဒီ အထဲက မှ ဆရာတော် ကြီး ဟော ကြားထား သော ပုထုဇဉ် တို့ အတွက် အသင့် တော်ဆုံး သေ နည်း တစ်မျိုးကို ဖော်ပြ ပါမည် ။ အဲဒီ နည်း ကတော့ ဘုရားရှင် နှင့် တပည့်သား တို့ ထံ မှ ကြား နာရသည့် တရား အတိုင်း ဝေဒနာ နှင့် ငါမရောအောင် ကိုယ်တိုင် ရှု မှတ် ပွားများ ၍ သေနည်း ဖြစ် ပါသည် ။
သေခါ နီး တွင် ဝေဒနာ အမျိုးမျိုး ပေါ်လာ မည် ။ အဲဒီ အချိန်မှာ ရှု နည်း အသားကျ နေအောင် အခု ကတည်း က ဝေဒနာ ကို ငါ နှင့် မရောဘဲ ကိုယ် ညာဏ နှင့် ကိုယ် ဖြစ် ပျက် ရှု မှတ် တတ်အောင် ကြိုးစား ပြီး အကျင့် လုပ်ထား ရမည် ။ ဖြစ် ပျက် ရှုမှတ် တဲ့ အတွက် ဝေဒနာ ကို ဖြစ်တာနှင့် ပျက်တာ ပဲ သိနေမည် ။ အမှန် သိနေတဲ့ အတွက် အဝိဇ္ဖာ မလာပါ ။ သံသရာ ဝဋ် ဆင်းရဲ မှ မရုန်း ထွက် နိုင်အောင် သတ္တဝါတို့ အား အလွန် ယစ် မှုးတွေ ဝေ စေတတ်သော အာသဝေါ တရား အကုန် ချုပ်တဲ့ နည်း ၊ ဖြစ်သည် ။ ဒီလို ဝေဒနာ ကို ဖြစ် ပျက် ရှု တဲ့ အတွက် ရှုတဲ့ သူမှာ ပဋိစ္စ သမုပါဒ် တွေ ပြတ်နေ သည် ။ ဒါကြောင့် ရှု ရင်း ရှု ရင်း သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် အထိ ရောက်သွား နိုင်သည် ။)
ဓမ္မဒါန…မှတ်ချက် အချို့ စာလုံးများသည် အဆင့် ကျန်နေသည်ကို နား လည်ပေးစေချင်ပါသည်။
စာဖတ်ကြသူ ဓမ္မ မိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့သည် ။
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ ကြပါစေ…
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ..ဟု…
ဆုတောင်း ပေးရင်း…
မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်း မရှိသော…
သာသနာ့ ဟိတကာရီ.အရှင်ကုဏ္႑လ- နေသိုက်ဈာန်(လမှုး)
ဘဝ မှတ်စု မှ ကူးယူသည်။